အင်းတိုင်းရင်းသားပါတီ(၂)ခု ပေါင်းစည်း

 644

မျိုးကြီး (NP News) - မတ် ၂၅

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်း အခြေစိုက်သည့် အင်းတိုင်းရင်းသားပါတီ(၂)ပါတီအား ပေါင်း စည်းလိုက်ကြောင်း သတင်းရရှိသည်။

အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် အင်းအမျိုးသားအဖွဲ့ချုပ်ပါတီတို့ပူးပေါင်းကာ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ အမည်ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၌ မှတ်ပုံတင်ပြန်လည်လျှောက်ထားခဲ့ကြောင်း သိရသည်။

ထိုသို့ ပူးပေါင်းကာ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီအမည်ဖြင့် မှတ်ပုံတင်လျှောက်ခဲ့ပြီးနောက် အင်းအမျိုး သားဖွံ့ဖြိုးတိုးတက်ရေးပါတီသည် မတ်လ ၂၁ ရက်တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ဖျက်သိမ်းပေးရန် ကော်မရှင်သို့ တင်ပြခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မတ်လ ၂၄ ရက်တွင် ရွေးကောက်ပွဲကော်မရှင်က အင်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီအား နိုင်ငံရေးပါတီအဖြစ်မှ မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်ကာ ပါတီကို ဖျက်သိမ်းရန်အတည်ပြုခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

အင်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌဖြစ်သူ ဦးဝင်းမြင့်က အင်းလူမျိုးများအတွက် နိုင်ငံရေးပါတီမှာ တစ်ခုတည်းသာရှိရန် ပူးပေါင်းလိုက်ခြင်းဖြစ်ကြောင်း NP News ကို အတည်ပြုပြောဆိုထားသည်။

“ကျွန်တော်တို့က ရိုးရိုးရှင်းရှင်းလေးပါ။ ရွေးကောက်ပွဲမှာ PR စနစ်နဲ့သွားလို့ရှိရင် ကျွန်တော်တို့ တိုင်းရင်း သားရဲ့ပါတီဟာ (၂)ခုဖြစ်နေလို့ရှိရင် ကျွန်တော်တို့က လုံးဝအောင်မြင်မှုမရနိုင်တော့ဘူးဆိုတာ သိတယ်။ အဲဒါကြောင့် ကျွန်တော်ဟာ အင်းပါတီကို တခြားပါတီက သူနာမည်နဲ့တင်ပါစေ။ ကျွန်တော်တို့က မိမိဆန္ဒအလျောက်နှုတ်ထွက်ပြီးတော့ အဲဒီပါတီနဲ့ပဲ ပူးပေါင်းမယ်ဆိုပြီးတော့ မိမိဆန္ဒအလျောက် ပယ်ဖျက်လိုက်တာပါဗျ” ဟု ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောသည်။

အင်းအမျိုးသားအဖွဲ့ချုပ်ပါတီအနေဖြင့် ရှမ်းပြည်နယ်အတွင်း စည်းရုံးမည့် ပါတီအဖြစ် ရွေးကောက်ပွဲကော်မရှင်၌ မှတ်ပုံတင်ပြန်လည်လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

zawgyi version
အင္းတိုင္းရင္းသားပါတီ(၂)ခု ေပါင္းစည္း

မ်ိဳးႀကီး (NP News) - မတ္ ၂၅

ရွမ္းျပည္နယ္၊ ေညာင္ေ႐ႊၿမိဳ႕နယ္အတြင္း အေျခစိုက္သည့္ အင္းတိုင္းရင္းသားပါတီ(၂)ပါတီအား ေပါင္း စည္းလိုက္ေၾကာင္း သတင္းရရွိသည္။

အင္းအမ်ိဳးသားဖြံ႕ၿဖိဳးတိုးတက္ေရးပါတီႏွင့္ အင္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ပါတီတို႔ပူးေပါင္းကာ အင္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ပါတီ အမည္ျဖင့္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္၌ မွတ္ပုံတင္ျပန္လည္ေလွ်ာက္ထားခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ပူးေပါင္းကာ အင္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ပါတီအမည္ျဖင့္ မွတ္ပုံတင္ေလွ်ာက္ခဲ့ၿပီးေနာက္ အင္းအမ်ိဳး သားဖြံ႕ၿဖိဳးတိုးတက္ေရးပါတီသည္ မတ္လ ၂၁ ရက္တြင္ ႏိုင္ငံေရးပါတီအျဖစ္ မွတ္ပုံတင္ထားျခင္းမွ ဖ်က္သိမ္းေပးရန္ ေကာ္မရွင္သို႔ တင္ျပခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ မတ္လ ၂၄ ရက္တြင္ ေ႐ြးေကာက္ပြဲေကာ္မရွင္က အင္အမ်ိဳးသားဖြံ႕ၿဖိဳးတိုးတက္ေရးပါတီအား ႏိုင္ငံေရးပါတီအျဖစ္မွ မွတ္ပုံတင္ထားျခင္းမွ ပယ္ဖ်က္ကာ ပါတီကို ဖ်က္သိမ္းရန္အတည္ျပဳခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

အင္အမ်ိဳးသားဖြံ႕ၿဖိဳးတိုးတက္ေရးပါတီဥကၠ႒ျဖစ္သူ ဦးဝင္းျမင့္က အင္းလူမ်ိဳးမ်ားအတြက္ ႏိုင္ငံေရးပါတီမွာ တစ္ခုတည္းသာရွိရန္ ပူးေပါင္းလိုက္ျခင္းျဖစ္ေၾကာင္း NP News ကို အတည္ျပဳေျပာဆိုထားသည္။

“ကြၽန္ေတာ္တို႔က ႐ိုး႐ိုးရွင္းရွင္းေလးပါ။ ေ႐ြးေကာက္ပြဲမွာ PR စနစ္နဲ႔သြားလို႔ရွိရင္ ကြၽန္ေတာ္တို႔ တိုင္းရင္း သားရဲ႕ပါတီဟာ (၂)ခုျဖစ္ေနလို႔ရွိရင္ ကြၽန္ေတာ္တို႔က လုံးဝေအာင္ျမင္မႈမရႏိုင္ေတာ့ဘူးဆိုတာ သိတယ္။ အဲဒါေၾကာင့္ ကြၽန္ေတာ္ဟာ အင္းပါတီကို တျခားပါတီက သူနာမည္နဲ႔တင္ပါေစ။ ကြၽန္ေတာ္တို႔က မိမိဆႏၵအေလ်ာက္ႏႈတ္ထြက္ၿပီးေတာ့ အဲဒီပါတီနဲ႔ပဲ ပူးေပါင္းမယ္ဆိုၿပီးေတာ့ မိမိဆႏၵအေလ်ာက္ ပယ္ဖ်က္လိုက္တာပါဗ်” ဟု ဥကၠ႒ ဦးဝင္းျမင့္က ေျပာသည္။

အင္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ပါတီအေနျဖင့္ ရွမ္းျပည္နယ္အတြင္း စည္း႐ုံးမည့္ ပါတီအျဖစ္ ေ႐ြးေကာက္ပြဲေကာ္မရွင္၌ မွတ္ပုံတင္ျပန္လည္ေလွ်ာက္ထားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.