ထိုင်းကို ပြန်လာပြီး ထောင်ဒဏ်ရင်ဆိုင်သွားမှာဖြစ်ကြောင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင်ပြော

 623

ဂျန်ဇက် (NP News) - မတ် ၂၅

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က မေလအတွင်းကျင်းပမယ့် ရွေးကောက်ပွဲအပြီးမှာ ထိုင်းနိုင်ငံကို ပြန်လာပြီး ထောင်ဒဏ်ရင်ဆိုင်သွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သက်ဆင်ဟာ ၎င်းရဲ့လက်ကျန်ဘဝများကို မိသားစုနဲ့အတူ ကုန်ဆုံးနိုင်ဖို့အတွက် ထိုင်းနိုင်ငံကို ပြန်လာဖို့ စီစဉ်နေခြင်းဖြစ်ကြောင်းဆိုပါတယ်။ သက်ဆင်ဟာ ၂ဝဝ၆ ခုနှစ်မှာ အာဏာသိမ်းခံရကာ ဝန်ကြီးချုပ်ရာထူးက ဖြုတ်ချခံရပြီးနောက် ထောင်ဒဏ်ကို ရင်မဆိုင်လိုတဲ့အတွက် ၂ဝဝ၈ ခုနှစ်မှာ ပြည်ပထွက်ပြေးခဲ့သူဖြစ်ပါတယ်။

သက်ဆင်က "ကျွန်တော်ဟာ မိသားစုနဲ့အတူနေထိုင်ဖို့ တားဆီးခံထားရတယ်။ ကျွန်တော်ဟာ မိသားစုနဲ့အတူ မနေထိုင်နိုင်ခြင်းက ကြီးမားတဲ့ထောင်ဒဏ်ကျခံရသလိုမျိုးဖြစ်ခဲ့ရတယ်။ကျွန်တော်ဟာ ပြည်ပမှာ ၁၆ နှစ်ကြာ နေထိုင်ခဲ့ရတယ်။ ထောင်ဒဏ် ပြန်ရင်ဆိုင်ဖို့ စီစဉ်ထားတယ်။ ကျွန်တော့်အတွက် ထောင်ဒဏ်က နှစ်အနည်းငယ်ဆိုရင် ပိုအဆင်ပြေတယ်။ ကျွန်တော်ဟာ သားသမီးတွေ၊ မြေးတွေနဲ့အတူ လက်ကျန်ဘဝကို အတူဖြတ်သန်းကုန်ဆုံးလိုတယ်" လို့ပြောပါတယ်။

သက်ဆင်ဟာ ထိုင်းဝန်ကြီးချုပ်အဖြစ် ၂ဝဝ၁ ခုနှစ်ကနေ ၂ဝဝ၆ ခုနှစ်အထိတာဝန်ယူခဲ့ပြီး ဖြူထိုင်းပါတီနဲ့ ထိုင်းနိုင်ငံရေးလောကမှာ လူကြိုက်များထင်ရှားတဲ့နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ ထိုင်းတရားရုံးချုပ်ဟာ ဝန်ကြီးချုပ်ဟောင်းသက်ဆင်ကို ၂ဝဝ၈ ခုနှစ်ကထောင်ဒဏ် (၂)နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ပြီးနောက် ပြည်ပထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ ထိုင်းနိုင်ငံမှာလာမယ့်မေလအတွင်း ကျင်းပမယ့်ရွေးကောက်ပွဲမှာ သက်ဆင်ရဲ့သမီးဖြစ်သလို ဖြူထိုင်းပါတီရဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Paetongtarn Shinawatra ဟာ ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရပါတယ်။

အသက် ၇၃ နှစ်အရွယ်ရှိ သက်ဆင်က " ထိုင်းနိုင်ငံကို ကျွန်တော်ပြန်လာချိန်မှာ သမီးဖြစ်သူရဲ့ပါတီက ရွေးကောက်ပွဲမှာအနိုင်ရခဲ့ပါကလည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ကြိုးပမ်းတာမျိုးမလုပ်ဖို့ ပြောဆိုထားတယ်။ ကျွန်တော့်ကို မကြိုက်နှစ်သက်သူများ မပျော်မရွှင်ဖြစ်ရမှာကို မလိုလားဘူး" လို့ပြောပါတယ်။

zawgyi version
ထိုင္းကို ျပန္လာၿပီး ေထာင္ဒဏ္ရင္ဆိုင္သြားမွာျဖစ္ေၾကာင္း ဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္ေျပာ
ဂ်န္ဇက္ (NP News) - မတ္ ၂၅

ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္က ေမလအတြင္းက်င္းပမယ့္ ေ႐ြးေကာက္ပြဲအၿပီးမွာ ထိုင္းႏိုင္ငံကို ျပန္လာၿပီး ေထာင္ဒဏ္ရင္ဆိုင္သြားမွာျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

သက္ဆင္ဟာ ၎ရဲ႕လက္က်န္ဘဝမ်ားကို မိသားစုနဲ႔အတူ ကုန္ဆုံးႏိုင္ဖို႔အတြက္ ထိုင္းႏိုင္ငံကို ျပန္လာဖို႔ စီစဥ္ေနျခင္းျဖစ္ေၾကာင္းဆိုပါတယ္။ သက္ဆင္ဟာ ၂ဝဝ၆ ခုႏွစ္မွာ အာဏာသိမ္းခံရကာ ဝန္ႀကီးခ်ဳပ္ရာထူးက ျဖဳတ္ခ်ခံရၿပီးေနာက္ ေထာင္ဒဏ္ကို ရင္မဆိုင္လိုတဲ့အတြက္ ၂ဝဝ၈ ခုႏွစ္မွာ ျပည္ပထြက္ေျပးခဲ့သူျဖစ္ပါတယ္။

သက္ဆင္က "ကြၽန္ေတာ္ဟာ မိသားစုနဲ႔အတူေနထိုင္ဖို႔ တားဆီးခံထားရတယ္။ ကြၽန္ေတာ္ဟာ မိသားစုနဲ႔အတူ မေနထိုင္ႏိုင္ျခင္းက ႀကီးမားတဲ့ေထာင္ဒဏ္က်ခံရသလိုမ်ိဳးျဖစ္ခဲ့ရတယ္။ကြၽန္ေတာ္ဟာ ျပည္ပမွာ ၁၆ ႏွစ္ၾကာ ေနထိုင္ခဲ့ရတယ္။ ေထာင္ဒဏ္ ျပန္ရင္ဆိုင္ဖို႔ စီစဥ္ထားတယ္။ ကြၽန္ေတာ့္အတြက္ ေထာင္ဒဏ္က ႏွစ္အနည္းငယ္ဆိုရင္ ပိုအဆင္ေျပတယ္။ ကြၽန္ေတာ္ဟာ သားသမီးေတြ၊ ေျမးေတြနဲ႔အတူ လက္က်န္ဘဝကို အတူျဖတ္သန္းကုန္ဆုံးလိုတယ္" လို႔ေျပာပါတယ္။

သက္ဆင္ဟာ ထိုင္းဝန္ႀကီးခ်ဳပ္အျဖစ္ ၂ဝဝ၁ ခုႏွစ္ကေန ၂ဝဝ၆ ခုႏွစ္အထိတာဝန္ယူခဲ့ၿပီး ျဖဴထိုင္းပါတီနဲ႔ ထိုင္းႏိုင္ငံေရးေလာကမွာ လူႀကိဳက္မ်ားထင္ရွားတဲ့ႏိုင္ငံေရးေခါင္းေဆာင္တစ္ဦးျဖစ္ပါတယ္။ ထိုင္းတရား႐ုံးခ်ဳပ္ဟာ ဝန္ႀကီးခ်ဳပ္ေဟာင္းသက္ဆင္ကို ၂ဝဝ၈ ခုႏွစ္ကေထာင္ဒဏ္ (၂)ႏွစ္ ျပစ္ဒဏ္ခ်မွတ္ခဲ့ၿပီးေနာက္ ျပည္ပထြက္ေျပးခဲ့ျခင္းျဖစ္ေၾကာင္းသိရပါတယ္။ ထိုင္းႏိုင္ငံမွာလာမယ့္ေမလအတြင္း က်င္းပမယ့္ေ႐ြးေကာက္ပြဲမွာ သက္ဆင္ရဲ႕သမီးျဖစ္သလို ျဖဴထိုင္းပါတီရဲ႕ေခါင္းေဆာင္တစ္ဦးျဖစ္တဲ့ Paetongtarn Shinawatra ဟာ ေရပန္းအစားဆုံးျဖစ္ေနေၾကာင္း သိရပါတယ္။

အသက္ ၇၃ ႏွစ္အ႐ြယ္ရွိ သက္ဆင္က " ထိုင္းႏိုင္ငံကို ကြၽန္ေတာ္ျပန္လာခ်ိန္မွာ သမီးျဖစ္သူရဲ႕ပါတီက ေ႐ြးေကာက္ပြဲမွာအႏိုင္ရခဲ့ပါကလည္း လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးဖို႔ ႀကိဳးပမ္းတာမ်ိဳးမလုပ္ဖို႔ ေျပာဆိုထားတယ္။ ကြၽန္ေတာ့္ကို မႀကိဳက္ႏွစ္သက္သူမ်ား မေပ်ာ္မ႐ႊင္ျဖစ္ရမွာကို မလိုလားဘူး" လို႔ေျပာပါတယ္။

Related news

© 2021. All rights reserved.