ရန်ကုန်တရုတ်ယဥ်ကျေးမှုစင်တာတွင် တရုတ်စာလက်ရေးလှသင်တန်း အပါအဝင် သင်တန်း(၃)ခုကို ဖွင့်လှစ် သင်ကြားပေးမည်

 836

ယွန်း (NP News) - မတ် ၂၄

နွေရာသီအားလပ်ရက်တွင် ကျောင်းသားများ တရုတ်စာ‌လက်ရေးလှ လေ့လာနိုင်ရန် တရုတ်စာလက်ရေးလှ သင်တန်း အပါအဝင် သင်တန်း (၃) ခုကို ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သည်။

အဆိုပါ အခမ်းအနားကို ယနေ့(မတ်လ ၂၄ ရက်) တွင် ရန်ကုန်မြို့၊ အလုံမြို့နယ်ရှိ တရုတ်ယဥ်ကျေးမှုစင်တာတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မြန်မာ-တရုတ်ယဥ်ကျေးမှုဆက်ဆံရေး ပိုမိုတိုးမြှင့်စေရန် ရည်ရွယ်ပြီး နွေရာသီတွင် ကျောင်းသားများ ယဥ်ကျေးမှု ဆိုင်ရာဗဟုသုတများကို လေ့လာနိုင်ရန် “နွေရာသီတရုတ်စာလက်ရေးလှသင်တန်း” ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လက်ရေးလှသင်တန်းတွင် စုတ်တံလက်ရေးလှနှင့် ဖောင်တိန်လက်ရေးလှဟူ၍ (၂)မျိုးခွဲခြား သင်ကြားပေး သွားမည်ဖြစ်ကြောင်း သိရသည်။

၎င်းအပြင် ရန်ကုန်တရုတ်ယဥ်ကျေးမှုစင်တာနှင့် Wang Florist တို့မှ ပူးပေါင်းဖွင့်လှစ်သည့် “နွေရာသီတရုတ်စတိုင် နေ့စဥ်လူမှုဘဝ ပန်းအလှဆင်သင်တန်း” အပါအဝင် ရန်ကုန်တရုတ်ယဥ်ကျေးမှုစင်တာနှင့် Qin He Lou တရုတ် စားသောက်ဆိုင်တို့မှ ပူးပေါင်းဖွင့်လှစ်သည့် “နွေရာသီ ယူနန်ဟင်းလျာအချက်အပြုတ်သင်တန်း” ဖွင့်ပွဲအခမ်း အနားကိုပါ တစ်ပါတည်းဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ သင်တန်း(၃)ခုကို လာမည့် မတ်(၂၈)ရက်၊ (၂၉)ရက်နှင့် (၃ဝ) ရက်တို့တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။

Zawgyi Version;
ရန္ကုန္တ႐ုတ္ယဥ္ေက်းမႈစင္တာတြင္ တ႐ုတ္စာလက္ေရးလွသင္တန္း အပါအဝင္ သင္တန္း(၃)ခုကို ဖြင့္လွစ္ သင္ၾကားေပးမည္
ယြန္း (NP News) - မတ္ ၂၄

ေႏြရာသီအားလပ္ရက္တြင္ ေက်ာင္းသားမ်ား တ႐ုတ္စာ‌လက္ေရးလွ ေလ့လာႏိုင္ရန္ တ႐ုတ္စာလက္ေရးလွ သင္တန္း အပါအဝင္ သင္တန္း (၃) ခုကို ဖြင့္လွစ္သင္ၾကားေပးသြားမည္ျဖစ္သည္။

အဆိုပါ အခမ္းအနားကို ယေန႔(မတ္လ ၂၄ ရက္) တြင္ ရန္ကုန္ၿမိဳ႕၊ အလုံၿမိဳ႕နယ္ရွိ တ႐ုတ္ယဥ္ေက်းမႈစင္တာတြင္ က်င္းပျပဳလုပ္ခဲ့ျခင္းျဖစ္သည္။

ျမန္မာ-တ႐ုတ္ယဥ္ေက်းမႈဆက္ဆံေရး ပိုမိုတိုးျမႇင့္ေစရန္ ရည္႐ြယ္ၿပီး ေႏြရာသီတြင္ ေက်ာင္းသားမ်ား ယဥ္ေက်းမႈ ဆိုင္ရာဗဟုသုတမ်ားကို ေလ့လာႏိုင္ရန္ “ေႏြရာသီတ႐ုတ္စာလက္ေရးလွသင္တန္း” ကို ဖြင့္လွစ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ လက္ေရးလွသင္တန္းတြင္ စုတ္တံလက္ေရးလွႏွင့္ ေဖာင္တိန္လက္ေရးလွဟူ၍ (၂)မ်ိဳးခြဲျခား သင္ၾကားေပး သြားမည္ျဖစ္ေၾကာင္း သိရသည္။

၎အျပင္ ရန္ကုန္တ႐ုတ္ယဥ္ေက်းမႈစင္တာႏွင့္ Wang Florist တို႔မွ ပူးေပါင္းဖြင့္လွစ္သည့္ “ေႏြရာသီတ႐ုတ္စတိုင္ ေန႔စဥ္လူမႈဘဝ ပန္းအလွဆင္သင္တန္း” အပါအဝင္ ရန္ကုန္တ႐ုတ္ယဥ္ေက်းမႈစင္တာႏွင့္ Qin He Lou တ႐ုတ္ စားေသာက္ဆိုင္တို႔မွ ပူးေပါင္းဖြင့္လွစ္သည့္ “ေႏြရာသီ ယူနန္ဟင္းလ်ာအခ်က္အျပဳတ္သင္တန္း” ဖြင့္ပြဲအခမ္း အနားကိုပါ တစ္ပါတည္းဖြင့္လွစ္ခဲ့ျခင္းျဖစ္သည္။

အဆိုပါ သင္တန္း(၃)ခုကို လာမည့္ မတ္(၂၈)ရက္၊ (၂၉)ရက္ႏွင့္ (၃ဝ) ရက္တို႔တြင္ စတင္ဖြင့္လွစ္သြားမည္ျဖစ္သည္။

Related news

© 2021. All rights reserved.