ထိုင်းအာဏာပိုင်တွေက PDF တွေပုန်းခိုနေတဲ့ မဲဆောက်မြို့ရှိ အဆောက်အဦးကို စီးနင်းချိန်အတွင်း ဖမ်းဆီးဖို့လက်ခံရရှိထားတဲ့ ဓါတ်ပုံတွေနဲ့ လူစာရင်းများအတိုင်း ရှာဖွေခဲ့ဟုဆို

 2162

ဂျန်ဇက် (NP News) - မတ် ၂၅

ထိုင်းအာဏာပိုင်များဟာ မတ်လ ၂၃ ရက်က မဲဆောက်မြို့ရှိအဆောက်အဦးများမှာ ပုန်းခိုနေတဲ့ PDF တွေကို စီးနင်းချိန်အတွင်း ဖမ်းဆီးဖို့လက်ခံရရှိထားတဲ့ ဓါတ်ပုံတွေနဲ့ လူစာရင်းအတိုင်း ရှာဖွေစစ်ဆေးခဲ့ခြင်းမျိုးဖြစ်ကြောင်း ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။

အဆိုပါအချိန်အတွင်း နစကကို ဆန့်ကျင်နေသူများ၊ (PDF)အဖွဲ့ဝင်များအပါအဝင် မြန်မာနိုင်ငံသား (၁ဝဝ) နီးပါးကို ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရပါတယ်။ စီးနင်းချိန်အတွင်း ကျည်ဆံများ၊ ဆေးဘက်သုံးပစ္စည်းများ၊ (PDF) တံဆိပ်များကိုတွေ့ရှိသိမ်းဆည်းမိခဲ့ကြောင်းသိရပါတယ်။ ထိုင်းထောက်လှမ်းရေးအဖွဲ့တွေရဲ့အဆိုအရ နစကကို ဆန့်ကျင်နေတဲ့အုပ်စုတွေဟာ မဲဆောက်မြို့မှာအခြေချလှုပ်ရှားလျက်ရှိနေကြောင်း သိရပါတယ်။

ထိုင်းစစ်ဘက်သတင်းအရင်းမြစ်ရဲ့အဆိုအရ မဲဆောက်မြို့ရှိအဆောက်အဦးများမှာ နစကကို လက်နက် ကိုင်ဆန့်ကျင်နေတဲ့အုပ်စုတွေရဲ့အဖွဲ့ဝင် (၂ဝဝ) နီးပါးရှိနေခဲ့ပြီး ထွက်ပြေးလွတ်မြောက်သွားသူများလည်းရှိနေကြောင်းဆိုပါတယ်။ ၎င်းတို့ဟာ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်ပနိုင်ငံများရဲ့အထောက်အပံ့အကူအညီများရရှိနေသူများဖြစ်ကြောင်း ထိုင်းစစ်ဘက်ကပြောပါတယ်။

ထိုင်းအာဏာပိုင်တွေဟာ မဲဆောက်မြို့ရှိအဆောက်အဦးများကို စီးနင်းခဲ့ပြီးနောက် မဲဆောက်မြို့မှာခိုလှုံနေတဲ့ နစက ဆန့်ကျင်နေသူအုပ်စုများဟာ စိုးရိမ်ကြောက်ရွံ့မှုများမြင့်တက်နေပြီး မိခင်နိုင်ငံကို ပြန်ပို့မှာ စိုးရိမ်နေကြောင်း Amnesty International အဖွဲ့ကပြောပါတယ်။ Amnesty International ရဲ့ မြန်မာသုတေသီတစ်ဦးဖြစ်တဲ့ နန်းစိန်က "နယ်စပ်ဒေသကိုဖြတ်သန်းပြီး မဲဆောက်မြို့ကို ပြေးလာတဲ့ မြန်မာ နိုင်ငံသားတွေဟာ မိခင်နိုင်ငံကို ပြန်ပို့ခံရမှာ စိုးရိမ်နေကြတယ်။ လက်ရှိအချိန်မှာ မဲဆောက်မြို့ကိုရောက်ရှိနေတဲ့ နစကကို ဆန့်ကျင်နေသူအုပ်စုတွေဟာ ဘယ်ကိုမှ သွားစရာမရှိဘူးဖြစ်နေတယ်။ သူတို့ဟာထိုင်းနိုင်ငံမှာနေထိုင်ဖို့လည်း အခွင့်ရေးနည်းပါးနေတယ်" လို့ပြောပါတယ်။

zawgyi version
ထိုင္းအာဏာပိုင္ေတြက PDF ေတြပုန္းခိုေနတဲ့ မဲေဆာက္ၿမိဳ႕ရွိ အေဆာက္အဦးကို စီးနင္းခ်ိန္အတြင္း ဖမ္းဆီးဖို႔လက္ခံရရွိထားတဲ့ ဓါတ္ပုံေတြနဲ႔ လူစာရင္းမ်ားအတိုင္း ရွာေဖြခဲ့ဟုဆို
ဂ်န္ဇက္ (NP News) - မတ္ ၂၅

ထိုင္းအာဏာပိုင္မ်ားဟာ မတ္လ ၂၃ ရက္က မဲေဆာက္ၿမိဳ႕ရွိအေဆာက္အဦးမ်ားမွာ ပုန္းခိုေနတဲ့ PDF ေတြကို စီးနင္းခ်ိန္အတြင္း ဖမ္းဆီးဖို႔လက္ခံရရွိထားတဲ့ ဓါတ္ပုံေတြနဲ႔ လူစာရင္းအတိုင္း ရွာေဖြစစ္ေဆးခဲ့ျခင္းမ်ိဳးျဖစ္ေၾကာင္း ထိုင္းသတင္းေတြက ေဖာ္ျပထားပါတယ္။

အဆိုပါအခ်ိန္အတြင္း နစကကို ဆန႔္က်င္ေနသူမ်ား၊ (PDF)အဖြဲ႕ဝင္မ်ားအပါအဝင္ ျမန္မာႏိုင္ငံသား (၁ဝဝ) နီးပါးကို ဖမ္းဆီးႏိုင္ခဲ့ေၾကာင္းသိရပါတယ္။ စီးနင္းခ်ိန္အတြင္း က်ည္ဆံမ်ား၊ ေဆးဘက္သုံးပစၥည္းမ်ား၊ (PDF) တံဆိပ္မ်ားကိုေတြ႕ရွိသိမ္းဆည္းမိခဲ့ေၾကာင္းသိရပါတယ္။ ထိုင္းေထာက္လွမ္းေရးအဖြဲ႕ေတြရဲ႕အဆိုအရ နစကကို ဆန႔္က်င္ေနတဲ့အုပ္စုေတြဟာ မဲေဆာက္ၿမိဳ႕မွာအေျခခ်လႈပ္ရွားလ်က္ရွိေနေၾကာင္း သိရပါတယ္။

ထိုင္းစစ္ဘက္သတင္းအရင္းျမစ္ရဲ႕အဆိုအရ မဲေဆာက္ၿမိဳ႕ရွိအေဆာက္အဦးမ်ားမွာ နစကကို လက္နက္ ကိုင္ဆန႔္က်င္ေနတဲ့အုပ္စုေတြရဲ႕အဖြဲ႕ဝင္ (၂ဝဝ) နီးပါးရွိေနခဲ့ၿပီး ထြက္ေျပးလြတ္ေျမာက္သြားသူမ်ားလည္းရွိေနေၾကာင္းဆိုပါတယ္။ ၎တို႔ဟာ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ား၊ ျပည္ပႏိုင္ငံမ်ားရဲ႕အေထာက္အပံ့အကူအညီမ်ားရရွိေနသူမ်ားျဖစ္ေၾကာင္း ထိုင္းစစ္ဘက္ကေျပာပါတယ္။

ထိုင္းအာဏာပိုင္ေတြဟာ မဲေဆာက္ၿမိဳ႕ရွိအေဆာက္အဦးမ်ားကို စီးနင္းခဲ့ၿပီးေနာက္ မဲေဆာက္ၿမိဳ႕မွာခိုလႈံေနတဲ့ နစက ဆန႔္က်င္ေနသူအုပ္စုမ်ားဟာ စိုးရိမ္ေၾကာက္႐ြံ႕မႈမ်ားျမင့္တက္ေနၿပီး မိခင္ႏိုင္ငံကို ျပန္ပို႔မွာ စိုးရိမ္ေနေၾကာင္း Amnesty International အဖြဲ႕ကေျပာပါတယ္။ Amnesty International ရဲ႕ ျမန္မာသုေတသီတစ္ဦးျဖစ္တဲ့ နန္းစိန္က "နယ္စပ္ေဒသကိုျဖတ္သန္းၿပီး မဲေဆာက္ၿမိဳ႕ကို ေျပးလာတဲ့ ျမန္မာ ႏိုင္ငံသားေတြဟာ မိခင္ႏိုင္ငံကို ျပန္ပို႔ခံရမွာ စိုးရိမ္ေနၾကတယ္။ လက္ရွိအခ်ိန္မွာ မဲေဆာက္ၿမိဳ႕ကိုေရာက္ရွိေနတဲ့ နစကကို ဆန႔္က်င္ေနသူအုပ္စုေတြဟာ ဘယ္ကိုမွ သြားစရာမရွိဘူးျဖစ္ေနတယ္။ သူတို႔ဟာထိုင္းႏိုင္ငံမွာေနထိုင္ဖို႔လည္း အခြင့္ေရးနည္းပါးေနတယ္" လို႔ေျပာပါတယ္။

Related news

© 2021. All rights reserved.