ရိုးမဘဏ်မှ ငွေထုတ်ပြီးပြန်လာသော လင်မယား(၂)ဦးအား လက်နက်ပြ ခြိမ်းခြောက်လုယက်မှု မုံရွာမြို့တွင် ဖြစ်ပွား

 1738

Pearl (NP News) - မတ် ၂၄

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ရိုးမဘဏ်မှ ငွေထုတ်ပြီးပြန်လာသော လင်မယား(၂)ဦးထံမှ လက်နက်ပြ ခြိမ်းခြောက် လုယက်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းအရင်းမြစ်မှ NP News ကို ပြောသည်။

ဖြစ်စဉ်မှာ ယနေ့ (မတ်လ ၂၄ ရက်) ၊ ၁ဝ နာရီ အချိန်ခန့်တွင် မုံရွာမြို့၊ ဘုန်းစိုးကြီးရပ်ကွက် မြောက်ပိုင်း၊ ရတနာပုံ စျေးအနီး၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မုံရွာမြို့၊ ရိုးမဘဏ်မှ လင်မယား(၂)ဦးသည် ငွေကျပ် (၃၅) သိန်း ထုတ်ပြီး အဆိုပါပိုက်ဆံအား ဆိုင်ကယ် Tool Box တွင် ထား၍ ဘူတာရုံလမ်း၊ ကျောက်ကန်လမ်းမီးပွိုင့်မှ ကုလားသင်္ချိုင်းအဟောင်း အနောက်ဖက်ရှိ ရတနာပုံစျေးသို့ သွားသည့်လမ်းအတိုင်း မောင်းနှင်လာခဲ့ကြောင်း သိရသည်။

ထိုသို့မောင်းနှင်လာစဉ် ရတနာပုံစျေးအနီး ဘုန်းစိုး ရေကန်အရောက်၌ အရပ်ဝတ်ဖြင့် သေနတ် ကိုင်ဆောင်ထား သူ (၇)ဦးမှ ဆိုင်ကယ်အား တား၍ စစ်ဆေးကာ ပိုက်ဆံထုပ်အား လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။

"စျေးမရောက်ခင် ဘုန်းစိုးကန် ရေကန်ကြီး ရှိတယ်၊ ရေကန်ကြီးရောက်တော့ လူ ၇ ယောက် သေနတ်တွေနဲ့ အရပ်ဝတ်အရပ်စားတွေနဲ့ ဆိုင်ကယ်ရပ်ခိုင်းပြီးတော့ အကုန်လုံး သူတို့ကို စစ်တာကြောတာလုပ်တာပေါ့၊ လုပ်ပြီး တော့ Tool Box တွေ ဘာတွေ လှန်ခိုင်းတော့ ပိုက်ဆံထုပ် တွေ့သွားတော့ ပိုက်ဆံထုပ်ယူထားလိုက်ပြီး မင်းတို့ သွားတော့လို့ပြောရော၊ သူတို့ကလည်း ပိုက်ဆံထုပ် ယူသွားတော့ ထွက်လာရတာပေါ့ နောက်ပြန်လှည့်ကြည့်တော့ သူတို့က လစ်သွားပြီတဲ့" ဟု အဆိုပါ သတင်းရင်းမြစ်မှ ပြောသည်။

အဆိုပါ အနုကြမ်းစီးခံရသူ လင်မယားမှာ မုံရွာမြို့ပေါ်တွင် နေထိုင်သူများ ဖြစ်ပြီး Wave Money Agent လုပ်ငန်း လုပ်ကိုင်သူများ ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
Pearl (NP News) - မတ် ၂၄


ဖြစ်စဉ်မှာ ယနေ့ (မတ်လ ၂၄ ရက်) ၊ ၁ဝ နာရီ အချိန်ခန့်တွင် မုံရွာမြို့၊ ဘုန်းစိုးကြီးရပ်ကွက် မြောက်ပိုင်း၊ ရတနာပုံ ဈေးအနီး၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မုံရွာမြို့၊ ရိုးမဘဏ်မှ လင်မယား(၂)ဦးသည် ငွေကျပ် (၃၅) သိန်း ထုတ်ပြီး အဆိုပါပိုက်ဆံအား ဆိုင်ကယ် Tool Box တွင် ထား၍ ဘူတာရုံလမ်း၊ ကျောက်ကန်လမ်းမီးပွိုင့်မှ ကုလားသင်္ချိုင်းအဟောင်း အနောက်ဖက်ရှိ ရတနာပုံဈေးသို့ သွားသည့်လမ်းအတိုင်း မောင်းနှင်လာခဲ့ကြောင်း သိရသည်။

ထိုသို့မောင်းနှင်လာစဉ် ရတနာပုံဈေးအနီး ဘုန်းစိုး ရေကန်အရောက်၌ အရပ်ဝတ်ဖြင့် သေနတ် ကိုင်ဆောင်ထား သူ (၇)ဦးမှ ဆိုင်ကယ်အား တား၍ စစ်ဆေးကာ ပိုက်ဆံထုပ်အား လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။

"ဈေးမရောက်ခင် ဘုန်းစိုးကန် ရေကန်ကြီး ရှိတယ်၊ ရေကန်ကြီးရောက်တော့ လူ ၇ ယောက် သေနတ်တွေနဲ့ အရပ်ဝတ်အရပ်စားတွေနဲ့ ဆိုင်ကယ်ရပ်ခိုင်းပြီးတော့ အကုန်လုံး သူတို့ကို စစ်တာကြောတာလုပ်တာပေါ့၊ လုပ်ပြီး တော့ Tool Box တွေ ဘာတွေ လှန်ခိုင်းတော့ ပိုက်ဆံထုပ် တွေ့သွားတော့ ပိုက်ဆံထုပ်ယူထားလိုက်ပြီး မင်းတို့ သွားတော့လို့ပြောရော၊ သူတို့ကလည်း ပိုက်ဆံထုပ် ယူသွားတော့ ထွက်လာရတာပေါ့ နောက်ပြန်လှည့်ကြည့်တော့ သူတို့က လစ်သွားပြီတဲ့" ဟု အဆိုပါ သတင်းရင်းမြစ်မှ ပြောသည်။


Related news

© 2021. All rights reserved.