ဦးကိုကိုကြီး ဦးဆောင်သောပြည်သူ့ပါတီ ရွေးကောက်ပွဲကော်မရှင်၌ မှတ်ပုံတင်ပြန်လည်လျှောက်ထား

 982

မျိုးကြီး (NP News) - မတ် ၂၄

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး ဦးဆောင်သော ပြည်သူ့ပါတီသည် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်၌ မှတ်ပုံတင်ပြန်လျှောက်ထားခဲ့ကြောင်း သတင်းရရှိသည်။

ပြည်သူ့ပါတီအနေဖြင့် ယနေ့(မတ်လ ၂၄ ရက်) နေ့လည် ၂ နာရီအချိန်ခန့်တွင် ကော်မရှင်၌ မှတ်ပုံတင်ပြန်လည်လျှောက် ထားခဲ့ကြောင်း အတွင်းရေးမှူးဦးကျော်လင်းက NP News ကို အတည်ပြု ပြောသည်။

“ဒီနေ့ ၂ နာရီလောက်က တင်လိုက်ပါတယ်။ တစ်နိုင်ငံလုံးက စည်းရုံးမယ့် ပြည်ထောင်စုအဆင့်ပါတီအဖြစ် တင်လိုက်ပါတယ်။ တင်တဲ့နေရာမှာ ဘာမှ အခက်အခဲမရှိပါဘူး။ ယခင်ပါတီဟောင်းက တင်ပြီးသားဆိုတော့ သိပ်ပြီးတော့ ပြဿနာမရှိပါဘူး။ သို့သော် သူတို့ လိုအပ်တဲ့စာရွက်စာတမ်းစစ်ဆေးပြီးတဲ့အခါမှာ ပြီးသွားပါတယ်” ဟု ပြည်သူ့ပါတီမှ အတွင်းရေးမှူးဖြစ်သူ ဦးကျော်လင်းက ပြောသည်။

ပြည်သူ့ပါတီအား တစ်နိုင်ငံလုံးစည်းရုံးမည့် ပြည်ထောင်စုအဆင့်ပါတီအဖြစ် မှတ်ပုံတင်လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ဦးကိုကိုကြီး ဦးဆောင်ကာ ပါတီတည်ထောင်လိုသူ(၁၇)ဦးဖြင့် မှတ်ပုံတင်လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ကတော့ မူလကတည်းက ပါတီဖြစ်တဲ့အတွက် ပါတီဝင်စုဆောင်းရေးပေါ့ အဲဒါတွေ ဆက်လက်ပြီးတော့ ဆောင်ရွက်နေပါတယ်။ အခုလည်း ပါတီဝင်အင်အား တစ်သိန်းကျော်လွန်အောင် စည်းရုံးရေးလုပ်ငန်းတွေကို မြို့နယ်အသီးသီးမှာ လုပ်ဆောင်နေပါတယ်” ဟု ဦးကျော်လင်းက ဆက်လက်ပြောသည်။

မအူပင်ဦးစိန်ဝင်း ဦးဆောင်သည့် အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီ(NUDP) သည် ပြည်သူ့ပါတီနှင့်ပူးပေါင်းခဲ့ပြီး တစ်နိုင်ငံလုံးစည်းရုံးမည့် ပါတီဖြစ်ရေးအတွက် ပါတီဝင်စည်းရုံးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်သူ့ပါတီအား ပြည်သူလူထုတစ်ရပ်လုံး၏ လက်ဝယ်သို့ အပ်ကြောင်းနှင့် အားနည်းချက်၊ ချို့ယွင်းချက်များရှိပါကလည်း ဝေဖန်ထောက်ပြနိုင်ကြောင်း ဦးကိုကိုကြီးက ဖွင့်ဟပြောဆိုထားသည်။

လက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၌ မှတ်ပုံတင်လျှောက်ထားသည့် နိုင်ငံရေးပါတီမှာ (၄ဝ) ထက်မနည်း ရှိနေပြီဖြစ်ကာ လာမည့် မတ်လ ၂၈ ရက်တွင် ပါတီမှတ်ပုံတင်လျှောက်ထားခွင့် ကုန်ဆုံးမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ဦးကိုကိုႀကီး ဦးေဆာင္ေသာျပည္သူ႔ပါတီ ေ႐ြးေကာက္ပြဲေကာ္မရွင္၌ မွတ္ပုံတင္ျပန္လည္ေလွ်ာက္ထား
မ်ိဳးႀကီး (NP News) - မတ္ ၂၄

၈၈ မ်ိဳးဆက္ေက်ာင္းသားေခါင္းေဆာင္ ဦးကိုကိုႀကီး ဦးေဆာင္ေသာ ျပည္သူ႔ပါတီသည္ ျပည္ေထာင္စုေ႐ြးေကာက္ ပြဲေကာ္မရွင္၌ မွတ္ပုံတင္ျပန္ေလွ်ာက္ထားခဲ့ေၾကာင္း သတင္းရရွိသည္။

ျပည္သူ႔ပါတီအေနျဖင့္ ယေန႔(မတ္လ ၂၄ ရက္) ေန႔လည္ ၂ နာရီအခ်ိန္ခန႔္တြင္ ေကာ္မရွင္၌ မွတ္ပုံတင္ျပန္လည္ေလွ်ာက္ ထားခဲ့ေၾကာင္း အတြင္းေရးမႉးဦးေက်ာ္လင္းက NP News ကို အတည္ျပဳ ေျပာသည္။

“ဒီေန႔ ၂ နာရီေလာက္က တင္လိုက္ပါတယ္။ တစ္ႏိုင္ငံလုံးက စည္း႐ုံးမယ့္ ျပည္ေထာင္စုအဆင့္ပါတီအျဖစ္ တင္လိုက္ပါတယ္။ တင္တဲ့ေနရာမွာ ဘာမွ အခက္အခဲမရွိပါဘူး။ ယခင္ပါတီေဟာင္းက တင္ၿပီးသားဆိုေတာ့ သိပ္ၿပီးေတာ့ ျပႆနာမရွိပါဘူး။ သို႔ေသာ္ သူတို႔ လိုအပ္တဲ့စာ႐ြက္စာတမ္းစစ္ေဆးၿပီးတဲ့အခါမွာ ၿပီးသြားပါတယ္” ဟု ျပည္သူ႔ပါတီမွ အတြင္းေရးမႉးျဖစ္သူ ဦးေက်ာ္လင္းက ေျပာသည္။

ျပည္သူ႔ပါတီအား တစ္ႏိုင္ငံလုံးစည္း႐ုံးမည့္ ျပည္ေထာင္စုအဆင့္ပါတီအျဖစ္ မွတ္ပုံတင္ေလွ်ာက္ထားခဲ့ျခင္းျဖစ္ၿပီး ဦးကိုကိုႀကီး ဦးေဆာင္ကာ ပါတီတည္ေထာင္လိုသူ(၁၇)ဦးျဖင့္ မွတ္ပုံတင္ေလွ်ာက္ထားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ကြၽန္ေတာ္တို႔ကေတာ့ မူလကတည္းက ပါတီျဖစ္တဲ့အတြက္ ပါတီဝင္စုေဆာင္းေရးေပါ့ အဲဒါေတြ ဆက္လက္ၿပီးေတာ့ ေဆာင္႐ြက္ေနပါတယ္။ အခုလည္း ပါတီဝင္အင္အား တစ္သိန္းေက်ာ္လြန္ေအာင္ စည္း႐ုံးေရးလုပ္ငန္းေတြကို ၿမိဳ႕နယ္အသီးသီးမွာ လုပ္ေဆာင္ေနပါတယ္” ဟု ဦးေက်ာ္လင္းက ဆက္လက္ေျပာသည္။

မအူပင္ဦးစိန္ဝင္း ဦးေဆာင္သည့္ အမ်ိဳးသားညီၫြတ္ေသာဒီမိုကရက္တစ္ပါတီ(NUDP) သည္ ျပည္သူ႔ပါတီႏွင့္ပူးေပါင္းခဲ့ၿပီး တစ္ႏိုင္ငံလုံးစည္း႐ုံးမည့္ ပါတီျဖစ္ေရးအတြက္ ပါတီဝင္စည္း႐ုံးေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ျပည္သူ႔ပါတီအား ျပည္သူလူထုတစ္ရပ္လုံး၏ လက္ဝယ္သို႔ အပ္ေၾကာင္းႏွင့္ အားနည္းခ်က္၊ ခ်ိဳ႕ယြင္းခ်က္မ်ားရွိပါကလည္း ေဝဖန္ေထာက္ျပႏိုင္ေၾကာင္း ဦးကိုကိုႀကီးက ဖြင့္ဟေျပာဆိုထားသည္။

လက္ရွိတြင္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္၌ မွတ္ပုံတင္ေလွ်ာက္ထားသည့္ ႏိုင္ငံေရးပါတီမွာ (၄ဝ) ထက္မနည္း ရွိေနၿပီျဖစ္ကာ လာမည့္ မတ္လ ၂၈ ရက္တြင္ ပါတီမွတ္ပုံတင္ေလွ်ာက္ထားခြင့္ ကုန္ဆုံးမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.