ပြင်သစ်အစိုးရကပြုလုပ်မယ့် ပင်စင်စနစ် ပြောင်းလဲမယ့်အစီအစဉ်ကို မကျေနပ်တဲ့အတွက် ပြည်သူများရဲ့ဆန္ဒပြမှု အရှိန်မြင့်တက်လာပြီး ပြည်သူသန်းချီ ဆန္ဒပြခဲ့

 621

ဂျန်ဇက် (NP News) - မတ် ၂၄

ပြင်သစ်နိုင်ငံမှာ အစိုးရက ပြုလုပ်မယ့် ပင်စင်စနစ် ပြုပြင်ပြောင်းလဲရေးအစီအစဉ်နဲ့ပတ်သက်ပြီး ဆန္ဒပြပွဲ အရှိန် မြင့်တက်နေရာ မတ်လ ၂၃ ရက်က ပြုလုပ်တဲ့ နိုင်ငံတဝှမ်း ဆန္ဒပြပွဲအတွင်း လူပေါင်းသန်းချီ ပါဝင်ခဲ့ပြီး နေရာအချို့မှာ အကြမ်းဖက်မှုများ ပျံ့နှံ့ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ဆန္ဒပြပွဲများ စီစဉ်သူများက ဗြိတိန်ဘုရင်ကြီး ပြင်သစ်နိုင်ငံကိုလာရောက်မယ့် လာမယ့်သီတင်းပတ်အတွင်း နိုင်ငံတဝှမ်းဆန္ဒပြပွဲများ ပိုမိုအရှိန်မြင့်လုပ်ဆောင်ဖို့ တိုက်တွန်းတောင်းဆိုထားပါတယ်။ ပြင်သစ်နိုင်ငံ မြို့တော် ပဲရစ်မြို့အတွင်းဖြစ်ပွားတဲ့ ဆန္ဒပြပွဲမှာ လူပေါင်း ၁၁၉ဝဝဝ ဦး ပါဝင်ခဲ့ပြီး၊ အကြမ်းဖက်မှုများလည်းဖြစ်ပွားခဲ့တယ်လို့ ပြင်သစ်ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

ပြင်သစ်သမ္မတမက်ခရွန်ဟာ ပြင်သစ်နိုင်ငံအတွင်းရှိ ဝန်ထမ်းများရဲ့ အငြိမ်းစားယူခွင့်အသက်အရွယ်ကို ၆၂ နှစ် ကနေ ၆၄ နှစ်အထိ တိုးမြင့်စေမယ့်ဥပဒေမူကြမ်းကို စတင်ဖို့ လုပ်ဆောင်ခဲ့ပြီးနောက် ဆန္ဒပြပွဲများ ဖြစ်ပွားလာခဲ့ ကြောင်း သိရပါတယ်။ ပြင်သစ်ပြည်ထဲရေးဝန်ကြီးက ပင်စင်စနစ်ပြုပြင်ပြောင်းလဲမယ့်အစီအစဉ်ကို မကျေနပ်တဲ့အတွက် ဆန္ဒပြသူအရေအတွက်ဟာ နိုင်ငံတဝှမ်းအတိုင်းတာနဲ့ပတ်သက်ပြီး လူပေါင်း ၁ သန်းကျော် ဆန္ဒပြခဲ့ကြောင်း ပြောပါတယ်။

မတ်လ ၂၃ ရက်ကဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲမှာ ပြည်သူတွေဟာ အများပြည်ပိုင်နေရာတွေ၊ကို ဝန်းရံခြင်းမျိုးဖြစ်ခဲ့ကြောင်း ပဲရစ်မြို့ရှိ အချို့နေရာတွေမှာ မီးရှို့မှုများဖြစ်ခဲ့ကြောင်း၊ ဗြိတိန်ဘုရင့်ကြီး လာရောက်ချိန်မှာ လုံခြုံရေးနဲ့ပတ်သက်ပြီး စိုးရိမ်စရာမလိုဘဲကောင်းမွန်စွာ ကြိုဆိုသွားမှာဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး Gerald Darmanin က ပြောပါတယ်။

ဆန္ဒပြပွဲအတွင်း Bordeaux City မြို့တော်ခန်းမရဲ့သစ်သားတံခါးကိုလည်း မီးရှို့ဖျက်ဆီးမှုများရှိခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ က ဆန္ဒပြသူများကိုလူစုခွဲဖို့ကြိုးပမ်းခဲ့ရပြီး မျက်ရည်ယိုဗုံးများ၊ နံပတ်တုတ်များ အသုံးပြုခဲ့ရကြောငး ပြင်သစ်မီဒီယာတွေ က ဖော်ပြပါတယ်။

အစိုးရဟာ ပင်စင်ဥပဒေ ပြောင်းလဲမယ့် ဥပဒေမူကြမ်းကိုလွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်ခြင်းမျိုးမရှိဘဲ အတည်ပြုနိုင်ဖို့ ကြိုးပမ်းနေခြင်းနဲ့ပတ်သက်ပြီး သမ္မတမက်ခရွန်ရဲ့လုပ်ရပ်ကို ပြည်သူများက ဝေဖန်ပြစ်တင်နေကြောင်း သိရပါတယ်။

Zawgyi Version;
ျပင္သစ္အစိုးရကျပဳလုပ္မယ့္ ပင္စင္စနစ္ ေျပာင္းလဲမယ့္အစီအစဥ္ကို မေက်နပ္တဲ့အတြက္ ျပည္သူမ်ားရဲ႕ဆႏၵျပမႈ အရွိန္ျမင့္တက္လာၿပီး ျပည္သူသန္းခ်ီ ဆႏၵျပခဲ့
ဂ်န္ဇက္ (NP News) - မတ္ ၂၄

ျပင္သစ္ႏိုင္ငံမွာ အစိုးရက ျပဳလုပ္မယ့္ ပင္စင္စနစ္ ျပဳျပင္ေျပာင္းလဲေရးအစီအစဥ္နဲ႔ပတ္သက္ၿပီး ဆႏၵျပပြဲ အရွိန္ ျမင့္တက္ေနရာ မတ္လ ၂၃ ရက္က ျပဳလုပ္တဲ့ ႏိုင္ငံတဝွမ္း ဆႏၵျပပြဲအတြင္း လူေပါင္းသန္းခ်ီ ပါဝင္ခဲ့ၿပီး ေနရာအခ်ိဳ႕မွာ အၾကမ္းဖက္မႈမ်ား ပ်ံ႕ႏွံ႔ျဖစ္ပြားခဲ့ေၾကာင္း သိရပါတယ္။

ဆႏၵျပပြဲမ်ား စီစဥ္သူမ်ားက ၿဗိတိန္ဘုရင္ႀကီး ျပင္သစ္ႏိုင္ငံကိုလာေရာက္မယ့္ လာမယ့္သီတင္းပတ္အတြင္း ႏိုင္ငံတဝွမ္းဆႏၵျပပြဲမ်ား ပိုမိုအရွိန္ျမင့္လုပ္ေဆာင္ဖို႔ တိုက္တြန္းေတာင္းဆိုထားပါတယ္။ ျပင္သစ္ႏိုင္ငံ ၿမိဳ႕ေတာ္ ပဲရစ္ၿမိဳ႕အတြင္းျဖစ္ပြားတဲ့ ဆႏၵျပပြဲမွာ လူေပါင္း ၁၁၉ဝဝဝ ဦး ပါဝင္ခဲ့ၿပီး၊ အၾကမ္းဖက္မႈမ်ားလည္းျဖစ္ပြားခဲ့တယ္လို႔ ျပင္သစ္ျပည္ထဲေရးဝန္ႀကီးက ေျပာပါတယ္။

ျပင္သစ္သမၼတမက္ခ႐ြန္ဟာ ျပင္သစ္ႏိုင္ငံအတြင္းရွိ ဝန္ထမ္းမ်ားရဲ႕ အၿငိမ္းစားယူခြင့္အသက္အ႐ြယ္ကို ၆၂ ႏွစ္ ကေန ၆၄ ႏွစ္အထိ တိုးျမင့္ေစမယ့္ဥပေဒမူၾကမ္းကို စတင္ဖို႔ လုပ္ေဆာင္ခဲ့ၿပီးေနာက္ ဆႏၵျပပြဲမ်ား ျဖစ္ပြားလာခဲ့ ေၾကာင္း သိရပါတယ္။ ျပင္သစ္ျပည္ထဲေရးဝန္ႀကီးက ပင္စင္စနစ္ျပဳျပင္ေျပာင္းလဲမယ့္အစီအစဥ္ကို မေက်နပ္တဲ့အတြက္ ဆႏၵျပသူအေရအတြက္ဟာ ႏိုင္ငံတဝွမ္းအတိုင္းတာနဲ႔ပတ္သက္ၿပီး လူေပါင္း ၁ သန္းေက်ာ္ ဆႏၵျပခဲ့ေၾကာင္း ေျပာပါတယ္။

မတ္လ ၂၃ ရက္ကျဖစ္ခဲ့တဲ့ ဆႏၵျပပြဲမွာ ျပည္သူေတြဟာ အမ်ားျပည္ပိုင္ေနရာေတြ၊ကို ဝန္းရံျခင္းမ်ိဳးျဖစ္ခဲ့ေၾကာင္း ပဲရစ္ၿမိဳ႕ရွိ အခ်ိဳ႕ေနရာေတြမွာ မီးရႈိ႕မႈမ်ားျဖစ္ခဲ့ေၾကာင္း၊ ၿဗိတိန္ဘုရင့္ႀကီး လာေရာက္ခ်ိန္မွာ လုံၿခဳံေရးနဲ႔ပတ္သက္ၿပီး စိုးရိမ္စရာမလိုဘဲေကာင္းမြန္စြာ ႀကိဳဆိုသြားမွာျဖစ္ေၾကာင္း ျပည္ထဲေရးဝန္ႀကီး Gerald Darmanin က ေျပာပါတယ္။

ဆႏၵျပပြဲအတြင္း Bordeaux City ၿမိဳ႕ေတာ္ခန္းမရဲ႕သစ္သားတံခါးကိုလည္း မီးရႈိ႕ဖ်က္ဆီးမႈမ်ားရွိခဲ့ေၾကာင္း၊ ရဲတပ္ဖြဲ႕ က ဆႏၵျပသူမ်ားကိုလူစုခြဲဖို႔ႀကိဳးပမ္းခဲ့ရၿပီး မ်က္ရည္ယိုဗုံးမ်ား၊ နံပတ္တုတ္မ်ား အသုံးျပဳခဲ့ရေၾကာငး ျပင္သစ္မီဒီယာေတြ က ေဖာ္ျပပါတယ္။

အစိုးရဟာ ပင္စင္ဥပေဒ ေျပာင္းလဲမယ့္ ဥပေဒမူၾကမ္းကိုလႊတ္ေတာ္အတြင္း မဲခြဲဆုံးျဖတ္ျခင္းမ်ိဳးမရွိဘဲ အတည္ျပဳႏိုင္ဖို႔ ႀကိဳးပမ္းေနျခင္းနဲ႔ပတ္သက္ၿပီး သမၼတမက္ခ႐ြန္ရဲ႕လုပ္ရပ္ကို ျပည္သူမ်ားက ေဝဖန္ျပစ္တင္ေနေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.