မင်္ဂလာဒုံမြို့နယ်တွင် အမျိုးသားတစ်ဦး သရက်သီးတတ်ခူးရာမှ ရေကန်အတွင်း ပြုတ်ကျကာ ရေနစ်သေဆုံး

 1116

Pearl (NP News) - မတ် ၂၃

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တွင် အမျိုးသားတစ်ဦး သရက်သီးတတ်ခူးရာမှ ရေကန်အတွင်း ပြုတ်ကျကာ ရေနစ်သေဆုံးသွားခဲ့ကြောင်း နာရေးကူညီမှုအသင်း (မင်္ဂလာဒုံ)ထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (မတ်လ ၂၂ ရက်)၊ နေ့လည် (၂)နာရီ အချိန်ခန့်တွင် မင်္ဂလာဒုံမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသားသည် သရက်သီးတက်ခူးရာမှ ရေကန်အတွင်းပြုတ်ကျကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း နာရေးကူညီမှုအသင်း(မင်္ဂလာဒုံ) မြို့နယ်မှ သိရသည်။

"သရက်သီးတတ်ခူးရာကနေ ‌ရေကန်ထဲ ပြုတ်ကျတာ၊ ကန်ထဲ အမှိုက်တွေ ဝါးကိုင်းတွေ ရှိတော့ သူပြန်မတတ်တတ်ဘူး ဖြစ်သွားတာ၊ ကန်က ဘက်ဖိုးတူးထားတာဆိုတော့ ပေ (၂ဝဝ)လောက် နက်တယ်၊ ရဲတပ်ဖွဲ့နဲ့ မီးသတ်နဲ့က Dead Body ကိုဆယ်ပြီး ကျွန်တော်တို့က ဆေးရုံကို ပို့ပေးလိုက်တာပါ" ဟု နာ‌ရေး ကူညီမှုအသင်း (မင်္ဂလာဒုံ)မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

သေဆုံးသူသည် ကိုအောင်ကျော်မြင့် အသက်(၃၇)နှစ်ဖြစ်ပြီး ယခင်က မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စု၊ မြဲမြန်အောင်ရပ်ကွက်တွင် နေထိုင်ကြောင်း သိရသည်။

၎င်းရုပ်အလောင်းအား အခင်းဖြစ်ရာနေရာမှ အင်းစိန်ဆေးရုံသို့ နာရေးကူညီမှုအသင်းယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

zawgyi version
မဂၤလာဒုံၿမိဳ႕နယ္တြင္ အမ်ိဳးသားတစ္ဦး သရက္သီးတတ္ခူးရာမွ ေရကန္အတြင္း ျပဳတ္က်ကာ ေရနစ္ေသဆုံး

Pearl (NP News) - မတ္ ၂၃

ရန္ကုန္တိုင္း၊ မဂၤလာဒုံၿမိဳ႕နယ္တြင္ အမ်ိဳးသားတစ္ဦး သရက္သီးတတ္ခူးရာမွ ေရကန္အတြင္း ျပဳတ္က်ကာ ေရနစ္ေသဆုံးသြားခဲ့ေၾကာင္း နာေရးကူညီမႈအသင္း (မဂၤလာဒုံ)ထံမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (မတ္လ ၂၂ ရက္)၊ ေန႔လည္ (၂)နာရီ အခ်ိန္ခန႔္တြင္ မဂၤလာဒုံၿမိဳ႕နယ္တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါ အမ်ိဳးသားသည္ သရက္သီးတက္ခူးရာမွ ေရကန္အတြင္းျပဳတ္က်ကာ ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္း နာေရးကူညီမႈအသင္း(မဂၤလာဒုံ) ၿမိဳ႕နယ္မွ သိရသည္။

"သရက္သီးတတ္ခူးရာကေန ‌ေရကန္ထဲ ျပဳတ္က်တာ၊ ကန္ထဲ အမႈိက္ေတြ ဝါးကိုင္းေတြ ရွိေတာ့ သူျပန္မတတ္တတ္ဘူး ျဖစ္သြားတာ၊ ကန္က ဘက္ဖိုးတူးထားတာဆိုေတာ့ ေပ (၂ဝဝ)ေလာက္ နက္တယ္၊ ရဲတပ္ဖြဲ႕နဲ႔ မီးသတ္နဲ႔က Dead Body ကိုဆယ္ၿပီး ကြၽန္ေတာ္တို႔က ေဆး႐ုံကို ပို႔ေပးလိုက္တာပါ" ဟု နာ‌ေရး ကူညီမႈအသင္း (မဂၤလာဒုံ)မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

ေသဆုံးသူသည္ ကိုေအာင္ေက်ာ္ျမင့္ အသက္(၃၇)ႏွစ္ျဖစ္ၿပီး ယခင္က မဂၤလာဒုံၿမိဳ႕နယ္၊ ပ်ဥ္းမပင္ေက်း႐ြာအုပ္စု၊ ၿမဲျမန္ေအာင္ရပ္ကြက္တြင္ ေနထိုင္ေၾကာင္း သိရသည္။

၎႐ုပ္အေလာင္းအား အခင္းျဖစ္ရာေနရာမွ အင္းစိန္ေဆး႐ုံသို႔ နာေရးကူညီမႈအသင္းယာဥ္ျဖင့္ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.