ပြည်သူများအနေဖြင့် ရေနှင့်လျှပ်စစ်ကို ချွေတာသုံးစွဲရန် နစကဥက္ကဋ္ဌ မေတ္တာရပ်ခံ

 659

ရဲပြည့် (NP News) - မတ် ၂၃

ပြည်သူများအနေဖြင့် ရေနှင့်လျှပ်စစ်ကို ချွေတာသုံးစွဲရန် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မေတ္တာရပ်ခံထားသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မတ်လ ၂၂ ရက်ကကျင်းပသည့် ကမ္ဘာ့ရေနေ့ ၂ဝ၂၃ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားရာတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်သူများအနေဖြင့်လည်း ရေနှင့်လျှပ်စစ်ကို ချွေတာသုံးစွဲရန်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် သစ်ပင်များ စိုက်ပျိုးမှုတွင် ပါဝင်ဆောင်ရွက်ရန်၊ ရေအရင်းအမြစ်များနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများ ရှောင်ရှားကြရန် ၎င်းက မေတ္တာရပ်ခံထားခြင်းဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံသည် မြစ်ချောင်းများ၊ အင်းအိုင်များ၊ သဘာဝရေထွက်များအပါအဝင် ပုံစံအမျိုးမျိုးဖြင့် ရေချိုအရင်းအမြစ် များပြားပြီး တစ်ကမ္ဘာလုံး ရေချိုပိုင်ဆိုင်မှု၏ (၁ ဒသမ ၇)ရာခိုင်နှုန်းရှိသည့်အတွက် ရေချိုပေါများသည့် နိုင်ငံဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ဆက်လက်ပြောသည်။

ရေအရင်းအမြစ်သည် သောက်သုံးရေ နှင့် စိုက်ပျိုးမွေးမြူရေးအတွက်သာမက အရေးကြီးသည့် ကဏ္ဍဖြစ်သည့် သယ်ယူပို့ဆောင်ရေးအတွက် အရေးပါကြောင်းနှင့် ရေကြောင်းခရီးဖြင့် သွားလာခြင်း၊ ပို့ဆောင်ခြင်းများတွင် လွယ်ကူမြန်ဆန်ထိရောက်ခြင်းကြောင့် မြစ်ချောင်းများမတိမ်ကောရေး ဂရုပြုထိန်းသိမ်းကြရန်လည်း ထည့်သွင်းမှာကြားခဲ့သည်။

အဆိုပါ ပြဿနာများအား ဖြေရှင်းနိုင်ရန် အမျိုးသားအဆင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲရေးဗဟိုကော်မတီ၊ အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီ၊ အမျိုးသားသဘာဝဘေး စီမံခန့်ခွဲမှုကော်မတီတို့ကို စနစ်တကျဖွဲ့စည်းပြီး ရေနှင့်ဆက်နွယ်သည့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပမှ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

zawgyi version
ျပည္သူမ်ားအေနျဖင့္ ေရႏွင့္လွ်ပ္စစ္ကို ေခြၽတာသုံးစြဲရန္ နစကဥကၠ႒ ေမတၱာရပ္ခံ

ရဲျပည့္ (NP News) - မတ္ ၂၃

ျပည္သူမ်ားအေနျဖင့္ ေရႏွင့္လွ်ပ္စစ္ကို ေခြၽတာသုံးစြဲရန္ နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေမတၱာရပ္ခံထားသည္။

ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က မတ္လ ၂၂ ရက္ကက်င္းပသည့္ ကမာၻ႔ေရေန႔ ၂ဝ၂၃ အခမ္းအနားသို႔ တက္ေရာက္အမွာစကားေျပာၾကားရာတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ျပည္သူမ်ားအေနျဖင့္လည္း ေရႏွင့္လွ်ပ္စစ္ကို ေခြၽတာသုံးစြဲရန္၊ ပတ္ဝန္းက်င္ ထိန္းသိမ္းေရးအတြက္ သစ္ပင္မ်ား စိုက္ပ်ိဳးမႈတြင္ ပါဝင္ေဆာင္႐ြက္ရန္၊ ေရအရင္းအျမစ္မ်ားႏွင့္ ပတ္ဝန္းက်င္ထိန္းသိမ္းေရးအတြက္ စည္းကမ္းမဲ့အမႈိက္စြန႔္ပစ္မႈမ်ား ေရွာင္ရွားၾကရန္ ၎က ေမတၱာရပ္ခံထားျခင္းျဖစ္သည္။

ထို႔ျပင္ ျမန္မာႏိုင္ငံသည္ ျမစ္ေခ်ာင္းမ်ား၊ အင္းအိုင္မ်ား၊ သဘာဝေရထြက္မ်ားအပါအဝင္ ပုံစံအမ်ိဳးမ်ိဳးျဖင့္ ေရခ်ိဳအရင္းအျမစ္ မ်ားျပားၿပီး တစ္ကမာၻလုံး ေရခ်ိဳပိုင္ဆိုင္မႈ၏ (၁ ဒသမ ၇)ရာခိုင္ႏႈန္းရွိသည့္အတြက္ ေရခ်ိဳေပါမ်ားသည့္ ႏိုင္ငံျဖစ္ေၾကာင္း နစက ဥကၠ႒က ဆက္လက္ေျပာသည္။

ေရအရင္းအျမစ္သည္ ေသာက္သုံးေရ ႏွင့္ စိုက္ပ်ိဳးေမြးျမဴေရးအတြက္သာမက အေရးႀကီးသည့္ က႑ျဖစ္သည့္ သယ္ယူပို႔ေဆာင္ေရးအတြက္ အေရးပါေၾကာင္းႏွင့္ ေရေၾကာင္းခရီးျဖင့္ သြားလာျခင္း၊ ပို႔ေဆာင္ျခင္းမ်ားတြင္ လြယ္ကူျမန္ဆန္ထိေရာက္ျခင္းေၾကာင့္ ျမစ္ေခ်ာင္းမ်ားမတိမ္ေကာေရး ဂ႐ုျပဳထိန္းသိမ္းၾကရန္လည္း ထည့္သြင္းမွာၾကားခဲ့သည္။

အဆိုပါ ျပႆနာမ်ားအား ေျဖရွင္းႏိုင္ရန္ အမ်ိဳးသားအဆင့္ ပတ္ဝန္းက်င္ ထိန္းသိမ္းေရးႏွင့္ ရာသီဥတုေျပာင္းလဲေရးဗဟိုေကာ္မတီ၊ အမ်ိဳးသားအဆင့္ေရအရင္းအျမစ္ေကာ္မတီ၊ အမ်ိဳးသားသဘာဝေဘး စီမံခန႔္ခြဲမႈေကာ္မတီတို႔ကို စနစ္တက်ဖြဲ႕စည္းၿပီး ေရႏွင့္ဆက္ႏြယ္သည့္ ဝန္ႀကီးဌာနမ်ား၊ အဖြဲ႕အစည္းမ်ား၊ ႏိုင္ငံတကာ အဖြဲ႕အစည္းမ်ား၊ ျပည္တြင္းျပည္ပမွ အစိုးရမဟုတ္သည့္ အဖြဲ႕အစည္းမ်ားႏွင့္ ညႇိႏႈိင္းပူးေပါင္း ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.