တိုင်းနှင့် ပြည်နယ်များတွင် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ပြီး မိုးသီးကြွေကျသည့်ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလသတိပေး

 826

စော(NP News)-မတ်လ၂၄

တိုင်းနှင့်ပြည်နယ်များတွင် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ပြီး မိုးသီးကြွေကြသည့်ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလသတိပေးထုတ်ပြန်ထားသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့(မတ်လ ၂၄)ရက် နေ့လည် (၂)နာရီခွဲဝန်းကျင်အချိန် ထုတ်ပြန် ချက်တွင် အထက်ပါကဲ့သို့ အသိပေးထားသည်။

ယနေ့ နေ့လည် (၁)နာရီခွဲအချိန် တိုင်းထွာချက်များအရ (မတ်လ ၂၈)ရက်မှ (မတ်လ ၃၁) ရက်အတွင်း အနောက် ဘက်မှရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များ ဖြစ်ထွန်းမှု အားကောင်းခြင်းများကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း မိုးဇလက ဆိုသည်။

မိုးရွာသွန်းနိုင်သည့်ဒေသများမှာ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာ ကျဲကျဲမိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။

အဆိုပါ မိုးရွာသွန်းမှုကြောင့် မိုးတိမ်တောင်များ ဖြစ်ထွန်းခြင်းနှင့်အတူ လေပြင်းများတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းများ အပါအဝင် မိုးသီးကြွေခြင်းများဖြစ်ပေါ်လာနိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

Zawgyi Version;
တိုင္းႏွင့္ ျပည္နယ္မ်ားတြင္ အခ်ိန္အခါမဟုတ္ မိုး႐ြာသြန္းႏိုင္ၿပီး မိုးသီးေႂကြက်သည့္ျဖစ္စဥ္မ်ား ျဖစ္ေပၚႏိုင္ေၾကာင္း မိုးဇလသတိေပး
ေစာ(NP News)-မတ္လ၂၄

တိုင္းႏွင့္ျပည္နယ္မ်ားတြင္ အခ်ိန္အခါမဟုတ္ မိုး႐ြာသြန္းႏိုင္ၿပီး မိုးသီးေႂကြၾကသည့္ျဖစ္စဥ္မ်ား ျဖစ္ေပၚႏိုင္ေၾကာင္း မိုးဇလသတိေပးထုတ္ျပန္ထားသည္။

မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ ယေန႔(မတ္လ ၂၄)ရက္ ေန႔လည္ (၂)နာရီခြဲဝန္းက်င္အခ်ိန္ ထုတ္ျပန္ ခ်က္တြင္ အထက္ပါကဲ့သို႔ အသိေပးထားသည္။

ယေန႔ ေန႔လည္ (၁)နာရီခြဲအခ်ိန္ တိုင္းထြာခ်က္မ်ားအရ (မတ္လ ၂၈)ရက္မွ (မတ္လ ၃၁) ရက္အတြင္း အေနာက္ ဘက္မွေ႐ြ႕လ်ားလာေသာ ေလေပြလႈိင္းမ်ား၏ အရွိန္ေၾကာင့္လည္းေကာင္း၊ အပူပ်ံတက္တိမ္မ်ား ျဖစ္ထြန္းမႈ အားေကာင္းျခင္းမ်ားေၾကာင့္ အခ်ိန္အခါမဟုတ္ မိုး႐ြာသြန္းႏိုင္ေၾကာင္း မိုးဇလက ဆိုသည္။

မိုး႐ြာသြန္းႏိုင္သည့္ေဒသမ်ားမွာ ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္း ေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္၊ ခ်င္းျပည္နယ္ ႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ ေနရာကြက္က်ားမွ ေနရာ က်ဲက်ဲမိုးထစ္ခ်ဳန္း႐ြာႏိုင္ေၾကာင္း သိရသည္။

အဆိုပါ မိုး႐ြာသြန္းမႈေၾကာင့္ မိုးတိမ္ေတာင္မ်ား ျဖစ္ထြန္းျခင္းႏွင့္အတူ ေလျပင္းမ်ားတိုက္ခတ္ျခင္း၊ မိုးထစ္ခ်ဳန္းမ်ား အပါအဝင္ မိုးသီးေႂကြျခင္းမ်ားျဖစ္ေပၚလာႏိုင္ေၾကာင္း အသိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.