ကမ္ဘာကို တုန်လှုပ်စေသည့် ထင်ရှားကျော်ကြား သတင်းအမှန် ဖွင့်ချသူများ (သို့မဟုတ်) ဝီစီမှုတ်သူတို့အကြောင်း (ဘာသာပြန်ဆောင်းပါး)

 651

Htay Oung (NP News) - မတ် ၂၅

ကမ္ဘာ့သမိုင်းတစ်လျှောက်မှာ အစိုးရအသီးသီးတို့ရဲ့လျှို့ဝှက်အဆင့်အတန်းသတ်မှတ်ထားတဲ့ အချက်အလက်တွေ ကို အကြောင်းရင်းတစ်ခု (သို့မဟုတ်) အခြားတစ်ခုကြောင့် ဖွင့်ချခဲ့သူ အတော်များများ ရှိခဲ့ပါတယ်။ ဥပဒေမဲ့ (သို့မဟုတ်) အကျင့်ပျက်လှုပ်ရှားမှုမှာ ပါဝင်နေတယ်လို့ ယူဆရတဲ့ လူပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းတစ်ရပ်ရပ် ရဲ့သတင်းကို ဆင်ခြင်တုံတရား (သို့မဟုတ်) အခြားကိစ္စတစ်ခုခုကြောင့် လူသိရှင်ကြားဖြစ်အောင် ထုတ်ဖော်ပြော ဆိုသူများကို (ကစားပွဲတစ်ခုမှာ ဝီစီမှုတ်ပြီး သတိပေးတဲ့ ဒိုင်လူကြီး) #ဝီစီမှုတ်သူများ #Whistleblowers (ခေါ်) #အမှန်သတင်းပေးခြင်းဖြင့် တည့်မတ်စေသူများလို့ ခေါ်ကြပါတယ်။ သူတို့ကို အချို့က သူရဲကောင်းများလို့ တင်စားကြပြီး အချို့ကတော့ သစ္စာဖောက်တွေလို့ ရှုမြင်ကြပါတယ်။

#ပကတိ_အမှန် #သမ္မာတရား ကို ရှာဖွေဖို့အတွက် အရာရာမှာ စွန့်စားခဲ့သူ အမျိုးသား-အမျိုးသမီးတို့ရဲ့အကြောင်း ကို Stars Insider က ယမန်နေ့မှာ ပြန်လည်ဖော်ပြထားပါတယ်။

(၁) #ရီရယ်လီတီ_၀င်းနား ၂ဝ၁၆-ခုနှစ် အမေရိကန်ရွေးကောက်ပွဲမှာ ရုရှားနိုင်ငံ၀င်ရောက် စွက်ဖက်မှုရှိကြောင်း လျှို့ဝှက်အဆင့်အတန်းသတ်မှတ်ထားတဲ့ ထောက်လှမ်းရေး အစီရင်ခံစာကို ဖွင့်ချခဲ့သူဖြစ်ပါတယ်။ အမေရိကန် လေတပ်မှာ NSA အမျိုးသားလုံခြုံရေးအေဂျင်စီအတွက် အာရဗီဘာသာပြန်သူ အသက် ၃၁ နှစ် အရွယ် အမျိုးသမီး ဟာ အဲဒီအတွက် အမေရိကန်အစိုးရသမိုင်းမှာ တရား၀င်သတင်းထုတ်ပြန်မှုမရှိဘဲ နှစ်ကြာရှည်ဆုံး ချုပ်နှောင်ထား ခြင်း ခံရသူဖြစ်သွားရပါတယ်။ မသမာမှုပါဝင်တဲ့ ရွေးကောက်ပွဲဆိုတာ နိုင်ငံအာဏာကို မတရားနည်းနဲ့ ရယူခြင်း ဖြစ်ပေမယ့် ဒီအကြောင်း ဖော်ထုတ်သု ၀င်းနားဟာ သံတိုင်များ နောက်ကွယ်မှာ ၄ နှစ် ကြာနေခဲ့ရပါတယ်။ ပြန်လည်လွတ်မြောက်လာချိန်မှာတော့ “ကျွန်မ သစ္စာဖောက် မဟုတ်ဖူး” လို့ အင်တာဗျူးတစ်ခုမှာ ပြောပါတယ်။” ဒါဟာ လျှို့ဝှက်ချက်မှန်း သိပါတယ်။ ဒါပေမယ့် အမေရိကန်ပြည်သူတွေအတွက် တာ၀န်ထမ်းဆောင်ပါမယ်လို့ ကတိပြုခဲ့တာဖြစ်ပြီး အဲဒီအချိန်မှာ အမေရိကန်အစိုးရနဲ့ပတ်သက်တဲ့ လျှိုဝှက်အစီရင်ခံစာကို ဖုံးကွယ်နေတဲ့ NSA ဟာ လမ်းလွဲသွားသလို ခံစားရတယ်” လို့ ဆိုပါတယ်။
(၂) #အက်ဒ်၀ပ်_စနိုးဒင် CIA ဝန်ထမ်းဟောင်းနဲ့ အမေရိကန်အစိုးရ ကန်ထရိုက်၀န်ထမ်း တစ်ဦးဖြစ်သူ စနိုးဒင်ဟာ ခုနှစ်တွင် NSA ရဲ့ လျှို့ဝှက်အဆင့်သတ်မှတ်ထားတဲ့ အချက်အလက်များကို ပေါက်ကြားစေခဲ့ပါတယ်။ (အမေရိကန် ပြည်သူတို့အပေါ် အပါအ၀င်) နိုင်ငံတကာ စောင့်ကြည့်ရေး အစီအစဉ်များစွာကို ဖွင့်ချခဲ့တဲ့ စနိုးဒန်ဟာ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေချိုးဖောက်မှုဖြင့် တရားစွဲဆိုခံရပြီးနောက် ရုရှားနိုင်ငံသို့ ထွက်ပြေးသွားခဲ့ပါ တယ်။

(၃) #ချဲလ်ဆီး_မန်းနင်း အမေရိကန်စစ်တပ် သတင်းသရုပ်ခွဲ လေ့လာသုံးသပ်သူဟောင်း ဘရက်ဒလီ_မန်းနင်း ဟာ (အီရတ်မှာ စစ်ရာဇ၀တ်မှု အထောက်အထားများအပါအဝင်) လျှို့ဝှက်အဆင့်အတန်း သတ်မှတ်ထားတဲ့ စာရွက်စာတန်းများကို အချက်အလက် သန်းချီပြီး #ဝီကီလိခ် မှတဆင့် ဖွင့်ချခဲ့ပါတယ်။ ဒီအတွက် စစ်ခုံရုံးက ထောင်ဒဏ် ၃၅ နှစ် ချမှတ်ခံခဲ့ရပေမဲ့ ၂ဣ၁ဝ ခုနှစ်မှ ၂ဝ၁၇ ခုနှစ်အထိ အကျဉ်းချခံခဲ့ရပြီး ပြစ်ဒဏ်ကို လျှော့ပေါ့ ပေးခဲ့ပါတယ်။

(၄) #ဂျူလီယန်_အက်ဆေ့န်ခ်ျ အထက်ပါ ချဲလ်ဆီးမန်းနင်းက ပေးပို့တဲ့ အရေးကြီးစာရွက်စာတမ်းများကို အွန်လိုင်း မှာ လူသိရှင်ကြား လွှင့်တင်ခဲ့သူဖြစ်ပါတယ်။ ဝီကီလိခ် တည်ထောင်သူဟာ ၂ဝ၁၂ ခုနှစ် ဗြိတိန်နိုင်ငံ ဆိုင်ရာ အီကွေဒေါသံရုံးမှာ နိုင်ငံရေးခိုလှုံခွင့်ရခဲ့ပေမယ့် ၂ဝ၁၉ ခုနှစ်မှာ ဖမ်းဆီးခြင်းခံရပြီး ခုချိန်ထိ လန်ဒန်အကျဉ်း ထောင်ထဲမှာပါပဲ ရှိနေပါတယ်။ သူဟာ အမေရိကန်ကို တရားခံလွှဲပြောင်းရေးနဲ့ ရင်ဆိုင်နေရပြီး အများဆုံး ထောင်ဒဏ် နှစ် ၁၇ဝ ကျခံရဖွယ် ရှိနေပါတယ်။

(၅) #မတ်ခ်_ဖဲ့လ် (၁၉၁၃-၂၀၀၈) FBI တွဲဖက်ညွှန်ကြားရေးမှူး ဖဲ့လ်ဟာ #ဝါးတားဂိတ်_အရှုပ်တော်ပုံကို ဖွင့်ချနိုင်ဖို့ ဝါရှင်တန်ပို့စ်သတင်းထောက်နှစ်ဦးကို လျှို့ဝှက်သတင်းပေးသူလည်းဖြစ်ပါတယ်။ ရီပတ်ဘလစ်ကင် အစိုးရလက်ထက် အတိုက်အခံ ဒီမိုကရက်တစ်ပါတီရုံးချုပ် ဝါးတားဂိတ်အဆောက်အုံအတွင်း ဖောက်ထွင်း ဝင်ရောက်စေခဲ့တဲ့ နိုင်ငံရေး မသမာမှု အပုပ်နံ့ဟာ (ညစ်ညမ်း စကားလုံး) #အာခေါင်တစ်ဆုံး #Deep_Throat အမှု အဖြစ် ယနေ့တိုင် နိုင်ငံတကာ ပြောစမှတ်ဖြစ်ခဲ့ရပြီး သမ္မတ #ရစ်ချက်_နစ်ဆင်လည်း နှုတ်ထွက်သွား ရပါတယ်။

(၆) #လင်ဒါ_ထရစ်ပ် အိမ်ဖြူတော် ဝန်ထမ်းဟောင်း ဖြစ်ပြီး သမ္မတ ဘီလ်ကလင်တန်နဲ့ တိတ်တဆိတ် လိင်ဆက်ဆံ မှုရှိခဲ့ကြောင်း မိုနီကာ လီဝင်စကီးရဲ့ဝန်ခံချက်ကို ဖွင့်ချခဲ့သူဖြစ်ပါတယ်။

(၇) #ကာရင်း_ဆခ်ဝုဒ် (၁၉၄၆-၁၉၇၄) အမေရိကန်နျူကလီယာစီမံကိန်းရဲ့ အန္တရာယ်မကင်းပုံကို ပထမဆုံး ဖွင့်ချတဲ ဝီစီမှုတ်သူ ဖြစ်ပါတယ်။ ကာမက်ဂီ နျူကလီးယားစက်ရုံမှာ အမျိုးသမီး ဓာတုဗေဒပညာရှင်အဖြစ် လုပ်ကိုင် ခဲ့ပြီး သူ့ရဲ့ကျန်းမာရေးနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးပြဿနာများကို စတင်ကန့်ကွက်ခဲ့ပါတယ်။ နျူစက်ရုံ အာဏာပိုင်များရဲ့စိန်ခေါ်မှုများကို အံတုရင်း ၁၉၇၄-ခုနှစ်မှာ ထူးဆန်းစွာ သေဆုံးသွားပါတယ်။ သူ့ရဲ့ ဇာတ်ကြောင်း ကို ၁၉၈၃-ခုနှစ်မှာ ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့ကြပါတယ်။

(၈) #ဖရန့်ဆာပီကို နယူးယောက်စီးတီးရဲအရာရှိဟောင်းဖြစ်ပြီး သူ့ရဲ့လုပ်ဖော်ကိုင်ဖက်အရာရှိအတော်များများ တို့ရဲ့လာဘ်ပေးလာဘ်ယူမှု ဆက်စပ်စွဲချက်များကို ဖွင့်ချခဲ့ပါတယ်။ နယူးယောက်ရဲတပ်ဖွဲ့မှာ တပ်ဖွဲ့၀င်များရဲ့ အကျင့်ပျက်ခြစားမှုကို ပွင့်ပွင့်လင်းလင်း တိုင်ကြားခဲ့တဲ့ ပထမဆုံး ရဲအရာရှိဖြစ်ပါတယ်။ ၁၉၇၃-ခုနှစ် ရုပ်ရှင်မှာ ဆာပီကိုအဖြစ် အယ်လ်ပါစီနိုက သရုပ်ဆောင်ခဲ့ပါတယ်။

(၉) #မိုနာ_ဟန်နာ_အက်တီရှာ အစ္စရေးနျူကလီးယား နည်းပညာရှင်ဟောင်းဖြစ်ပြီး ဂျေရုဆလင်ရဲ့ လျှို့ဝှက် အဏုမြူလက်နက် အစီအစဉ်ကို ၁၉၈၆ ခုနှစ် ဗြိတိန်သတင်းစာမှာ ထုတ်ဖော်ရေးသားခဲ့ပါတယ်။ အဲ့ဒီအချိန် အစ္စရေးမှာ နျူလက်နက် ၁ဝဝ မှ ၂ဝဝ ကြားရှိနေတယ်လို့ ဆိုခြင်းကြောင့် ရလဒ်အဖြစ် ထောင်ဒဏ် ၁၇ နှစ်ခွဲ ချမှတ်ခံခဲ့ရပါတယ်။

(၁ဝ) #ဒန်နီယယ်_အဲ့လ်ဘတ်ဂ် ၁၉၇၁ ခုနှစ် ပင်တာဂွန်စာရွက်စာတန်းများ ပေါက်ကြားစေခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဌာနဝန်ထမ်းဟောင်းဖြစ်ပါတယ်။ ဗီယက်နမ်စစ်ပွဲမှာ အမေရိကန်တို့ ပါ၀င်တိုက်ခိုက်ပုံအကြောင်း လျှို့ဝှက်စာရွက်စာတမ်းများဖြစ်ပါတယ်။

(၁၁) #ဖရန်စစ်_ဟော်ဂန် Facebook ကုမ္ပဏီရဲ့ လူထုဂုဏ်သိက္ခာဆိုင်ရာ ထုတ်လုပ်မှု မန်နေဂျာဟောင်း ဖြစ်ပါ တယ်။ ဖေ့ဘုတ်သုံးစွဲသူ သုတေသနနဲ့ ဆက်နွယ်တဲ့ ဋ္ဌာနတွင်း စာရွက်စာတမ်းများမှာ နာမည်ကြီး အသုံးပြုသူများ အတွက် အထူးမူဝါဒများနဲ့ ခြွင်းချက်များ၊ အမုန်းစကား ထောင်ပေါင်းများစွာတို့ကို ဖွင့်ချခဲ့ပါတယ်။

(၁၂) #လီ၀မ်လင်း ၂ဝ၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃ဝ ရက်နေ့ ဝူဟန်မှာ COVID-19 ကူးစက်မှုကို သတိပေးခဲ့သူ တရုတ် မျက်စိရောဂါအထူးကုဆရာဝန်ဖြစ်ပါတယ်။ မှားယွင်းဖော်ပြခြင်းအဖြစ် ရဲတပ်ဖွဲ့က ဆင့်ခေါ်တာခံခဲ့ရပါတယ်။ နောက်ပိုင်း အလုပ်သို့ပြန်ရပြီးမှ လူနာတစ်ဦးထံမှ ကူးစက်ခံခဲ့ရပြီး ၂၀၂၀- ခုနှစ် ဖေဖော်ဝါရီလမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ပါတယ်။

(၁၃) #ဂျွန်_ကီရီရာကူ CIA အရာရှိဟောင်းဖြစ်သူဟာ့ အကျဉ်းသားတို့ကို ” မျက်နှာအ၀တ်အုပ်၊ နှားခေါင်း-ပါးစပ်ပေါ် ရေလောင်းချ“ သူတို့အေဂျင်စီရဲ့ နှိပ်စက်ညှင်းပန်းနှိပ်စက်နည်းအကြောင်း ဖွင့်ချခဲ့သူဖြစ်ပါတယ်။ သတင်းထောက်တစ်ဦးထံ အချက်အလက် ဖြန့်ဝေမှုဖြင့် ထောင်ဒဏ် လ ၃၀ ချမှတ်ခံခဲ့ရပါတယ်။

(၁၄) ဗလာဒီမာ ဘူကော့ဗ်စကီး (၁၉၄၂-၂၀၁၉) ဆိုဗီယက်ယူနီယံမှာ စိတ်ရောဂါကုထုံးကို နိုင်ငံရေးဆိုင်ရာ အလွဲသုံးစားပြုကြောင်း စာမျက်နှာ ၁၅၀ ပါ ဖိုင်ကို ၁၉၇၁-ခုနှစ်မှာ အနောက်နိုင်ငံသို့ ခိုးထုတ်ခဲ့သူဖြစ်ပါတယ်။ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ တဦးဖြစ်ပြီး ဆိုဗီယက်အစိုးရအပေါ် ဆန့်ကျင်ကြောင်း ပြောဆိုခဲ့ပါတယ်။

(မူရင်းသတင်းတွင် စုစုပေါင်း လူ ၂၀ ဖြစ်သော်လည်း ၁၄-ဦးကိုသာ ရွေးချယ်ဖော်ပြနိုင်သည့်အတွက် နားလည် ခွင့်လွှတ်နိုင်ကြပါရန်။ ။ သတင်းဘာသာပြန်သူ)
..
#ဝီစီမှုတ်သူများ #ကမ္ဘာကို_တုန်လှုပ်စေသည့်_ထင်ရှားကျော်ကြား_သတင်းအမှန်_ဖွင့်ချသူများ

(Star Insider., 23 March 2023,” Famous whistleblowers who shocked the world” ကို #HtayOung, #OungMrine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
ကမာၻကို တုန္လႈပ္ေစသည့္ ထင္ရွားေက်ာ္ၾကား သတင္းအမွန္ ဖြင့္ခ်သူမ်ား (သို႔မဟုတ္) ဝီစီမႈတ္သူတို႔အေၾကာင္း (ဘာသာျပန္ေဆာင္းပါး)
Htay Oung (NP News) - မတ္ ၂၅

ကမာၻ႔သမိုင္းတစ္ေလွ်ာက္မွာ အစိုးရအသီးသီးတို႔ရဲ႕လွ်ိဳ႕ဝွက္အဆင့္အတန္းသတ္မွတ္ထားတဲ့ အခ်က္အလက္ေတြ ကို အေၾကာင္းရင္းတစ္ခု (သို႔မဟုတ္) အျခားတစ္ခုေၾကာင့္ ဖြင့္ခ်ခဲ့သူ အေတာ္မ်ားမ်ား ရွိခဲ့ပါတယ္။ ဥပေဒမဲ့ (သို႔မဟုတ္) အက်င့္ပ်က္လႈပ္ရွားမႈမွာ ပါဝင္ေနတယ္လို႔ ယူဆရတဲ့ လူပုဂၢိဳလ္ (သို႔မဟုတ္) အဖြဲ႕အစည္းတစ္ရပ္ရပ္ ရဲ႕သတင္းကို ဆင္ျခင္တုံတရား (သို႔မဟုတ္) အျခားကိစၥတစ္ခုခုေၾကာင့္ လူသိရွင္ၾကားျဖစ္ေအာင္ ထုတ္ေဖာ္ေျပာ ဆိုသူမ်ားကို (ကစားပြဲတစ္ခုမွာ ဝီစီမႈတ္ၿပီး သတိေပးတဲ့ ဒိုင္လူႀကီး) #ဝီစီမႈတ္သူမ်ား #Whistleblowers (ေခၚ) #အမွန္သတင္းေပးျခင္းျဖင့္ တည့္မတ္ေစသူမ်ားလို႔ ေခၚၾကပါတယ္။ သူတို႔ကို အခ်ိဳ႕က သူရဲေကာင္းမ်ားလို႔ တင္စားၾကၿပီး အခ်ိဳ႕ကေတာ့ သစၥာေဖာက္ေတြလို႔ ရႈျမင္ၾကပါတယ္။

#ပကတိ_အမွန္ #သမၼာတရား ကို ရွာေဖြဖို႔အတြက္ အရာရာမွာ စြန္႔စားခဲ့သူ အမ်ိဳးသား-အမ်ိဳးသမီးတို႔ရဲ႕အေၾကာင္း ကို Stars Insider က ယမန္ေန႔မွာ ျပန္လည္ေဖာ္ျပထားပါတယ္။

(၁) #ရီရယ္လီတီ_၀င္းနား ၂ဝ၁၆-ခုႏွစ္ အေမရိကန္ေ႐ြးေကာက္ပြဲမွာ ႐ုရွားႏိုင္ငံ၀င္ေရာက္ စြက္ဖက္မႈရွိေၾကာင္း လွ်ိဳ႕ဝွက္အဆင့္အတန္းသတ္မွတ္ထားတဲ့ ေထာက္လွမ္းေရး အစီရင္ခံစာကို ဖြင့္ခ်ခဲ့သူျဖစ္ပါတယ္။ အေမရိကန္ ေလတပ္မွာ NSA အမ်ိဳးသားလုံၿခဳံေရးေအဂ်င္စီအတြက္ အာရဗီဘာသာျပန္သူ အသက္ ၃၁ ႏွစ္ အ႐ြယ္ အမ်ိဳးသမီး ဟာ အဲဒီအတြက္ အေမရိကန္အစိုးရသမိုင္းမွာ တရား၀င္သတင္းထုတ္ျပန္မႈမရွိဘဲ ႏွစ္ၾကာရွည္ဆုံး ခ်ဳပ္ေႏွာင္ထား ျခင္း ခံရသူျဖစ္သြားရပါတယ္။ မသမာမႈပါဝင္တဲ့ ေ႐ြးေကာက္ပြဲဆိုတာ ႏိုင္ငံအာဏာကို မတရားနည္းနဲ႔ ရယူျခင္း ျဖစ္ေပမယ့္ ဒီအေၾကာင္း ေဖာ္ထုတ္သု ၀င္းနားဟာ သံတိုင္မ်ား ေနာက္ကြယ္မွာ ၄ ႏွစ္ ၾကာေနခဲ့ရပါတယ္။ ျပန္လည္လြတ္ေျမာက္လာခ်ိန္မွာေတာ့ “ကြၽန္မ သစၥာေဖာက္ မဟုတ္ဖူး” လို႔ အင္တာဗ်ဴးတစ္ခုမွာ ေျပာပါတယ္။” ဒါဟာ လွ်ိဳ႕ဝွက္ခ်က္မွန္း သိပါတယ္။ ဒါေပမယ့္ အေမရိကန္ျပည္သူေတြအတြက္ တာ၀န္ထမ္းေဆာင္ပါမယ္လို႔ ကတိျပဳခဲ့တာျဖစ္ၿပီး အဲဒီအခ်ိန္မွာ အေမရိကန္အစိုးရနဲ႔ပတ္သက္တဲ့ လွ်ိဳဝွက္အစီရင္ခံစာကို ဖုံးကြယ္ေနတဲ့ NSA ဟာ လမ္းလြဲသြားသလို ခံစားရတယ္” လို႔ ဆိုပါတယ္။
(၂) #အက္ဒ္၀ပ္_စႏိုးဒင္ CIA ဝန္ထမ္းေဟာင္းနဲ႔ အေမရိကန္အစိုးရ ကန္ထ႐ိုက္၀န္ထမ္း တစ္ဦးျဖစ္သူ စႏိုးဒင္ဟာ ခုႏွစ္တြင္ NSA ရဲ႕ လွ်ိဳ႕ဝွက္အဆင့္သတ္မွတ္ထားတဲ့ အခ်က္အလက္မ်ားကို ေပါက္ၾကားေစခဲ့ပါတယ္။ (အေမရိကန္ ျပည္သူတို႔အေပၚ အပါအ၀င္) ႏိုင္ငံတကာ ေစာင့္ၾကည့္ေရး အစီအစဥ္မ်ားစြာကို ဖြင့္ခ်ခဲ့တဲ့ စႏိုးဒန္ဟာ ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္ အက္ဥပေဒခ်ိဳးေဖာက္မႈျဖင့္ တရားစြဲဆိုခံရၿပီးေနာက္ ႐ုရွားႏိုင္ငံသို႔ ထြက္ေျပးသြားခဲ့ပါ တယ္။

(၃) #ခ်ဲလ္ဆီး_မန္းနင္း အေမရိကန္စစ္တပ္ သတင္းသ႐ုပ္ခြဲ ေလ့လာသုံးသပ္သူေဟာင္း ဘရက္ဒလီ_မန္းနင္း ဟာ (အီရတ္မွာ စစ္ရာဇ၀တ္မႈ အေထာက္အထားမ်ားအပါအဝင္) လွ်ိဳ႕ဝွက္အဆင့္အတန္း သတ္မွတ္ထားတဲ့ စာ႐ြက္စာတန္းမ်ားကို အခ်က္အလက္ သန္းခ်ီၿပီး #ဝီကီလိခ္ မွတဆင့္ ဖြင့္ခ်ခဲ့ပါတယ္။ ဒီအတြက္ စစ္ခုံ႐ုံးက ေထာင္ဒဏ္ ၃၅ ႏွစ္ ခ်မွတ္ခံခဲ့ရေပမဲ့ ၂ဣ၁ဝ ခုႏွစ္မွ ၂ဝ၁၇ ခုႏွစ္အထိ အက်ဥ္းခ်ခံခဲ့ရၿပီး ျပစ္ဒဏ္ကို ေလွ်ာ့ေပါ့ ေပးခဲ့ပါတယ္။

(၄) #ဂ်ဴလီယန္_အက္ေဆ့န္ခ္် အထက္ပါ ခ်ဲလ္ဆီးမန္းနင္းက ေပးပို႔တဲ့ အေရးႀကီးစာ႐ြက္စာတမ္းမ်ားကို အြန္လိုင္း မွာ လူသိရွင္ၾကား လႊင့္တင္ခဲ့သူျဖစ္ပါတယ္။ ဝီကီလိခ္ တည္ေထာင္သူဟာ ၂ဝ၁၂ ခုႏွစ္ ၿဗိတိန္ႏိုင္ငံ ဆိုင္ရာ အီေကြေဒါသံ႐ုံးမွာ ႏိုင္ငံေရးခိုလႈံခြင့္ရခဲ့ေပမယ့္ ၂ဝ၁၉ ခုႏွစ္မွာ ဖမ္းဆီးျခင္းခံရၿပီး ခုခ်ိန္ထိ လန္ဒန္အက်ဥ္း ေထာင္ထဲမွာပါပဲ ရွိေနပါတယ္။ သူဟာ အေမရိကန္ကို တရားခံလႊဲေျပာင္းေရးနဲ႔ ရင္ဆိုင္ေနရၿပီး အမ်ားဆုံး ေထာင္ဒဏ္ ႏွစ္ ၁၇ဝ က်ခံရဖြယ္ ရွိေနပါတယ္။

(၅) #မတ္ခ္_ဖဲ့လ္ (၁၉၁၃-၂၀၀၈) FBI တြဲဖက္ၫႊန္ၾကားေရးမႉး ဖဲ့လ္ဟာ #ဝါးတားဂိတ္_အရႈပ္ေတာ္ပုံကို ဖြင့္ခ်ႏိုင္ဖို႔ ဝါရွင္တန္ပို႔စ္သတင္းေထာက္ႏွစ္ဦးကို လွ်ိဳ႕ဝွက္သတင္းေပးသူလည္းျဖစ္ပါတယ္။ ရီပတ္ဘလစ္ကင္ အစိုးရလက္ထက္ အတိုက္အခံ ဒီမိုကရက္တစ္ပါတီ႐ုံးခ်ဳပ္ ဝါးတားဂိတ္အေဆာက္အုံအတြင္း ေဖာက္ထြင္း ဝင္ေရာက္ေစခဲ့တဲ့ ႏိုင္ငံေရး မသမာမႈ အပုပ္နံ႔ဟာ (ညစ္ညမ္း စကားလုံး) #အာေခါင္တစ္ဆုံး #Deep_Throat အမႈ အျဖစ္ ယေန႔တိုင္ ႏိုင္ငံတကာ ေျပာစမွတ္ျဖစ္ခဲ့ရၿပီး သမၼတ #ရစ္ခ်က္_နစ္ဆင္လည္း ႏႈတ္ထြက္သြား ရပါတယ္။

(၆) #လင္ဒါ_ထရစ္ပ္ အိမ္ျဖဴေတာ္ ဝန္ထမ္းေဟာင္း ျဖစ္ၿပီး သမၼတ ဘီလ္ကလင္တန္နဲ႔ တိတ္တဆိတ္ လိင္ဆက္ဆံ မႈရွိခဲ့ေၾကာင္း မိုနီကာ လီဝင္စကီးရဲ႕ဝန္ခံခ်က္ကို ဖြင့္ခ်ခဲ့သူျဖစ္ပါတယ္။

(၇) #ကာရင္း_ဆခ္ဝုဒ္ (၁၉၄၆-၁၉၇၄) အေမရိကန္န်ဴကလီယာစီမံကိန္းရဲ႕ အႏၲရာယ္မကင္းပုံကို ပထမဆုံး ဖြင့္ခ်တဲ ဝီစီမႈတ္သူ ျဖစ္ပါတယ္။ ကာမက္ဂီ န်ဴကလီးယားစက္႐ုံမွာ အမ်ိဳးသမီး ဓာတုေဗဒပညာရွင္အျဖစ္ လုပ္ကိုင္ ခဲ့ၿပီး သူ႔ရဲ႕က်န္းမာေရးနဲ႔ ေဘးအႏၲရာယ္ကင္းရွင္းေရးျပႆနာမ်ားကို စတင္ကန႔္ကြက္ခဲ့ပါတယ္။ န်ဴစက္႐ုံ အာဏာပိုင္မ်ားရဲ႕စိန္ေခၚမႈမ်ားကို အံတုရင္း ၁၉၇၄-ခုႏွစ္မွာ ထူးဆန္းစြာ ေသဆုံးသြားပါတယ္။ သူ႔ရဲ႕ ဇာတ္ေၾကာင္း ကို ၁၉၈၃-ခုႏွစ္မွာ ႐ုပ္ရွင္အျဖစ္ ႐ိုက္ကူးခဲ့ၾကပါတယ္။

(၈) #ဖရန႔္ဆာပီကို နယူးေယာက္စီးတီးရဲအရာရွိေဟာင္းျဖစ္ၿပီး သူ႔ရဲ႕လုပ္ေဖာ္ကိုင္ဖက္အရာရွိအေတာ္မ်ားမ်ား တို႔ရဲ႕လာဘ္ေပးလာဘ္ယူမႈ ဆက္စပ္စြဲခ်က္မ်ားကို ဖြင့္ခ်ခဲ့ပါတယ္။ နယူးေယာက္ရဲတပ္ဖြဲ႕မွာ တပ္ဖြဲ႕၀င္မ်ားရဲ႕ အက်င့္ပ်က္ျခစားမႈကို ပြင့္ပြင့္လင္းလင္း တိုင္ၾကားခဲ့တဲ့ ပထမဆုံး ရဲအရာရွိျဖစ္ပါတယ္။ ၁၉၇၃-ခုႏွစ္ ႐ုပ္ရွင္မွာ ဆာပီကိုအျဖစ္ အယ္လ္ပါစီႏိုက သ႐ုပ္ေဆာင္ခဲ့ပါတယ္။

(၉) #မိုနာ_ဟန္နာ_အက္တီရွာ အစၥေရးန်ဴကလီးယား နည္းပညာရွင္ေဟာင္းျဖစ္ၿပီး ေဂ်႐ုဆလင္ရဲ႕ လွ်ိဳ႕ဝွက္ အဏုျမဴလက္နက္ အစီအစဥ္ကို ၁၉၈၆ ခုႏွစ္ ၿဗိတိန္သတင္းစာမွာ ထုတ္ေဖာ္ေရးသားခဲ့ပါတယ္။ အဲ့ဒီအခ်ိန္ အစၥေရးမွာ န်ဴလက္နက္ ၁ဝဝ မွ ၂ဝဝ ၾကားရွိေနတယ္လို႔ ဆိုျခင္းေၾကာင့္ ရလဒ္အျဖစ္ ေထာင္ဒဏ္ ၁၇ ႏွစ္ခြဲ ခ်မွတ္ခံခဲ့ရပါတယ္။

(၁ဝ) #ဒန္နီယယ္_အဲ့လ္ဘတ္ဂ္ ၁၉၇၁ ခုႏွစ္ ပင္တာဂြန္စာ႐ြက္စာတန္းမ်ား ေပါက္ၾကားေစခဲ့တဲ့ အေမရိကန္ ႏိုင္ငံျခားေရးဌာနဝန္ထမ္းေဟာင္းျဖစ္ပါတယ္။ ဗီယက္နမ္စစ္ပြဲမွာ အေမရိကန္တို႔ ပါ၀င္တိုက္ခိုက္ပုံအေၾကာင္း လွ်ိဳ႕ဝွက္စာ႐ြက္စာတမ္းမ်ားျဖစ္ပါတယ္။

(၁၁) #ဖရန္စစ္_ေဟာ္ဂန္ Facebook ကုမၸဏီရဲ႕ လူထုဂုဏ္သိကၡာဆိုင္ရာ ထုတ္လုပ္မႈ မန္ေနဂ်ာေဟာင္း ျဖစ္ပါ တယ္။ ေဖ့ဘုတ္သုံးစြဲသူ သုေတသနနဲ႔ ဆက္ႏြယ္တဲ့ ႒ာနတြင္း စာ႐ြက္စာတမ္းမ်ားမွာ နာမည္ႀကီး အသုံးျပဳသူမ်ား အတြက္ အထူးမူဝါဒမ်ားနဲ႔ ႁခြင္းခ်က္မ်ား၊ အမုန္းစကား ေထာင္ေပါင္းမ်ားစြာတို႔ကို ဖြင့္ခ်ခဲ့ပါတယ္။

(၁၂) #လီ၀မ္လင္း ၂ဝ၁၉ ခုႏွစ္၊ ဒီဇင္ဘာလ ၃ဝ ရက္ေန႔ ဝူဟန္မွာ COVID-19 ကူးစက္မႈကို သတိေပးခဲ့သူ တ႐ုတ္ မ်က္စိေရာဂါအထူးကုဆရာဝန္ျဖစ္ပါတယ္။ မွားယြင္းေဖာ္ျပျခင္းအျဖစ္ ရဲတပ္ဖြဲ႕က ဆင့္ေခၚတာခံခဲ့ရပါတယ္။ ေနာက္ပိုင္း အလုပ္သို႔ျပန္ရၿပီးမွ လူနာတစ္ဦးထံမွ ကူးစက္ခံခဲ့ရၿပီး ၂၀၂၀- ခုႏွစ္ ေဖေဖာ္ဝါရီလမွာ ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးခဲ့ပါတယ္။

(၁၃) #ဂြၽန္_ကီရီရာကူ CIA အရာရွိေဟာင္းျဖစ္သူဟာ့ အက်ဥ္းသားတို႔ကို ” မ်က္ႏွာအ၀တ္အုပ္၊ ႏွားေခါင္း-ပါးစပ္ေပၚ ေရေလာင္းခ်“ သူတို႔ေအဂ်င္စီရဲ႕ ႏွိပ္စက္ညႇင္းပန္းႏွိပ္စက္နည္းအေၾကာင္း ဖြင့္ခ်ခဲ့သူျဖစ္ပါတယ္။ သတင္းေထာက္တစ္ဦးထံ အခ်က္အလက္ ျဖန႔္ေဝမႈျဖင့္ ေထာင္ဒဏ္ လ ၃၀ ခ်မွတ္ခံခဲ့ရပါတယ္။

(၁၄) ဗလာဒီမာ ဘူေကာ့ဗ္စကီး (၁၉၄၂-၂၀၁၉) ဆိုဗီယက္ယူနီယံမွာ စိတ္ေရာဂါကုထုံးကို ႏိုင္ငံေရးဆိုင္ရာ အလြဲသုံးစားျပဳေၾကာင္း စာမ်က္ႏွာ ၁၅၀ ပါ ဖိုင္ကို ၁၉၇၁-ခုႏွစ္မွာ အေနာက္ႏိုင္ငံသို႔ ခိုးထုတ္ခဲ့သူျဖစ္ပါတယ္။ လူ႔အခြင့္အေရး တက္ႂကြလႈပ္ရွားသူ တဦးျဖစ္ၿပီး ဆိုဗီယက္အစိုးရအေပၚ ဆန႔္က်င္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

(မူရင္းသတင္းတြင္ စုစုေပါင္း လူ ၂၀ ျဖစ္ေသာ္လည္း ၁၄-ဦးကိုသာ ေ႐ြးခ်ယ္ေဖာ္ျပႏိုင္သည့္အတြက္ နားလည္ ခြင့္လႊတ္ႏိုင္ၾကပါရန္။ ။ သတင္းဘာသာျပန္သူ)
..
#ဝီစီမႈတ္သူမ်ား #ကမာၻကို_တုန္လႈပ္ေစသည့္_ထင္ရွားေက်ာ္ၾကား_သတင္းအမွန္_ဖြင့္ခ်သူမ်ား

(Star Insider., 23 March 2023,” Famous whistleblowers who shocked the world” ကို #HtayOung, #OungMrine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.