ရေနံ၊ လောင်စာဆီ၊ ရွှေ ၊ သစ် စသည့် မြေပေါ်မြေအောက်သယံဇာတများအား တရားမဝင်တူးဖော်ထုတ်လုပ်နေမှုကို ထိန်းသိမ်းကြပ်မတ်မည်ဟု နစက ဥက္ကဋ္ဌပြော

 3038

ရဲပြည့် (NP News) - မတ် ၂၅

ရေနံ၊ ‌လောင်စာဆီ ၊ ရွှေ ၊ သစ် စသည့် မြေပေါ်မြေအောက်သယံဇာတများအား စည်းကမ်းမရှိ တရားမဝင် တူးဖော်ထုတ်လုပ်နေမှုများကို ထိန်းသိမ်းကြပ်မတ်မည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မတ်လ ၂၄ ရက်တွင် ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ရေနံနှင့်ပတ်သက်၍ သယံဇာတများစွာရှိပြီး စည်းကမ်းစနစ်တကျမရှိဘဲ တူးဖော်ထုတ်လုပ်နေမှုများအား ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောသည်။

ထို့ပြင် လောင်စာဆီနှင့်ပတ်သက်၍ ရေနံနှင့်ရေနံထွက်ပစ္စည်းများအား နှစ်စဉ် အမေရိကန်ဒေါ်လာသန်း (၆ဝဝဝ) ကျော်ခန့် ဝယ်ယူတင်သွင်းရသဖြင့် လောင်စာဆီ သုံးစွဲမှုများကိုလည်း ထိန်းသိမ်းဆောင်ရွက်ကြရန် ၎င်းက ဆက်လက်ပြောသည်။

ရွှေတူးဖော်ခြင်း၊ သစ်ထုတ်လုပ်ခြင်း အစရှိသည့် နိုင်ငံတော်၏ မြေပေါ်မြေအောက် သယံဇာတများကို ထုတ်ယူသုံးစွဲရာတွင်လည်း သတ်မှတ်စည်းမျဉ်း စည်းကမ်းနည်းဥပဒေများနှင့်အညီသာ ထုတ်ယူသုံးစွဲရန်နှင့် တရားမဝင်ထုတ်ယူသုံးစွဲမှုများ မရှိစေရေး ထိထိရောက်ရောက် ထိန်းသိမ်းကြပ်မတ်ရန် နစက ဥက္ကဋ္ဌက မှာကြားခဲ့သည်။

သစ်ပင်သစ်တောများ ရေရှည်တည်တံ့ ခိုင်မြဲစေရေးအတွက်လည်း သစ်ပင်စိုက်ပျိုးခြင်းများနှင့် စနစ်တကျထိန်းသိမ်းခြင်းများကိုလည်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါ မြေပေါ်မြေအောက်သယံဇာတများအား ထုတ်ယူသုံးစွဲရာတွင်လည်း မလိုလားအပ်ဘဲ လေလွင့်ဆုံးရှုံးမှု မရှိစေရေး စနစ်တကျ ဆောင်ရွက်ရန်နှင့် အကျိုးရှိရှိအသုံးချရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

zawgyi version
ေရနံ၊ ေလာင္စာဆီ၊ ေ႐ႊ ၊ သစ္ စသည့္ ေျမေပၚေျမေအာက္သယံဇာတမ်ားအား တရားမဝင္တူးေဖာ္ထုတ္လုပ္ေနမႈကို ထိန္းသိမ္းၾကပ္မတ္မည္ဟု နစက ဥကၠ႒ေျပာ
ရဲျပည့္ (NP News) - မတ္ ၂၅

ေရနံ၊ ‌ေလာင္စာဆီ ၊ ေ႐ႊ ၊ သစ္ စသည့္ ေျမေပၚေျမေအာက္သယံဇာတမ်ားအား စည္းကမ္းမရွိ တရားမဝင္ တူးေဖာ္ထုတ္လုပ္ေနမႈမ်ားကို ထိန္းသိမ္းၾကပ္မတ္မည္ျဖစ္ေၾကာင္း နစက ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာသည္။

ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က မတ္လ ၂၄ ရက္တြင္ ေကာင္စီအဖြဲ႕ဝင္မ်ား၊ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ တိုင္းေဒသႀကီးႏွင့္ျပည္နယ္ဝန္ႀကီးခ်ဳပ္မ်ား၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္း၊ ေဒသစီမံအုပ္ခ်ဳပ္ေရးအဖြဲ႕ဥကၠ႒မ်ားႏွင့္ ေတြ႕ဆုံညႇိႏႈိင္းအစည္းအေဝးတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ေရနံႏွင့္ပတ္သက္၍ သယံဇာတမ်ားစြာရွိၿပီး စည္းကမ္းစနစ္တက်မရွိဘဲ တူးေဖာ္ထုတ္လုပ္ေနမႈမ်ားအား ထိန္းသိမ္းၾကပ္မတ္ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း နစက ဥကၠ႒က ေျပာသည္။

ထို႔ျပင္ ေလာင္စာဆီႏွင့္ပတ္သက္၍ ေရနံႏွင့္ေရနံထြက္ပစၥည္းမ်ားအား ႏွစ္စဥ္ အေမရိကန္ေဒၚလာသန္း (၆ဝဝဝ) ေက်ာ္ခန႔္ ဝယ္ယူတင္သြင္းရသျဖင့္ ေလာင္စာဆီ သုံးစြဲမႈမ်ားကိုလည္း ထိန္းသိမ္းေဆာင္႐ြက္ၾကရန္ ၎က ဆက္လက္ေျပာသည္။

ေ႐ႊတူးေဖာ္ျခင္း၊ သစ္ထုတ္လုပ္ျခင္း အစရွိသည့္ ႏိုင္ငံေတာ္၏ ေျမေပၚေျမေအာက္ သယံဇာတမ်ားကို ထုတ္ယူသုံးစြဲရာတြင္လည္း သတ္မွတ္စည္းမ်ဥ္း စည္းကမ္းနည္းဥပေဒမ်ားႏွင့္အညီသာ ထုတ္ယူသုံးစြဲရန္ႏွင့္ တရားမဝင္ထုတ္ယူသုံးစြဲမႈမ်ား မရွိေစေရး ထိထိေရာက္ေရာက္ ထိန္းသိမ္းၾကပ္မတ္ရန္ နစက ဥကၠ႒က မွာၾကားခဲ့သည္။

သစ္ပင္သစ္ေတာမ်ား ေရရွည္တည္တံ့ ခိုင္ၿမဲေစေရးအတြက္လည္း သစ္ပင္စိုက္ပ်ိဳးျခင္းမ်ားႏွင့္ စနစ္တက်ထိန္းသိမ္းျခင္းမ်ားကိုလည္း ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း ၎က ထည့္သြင္းေျပာၾကားခဲ့သည္။

အဆိုပါ ေျမေပၚေျမေအာက္သယံဇာတမ်ားအား ထုတ္ယူသုံးစြဲရာတြင္လည္း မလိုလားအပ္ဘဲ ေလလြင့္ဆုံးရႈံးမႈ မရွိေစေရး စနစ္တက် ေဆာင္႐ြက္ရန္ႏွင့္ အက်ိဳးရွိရွိအသုံးခ်ရန္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။

Picture

Golden Blood

26/03/2023 20:33

ရိုးအီနေပါပြီ

Related news

© 2021. All rights reserved.