လျှပ်စစ်ဓာတ်အားကို မသမာသောနည်းဖြင့် သုံးစွဲသူများအား ဥပဒေအရ အရေးယူမည်ဟု YESC ထုတ်ပြန်

 1589

Pearl (NP News) - မတ် ၂၄

လျှပ်စစ်ဓာတ်အားကို မသမာသောနည်းဖြင့် သုံးစွဲသူများအား ကွင်းဆင်းစစ်ဆေး၍ ဥပဒေအရ အရေးယူမည်ဖြစ် ကြောင်း YESC မှ အသိပေးထုတ်ပြန်ထားသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)မှ ယနေ့ (မတ်လ ၂၄ ရက်) တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။

လျှပ်စစ်ဓာတ်အားကို တရားဝင် ဓာတ်အားသုံးစွဲခွင့်ပြုထားသော ပြည်သူအချို့နှင့် တရားဝင်ဓာတ်အားသုံးစွဲခွင့် မရရှိသေးသော ပြည်သူ အချို့သည် မသမာသောနည်းဖြင့် တရားမဝင်သုံးစွဲမှုများ ပြုလုပ်လျက်ရှိနေကြောင်း YESC မှ ဆိုထားသည်။

လျှပ်စစ်ဓာတ်အားကို မသမာသောနည်းဖြင့် ဓာတ်အားသုံးစွဲသူများကြောင့် ဓာတ်အားပျောက်ဆုံးမှုများ အပါအဝင် ဗို့အားကျဆင်းမှုများ၊ ထရန်စဖော်မာများမှာ ဝန်အားမနိုင်နင်းမှုကြောင့် လောင်ကျွမ်းပျက်စီးမှုများ၊ ဓာတ်လိုက်မှု အန္တရာယ်များ ၊ မီးဘေးအန္တရာယ်များနှင့် နိုင်ငံတော်၏ လျှပ်စစ်ကဏ္ဍတွင် ဝင်ငွေလျော့နည်းကျဆင်းမှုများ ဖြစ်ပေါ် နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် သက်ဆိုင်ရာမြို့နယ်များမှလည်း အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးမည်ဖြစ်ပြီး တရားမဝင်ဓာတ်အား သုံးစွဲမှု နည်းလမ်းတစ်ခုခုကို ဖောက်ဖျက်ကျူးလွန်ကြောင်းတွေ့ရှိပါက သုံးစွဲသူကာယကံရှင်နှင့်အတူ ပူးပေါင်းကြံစည် ပါဝင် လုပ်ဆောင်သူများအား အရေးယူမည်ဖြစ်ကြောင်း သိရသည်။

အရေးယူရာတွင် ထိုသို့လုပ်ဆောင်သူများအား ဓာတ်အားဖြတ်တောက်ခြင်း၊ လျော်ကြေးငွေကို တပ်ဆင်ဝန်အား အရ တွက်ချက်တောင်းခံခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် (၂ဝ၁၄) ခုနှစ် လျှပ်စစ်ဥပဒေပုဒ်မ ( ၅၂ )၊ (၅၃)အရ အမှုဖွင့်တရားစွဲဆိုခြင်းခံရမည်ဖြစ်ပြီး ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ငွေဒဏ်အပြင် အနည်းဆုံးငါးနှစ်မှ အများဆုံးဆယ်နှစ်အထိ ထောင်ဒဏ်ချမှတ်ခံရမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

zawgyi version
လွ်ပ္စစ္ဓာတ္အားကို မသမာေသာနည္းျဖင့္ သုံးစြဲသူမ်ားအား ဥပေဒအရ အေရးယူမည္ဟု YESC ထုတ္ျပန္
Pearl (NP News) - မတ္ ၂၄

လွ်ပ္စစ္ဓာတ္အားကို မသမာေသာနည္းျဖင့္ သုံးစြဲသူမ်ားအား ကြင္းဆင္းစစ္ေဆး၍ ဥပေဒအရ အေရးယူမည္ျဖစ္ ေၾကာင္း YESC မွ အသိေပးထုတ္ျပန္ထားသည္။

ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရးရွင္း (YESC)မွ ယေန႔ (မတ္လ ၂၄ ရက္) တြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။

လွ်ပ္စစ္ဓာတ္အားကို တရားဝင္ ဓာတ္အားသုံးစြဲခြင့္ျပဳထားေသာ ျပည္သူအခ်ိဳ႕ႏွင့္ တရားဝင္ဓာတ္အားသုံးစြဲခြင့္ မရရွိေသးေသာ ျပည္သူ အခ်ိဳ႕သည္ မသမာေသာနည္းျဖင့္ တရားမဝင္သုံးစြဲမႈမ်ား ျပဳလုပ္လ်က္ရွိေနေၾကာင္း YESC မွ ဆိုထားသည္။

လွ်ပ္စစ္ဓာတ္အားကို မသမာေသာနည္းျဖင့္ ဓာတ္အားသုံးစြဲသူမ်ားေၾကာင့္ ဓာတ္အားေပ်ာက္ဆုံးမႈမ်ား အပါအဝင္ ဗို႔အားက်ဆင္းမႈမ်ား၊ ထရန္စေဖာ္မာမ်ားမွာ ဝန္အားမႏိုင္နင္းမႈေၾကာင့္ ေလာင္ကြၽမ္းပ်က္စီးမႈမ်ား၊ ဓာတ္လိုက္မႈ အႏၲရာယ္မ်ား ၊ မီးေဘးအႏၲရာယ္မ်ားႏွင့္ ႏိုင္ငံေတာ္၏ လွ်ပ္စစ္က႑တြင္ ဝင္ေငြေလ်ာ့နည္းက်ဆင္းမႈမ်ား ျဖစ္ေပၚ ေနေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထို႔ေၾကာင့္ သက္ဆိုင္ရာၿမိဳ႕နယ္မ်ားမွလည္း အဖြဲ႕ျဖင့္ ကြင္းဆင္းစစ္ေဆးမည္ျဖစ္ၿပီး တရားမဝင္ဓာတ္အား သုံးစြဲမႈ နည္းလမ္းတစ္ခုခုကို ေဖာက္ဖ်က္က်ဴးလြန္ေၾကာင္းေတြ႕ရွိပါက သုံးစြဲသူကာယကံရွင္ႏွင့္အတူ ပူးေပါင္းႀကံစည္ ပါဝင္ လုပ္ေဆာင္သူမ်ားအား အေရးယူမည္ျဖစ္ေၾကာင္း သိရသည္။

အေရးယူရာတြင္ ထိုသို႔လုပ္ေဆာင္သူမ်ားအား ဓာတ္အားျဖတ္ေတာက္ျခင္း၊ ေလ်ာ္ေၾကးေငြကို တပ္ဆင္ဝန္အား အရ တြက္ခ်က္ေတာင္းခံျခင္းမ်ား ျပဳလုပ္မည္ျဖစ္ေၾကာင္း သိရသည္။

ထို႔အျပင္ (၂ဝ၁၄) ခုႏွစ္ လွ်ပ္စစ္ဥပေဒပုဒ္မ ( ၅၂ )၊ (၅၃)အရ အမႈဖြင့္တရားစြဲဆိုျခင္းခံရမည္ျဖစ္ၿပီး ျပစ္မႈထင္ရွား စီရင္ျခင္းခံရလွ်င္ ေငြဒဏ္အျပင္ အနည္းဆုံးငါးႏွစ္မွ အမ်ားဆုံးဆယ္ႏွစ္အထိ ေထာင္ဒဏ္ခ်မွတ္ခံရမည္ျဖစ္ေၾကာင္း အသိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.