သန်လျင်မြို့၌ BIZ Law Consult Myanmar ၏ CEO အား အကြမ်းဖက်သမားနှစ်ဦးမှ သေနတ်ဖြင့် (၁၄)ချက် ထက်မနည်း ပစ်ခတ်ကာ လုပ်ကြံသတ်ဖြတ်

6210

NP News - မတ် ၂၄
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၌ BIZ Law Consult Myanmar ၏ CEO (ဥပဒေအကြံပေး) အား အကြမ်းဖက်သမားနှစ်ဦး မှ သေနတ်ဖြင့် (၁၄)ချက်ထက်မနည်း ပစ်ခတ်ကာ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(မတ်လ ၂၄ ရက်) နေ့လည် ၁ နာရီအချိန်ခန့်တွင် သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်၊ ဖွံ့ဖြိုးရေးလမ်းဆုံအနီး၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း အခင်းဖြစ်ပွားရာနေရာရှိ ဒေသခံတစ်ဦးက NP News ကို အတည်ပြုပြောဆိုထားသည်။
BIZ Law Consult Myanmar ၏ CEO၊ ဥပဒေအကြံပေးလုပ်ကိုင်သူ ဦးမင်းတေဇာညွန့်တင်သည် ကားဖြင့် နေအိမ်ပြန်သို့ပြန်လာစဉ်အချိန် ဖွံ့ဖြိုးရေးလမ်းဆုံအနီးအရောက်တွင် လမ်းလျှောက်လာသည့် အကြမ်းဖက်သမားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါဒေသခံက ဆက်လက်ပြောသည်။
အကြမ်းဖက်သမားနှစ်ဦးမှ ဦးမင်းတေဇာညွန့်တင်အား သေနတ်ဖြင့် (၁၄)ချက်ထက်မနည်း ပစ်ခတ်လုပ်ကြံခဲ့ခြင်းဖြစ်ပြီး ၎င်းမှာ ခန္ဓာကိုယ်အနှံ့ ကျည်ဖောက်ဝင်ဒဏ်ရာများရရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။
“မြန်မာနိုင်ငံရဲ့ မြန်မာနိုင်ငံသားဥပဒေပညာရှင် ဆုံးရှုံးသွားတာပေါ့။ သူဟာ မူပိုင်ခွင့်နဲ့ပတ်သက်တဲ့ အရေးကိစ္စတွေမှာ ဥပဒေပညာရှင်တစ်ယောက်အနေနဲ့ ပါဝင်လှုပ်ရှားခဲ့သူလည်းဖြစ်တယ်။ တော်တော် စိတ်မကောင်းဖြစ်ရတယ်။ မနက်ဖြန်မှာ သူ့သားရှင်ပြုပွဲရှိတာကို ဒီနေ့မှာ လုပ်ကြံသတ်ဖြတ်တယ်ဆိုတာက အရမ်းကို အောက်တန်းကျပြီးတော့ လူစိတ်ကင်းမဲ့လွန်းပါတယ်” ဦးမင်းတေဇာညွန့်တင်၏ မိတ်ဆွေဖြစ်သူက NP News ကို မှတ်ချက်ပြု ပြောဆို ထားသည်။
ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးမင်းတေဇာညွန့်တင်အား သန်လျင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ်အချိန်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဦးမင်းတေဇာညွန့်တင်အား လုပ်ကြံသတ်ဖြတ်ခဲ့သူများကို ဖမ်းဆီးရရှိရေးအတွက် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေးလျက်ရှိကြောင်းလည်း ဒေသခံတစ်ဦးက အသိပေးပြောဆိုထားသည်။

Zawgyi Version;
သန္လ်င္ၿမိဳ႕၌ BIZ Law Consult Myanmar ၏ CEO အား အၾကမ္းဖက္သမားႏွစ္ဦးမွ ေသနတ္ျဖင့္ (၁၄)ခ်က္ ထက္မနည္း ပစ္ခတ္ကာ လုပ္ႀကံသတ္ျဖတ္
NP News - မတ္ ၂၄
ရန္ကုန္တိုင္း၊ သန္လ်င္ၿမိဳ႕နယ္၌ BIZ Law Consult Myanmar ၏ CEO (ဥပေဒအႀကံေပး) အား အၾကမ္းဖက္သမားႏွစ္ဦး မွ ေသနတ္ျဖင့္ (၁၄)ခ်က္ထက္မနည္း ပစ္ခတ္ကာ လုပ္ႀကံသတ္ျဖတ္ခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔(မတ္လ ၂၄ ရက္) ေန႔လည္ ၁ နာရီအခ်ိန္ခန႔္တြင္ သန္လ်င္ၿမိဳ႕နယ္၊ အမႈထမ္းရပ္ကြက္၊ ဖြံ႕ၿဖိဳးေရးလမ္းဆုံအနီး၌ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ေၾကာင္း အခင္းျဖစ္ပြားရာေနရာရွိ ေဒသခံတစ္ဦးက NP News ကို အတည္ျပဳေျပာဆိုထားသည္။
BIZ Law Consult Myanmar ၏ CEO၊ ဥပေဒအႀကံေပးလုပ္ကိုင္သူ ဦးမင္းေတဇာၫြန႔္တင္သည္ ကားျဖင့္ ေနအိမ္ျပန္သို႔ျပန္လာစဥ္အခ်ိန္ ဖြံ႕ၿဖိဳးေရးလမ္းဆုံအနီးအေရာက္တြင္ လမ္းေလွ်ာက္လာသည့္ အၾကမ္းဖက္သမားႏွစ္ဦးက ေသနတ္ျဖင့္ ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း အထက္ပါေဒသခံက ဆက္လက္ေျပာသည္။
အၾကမ္းဖက္သမားႏွစ္ဦးမွ ဦးမင္းေတဇာၫြန႔္တင္အား ေသနတ္ျဖင့္ (၁၄)ခ်က္ထက္မနည္း ပစ္ခတ္လုပ္ႀကံခဲ့ျခင္းျဖစ္ၿပီး ၎မွာ ခႏၶာကိုယ္အႏွံ႔ က်ည္ေဖာက္ဝင္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း ၎က ဆက္လက္ေျပာသည္။
“ျမန္မာႏိုင္ငံရဲ႕ ျမန္မာႏိုင္ငံသားဥပေဒပညာရွင္ ဆုံးရႈံးသြားတာေပါ့။ သူဟာ မူပိုင္ခြင့္နဲ႔ပတ္သက္တဲ့ အေရးကိစၥေတြမွာ ဥပေဒပညာရွင္တစ္ေယာက္အေနနဲ႔ ပါဝင္လႈပ္ရွားခဲ့သူလည္းျဖစ္တယ္။ ေတာ္ေတာ္ စိတ္မေကာင္းျဖစ္ရတယ္။ မနက္ျဖန္မွာ သူ႔သားရွင္ျပဳပြဲရွိတာကို ဒီေန႔မွာ လုပ္ႀကံသတ္ျဖတ္တယ္ဆိုတာက အရမ္းကို ေအာက္တန္းက်ၿပီးေတာ့ လူစိတ္ကင္းမဲ့လြန္းပါတယ္” ဦးမင္းေတဇာၫြန႔္တင္၏ မိတ္ေဆြျဖစ္သူက NP News ကို မွတ္ခ်က္ျပဳ ေျပာဆို ထားသည္။
ထိုသို႔ ပစ္ခတ္ခံရမႈေၾကာင့္ ဦးမင္းေတဇာၫြန႔္တင္အား သန္လ်င္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္စဥ္အခ်ိန္တြင္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ဦးမင္းေတဇာၫြန႔္တင္အား လုပ္ႀကံသတ္ျဖတ္ခဲ့သူမ်ားကို ဖမ္းဆီးရရွိေရးအတြက္ သက္ဆိုင္ရာ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက ပိတ္ဆို႔ရွာေဖြစစ္ေဆးလ်က္ရွိေၾကာင္းလည္း ေဒသခံတစ္ဦးက အသိေပးေျပာဆိုထားသည္။