သာကေတမြို့နယ်တွင် ဘေးတွဲဆိုင်ကယ် နှင့် ကား ယာဉ်တိုက်မှုဖြစ်ပွားရာ တစ်ဦးသေဆုံး

 587

Pearl (NP News) - မတ် ၂၅

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် ဘေးတွဲဆိုင်ကယ် နှင့် ကားတို့ ယာဉ်တိုက်မှုဖြစ်ပွားရာ ဘေးတွဲဆိုင်ကယ်မောင်းနှင်သူ သေဆုံးသွားခဲ့ကြောင်း အောင်နိုင်သူလူမှုကူညီရေးအသင်းထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့(မတ်လ ၂၄ ရက်)၊ ည (၈)နာရီခွဲအချိန်ခန့်တွင် သာကေတမြို့နယ်၊ ဧရာဝဏ်လမ်းမကြီး၊ ၈ ထိပ်အနီးတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"သိတဲ့အချိန် လူနာကဆုံးသွားပြီ၊ ယာဉ်မောင်းလည်း ထွက်ပြေးသွားတယ်ပြောတယ်၊ ဘယ်လိုဖြစ်ပြီး တိုက်လဲတော့ မသိဘူး။ ကျွန်တော်တို့ကဖြစ်ပြီး (၁ဝ)မိနစ်လောက်နေမှ အကြောင်းကြားလို့ သွားတာပါ၊ သက်ဆိုင်ရာတာဝန်ရှိသူတွေက အကုန်စစ်ပြီး Dead Body ကို ကားပေါ်တင်ပေးတာ၊ ကျွန်တော်တို့က ဆေးရုံကို ပို့ပေးလိုက်တာပါ" ဟု အောင်နိုင်သူ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ဘေးတွဲဆိုင်ကယ်မောင်းနှင်သူ အမျိုးသားသေဆုံးသွားခဲ့ပြီး ၎င်းသည် အသက်(၃ဝ)နှစ် ဝန်းကျင်ခန့်ရှိကာ အခြားအချက်အလက်များအား ဆက်လက်စုံစမ်းနေကြောင်းသိရသည်။

zawgyi version
သာေကတၿမိဳ႕နယ္တြင္ ေဘးတြဲဆိုင္ကယ္ ႏွင့္ ကား ယာဥ္တိုက္မႈျဖစ္ပြားရာ တစ္ဦးေသဆုံး
Pearl (NP News) - မတ္ ၂၅

ရန္ကုန္တိုင္း၊ သာေကတၿမိဳ႕နယ္တြင္ ေဘးတြဲဆိုင္ကယ္ ႏွင့္ ကားတို႔ ယာဥ္တိုက္မႈျဖစ္ပြားရာ ေဘးတြဲဆိုင္ကယ္ေမာင္းႏွင္သူ ေသဆုံးသြားခဲ့ေၾကာင္း ေအာင္ႏိုင္သူလူမႈကူညီေရးအသင္းထံမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(မတ္လ ၂၄ ရက္)၊ ည (၈)နာရီခြဲအခ်ိန္ခန႔္တြင္ သာေကတၿမိဳ႕နယ္၊ ဧရာဝဏ္လမ္းမႀကီး၊ ၈ ထိပ္အနီးတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

"သိတဲ့အခ်ိန္ လူနာကဆုံးသြားၿပီ၊ ယာဥ္ေမာင္းလည္း ထြက္ေျပးသြားတယ္ေျပာတယ္၊ ဘယ္လိုျဖစ္ၿပီး တိုက္လဲေတာ့ မသိဘူး။ ကြၽန္ေတာ္တို႔ကျဖစ္ၿပီး (၁ဝ)မိနစ္ေလာက္ေနမွ အေၾကာင္းၾကားလို႔ သြားတာပါ၊ သက္ဆိုင္ရာတာဝန္ရွိသူေတြက အကုန္စစ္ၿပီး Dead Body ကို ကားေပၚတင္ေပးတာ၊ ကြၽန္ေတာ္တို႔က ေဆး႐ုံကို ပို႔ေပးလိုက္တာပါ" ဟု ေအာင္ႏိုင္သူ လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါ ယာဥ္တိုက္မႈေၾကာင့္ ေဘးတြဲဆိုင္ကယ္ေမာင္းႏွင္သူ အမ်ိဳးသားေသဆုံးသြားခဲ့ၿပီး ၎သည္ အသက္(၃ဝ)ႏွစ္ ဝန္းက်င္ခန္႔ရွိကာ အျခားအခ်က္အလက္မ်ားအား ဆက္လက္စုံစမ္းေနေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.