တံတားဦးမြို့နယ်ရှိ ကော်စေ့စက်ရုံ မီးလောင်မှုဖြစ်ပွား

484

စော (NP News) - မတ်လ၂၄
မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ ခင်လူးလေးကျေးရွာတွင် ကော်စေ့စက်ရုံ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ၎င်းမီးလောင်မှု သည် တစ်နာရီကျော်ကြာဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(မတ်လ ၂၄) ရက်၊ နေ့လည် ၁ နာရီ ၄၁ မိနစ်အချိန်ခန့် ခင်လူးလေးကျေးရွာ ၊ပန်းလောင်မြစ်အနီးရှိ ကော်စေ့စက်ရုံတွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
“အမှိုက်ပုံ မီးအကြွင်းအကျန်ကနေပြီးတော့ ပလတ်စတစ်ကုန်ကြမ်းကို ကူးစက်လောင်ကျွမ်းတာပါ။ လူထိခိုက်မှု မရှိပါဘူး။ အလုပ်သမားတန်းယား အနည်းငယ်နဲ့ ကော်ကျိုစက်လေးပဲ လောင်သွားပါတယ်” ဟု တံတားဦးမြို့နယ် မီးသတ်စခန်းမှ တာဝန်ရှိတစ်ဦးက NP News ကို ပြောသည်။
အဆိုပါမီးလောင်မှုအား ကျောက်ဆည်ခရိုင်မီးသတ်စခန်း၊ ကျောက်ဆည်မြို့နယ် မီးသတ်စခန်း၊ စဉ့်ကိုင်မြို့နယ် မီးသတ်စခန်း၊ စကားအင်းမြို့နယ်မီးသတ်စခန်း၊ အမရပူရမြို့နယ် မီးသတ်စခန်း နှင့် ပြည်ကြီးတံခွန်မြို့နယ် မီးသတ်စခန်းတို့မှ သွားရောက်ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
ကော်စေ့စက်ရုံမီးလောင်မှုသည် နေ့လည် (၂)နာရီ (၄၃)မိနစ်အချိန်တွင် မီးငြိမ်းသွားကြောင်း မီးသတ်တပ်ဖွဲ့မှ သိရ သည်။
လက်ရှိတွင် မီးလောင်မှုဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့သော်လည်း ပျက်စီးဆုံးရှုံးမှု အနည်းငယ်သာရှိခဲ့ ကြောင်း တံတားဦးမြို့နယ်မီးသတ်စခန်းမှ သိရသည်။

Zawgyi Version;
တံတားဦးၿမိဳ႕နယ္ရွိ ေကာ္ေစ့စက္႐ုံ မီးေလာင္မႈျဖစ္ပြား
ေစာ (NP News) - မတ္လ၂၄
မႏၲေလးတိုင္း၊ တံတားဦးၿမိဳ႕နယ္၊ ခင္လူးေလးေက်း႐ြာတြင္ ေကာ္ေစ့စက္႐ုံ မီးေလာင္မႈျဖစ္ပြားခဲ့ၿပီး ၎မီးေလာင္မႈ သည္ တစ္နာရီေက်ာ္ၾကာျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔(မတ္လ ၂၄) ရက္၊ ေန႔လည္ ၁ နာရီ ၄၁ မိနစ္အခ်ိန္ခန႔္ ခင္လူးေလးေက်း႐ြာ ၊ပန္းေလာင္ျမစ္အနီးရွိ ေကာ္ေစ့စက္႐ုံတြင္ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕မွ သိရသည္။
“အမႈိက္ပုံ မီးအႂကြင္းအက်န္ကေနၿပီးေတာ့ ပလတ္စတစ္ကုန္ၾကမ္းကို ကူးစက္ေလာင္ကြၽမ္းတာပါ။ လူထိခိုက္မႈ မရွိပါဘူး။ အလုပ္သမားတန္းယား အနည္းငယ္နဲ႔ ေကာ္က်ိဳစက္ေလးပဲ ေလာင္သြားပါတယ္” ဟု တံတားဦးၿမိဳ႕နယ္ မီးသတ္စခန္းမွ တာဝန္ရွိတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါမီးေလာင္မႈအား ေက်ာက္ဆည္ခ႐ိုင္မီးသတ္စခန္း၊ ေက်ာက္ဆည္ၿမိဳ႕နယ္ မီးသတ္စခန္း၊ စဥ့္ကိုင္ၿမိဳ႕နယ္ မီးသတ္စခန္း၊ စကားအင္းၿမိဳ႕နယ္မီးသတ္စခန္း၊ အမရပူရၿမိဳ႕နယ္ မီးသတ္စခန္း ႏွင့္ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ မီးသတ္စခန္းတို႔မွ သြားေရာက္ျငႇိမ္းသတ္ခဲ့ေၾကာင္း သိရသည္။
ေကာ္ေစ့စက္႐ုံမီးေလာင္မႈသည္ ေန႔လည္ (၂)နာရီ (၄၃)မိနစ္အခ်ိန္တြင္ မီးၿငိမ္းသြားေၾကာင္း မီးသတ္တပ္ဖြဲ႕မွ သိရ သည္။
လက္ရွိတြင္ မီးေလာင္မႈျဖစ္စဥ္ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိမႈမရွိခဲ့ေသာ္လည္း ပ်က္စီးဆုံးရႈံးမႈ အနည္းငယ္သာရွိခဲ့ ေၾကာင္း တံတားဦးၿမိဳ႕နယ္မီးသတ္စခန္းမွ သိရသည္။