ချောင်းဦးမြို့နယ်တွင် လက်လုပ်မိုင်းထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသားတစ်ဦးသေဆုံး

 1071

Pearl (NP News) - မတ် ၂၅

စစ်ကိုင်တိုင်း၊ ချောင်းဦးမြို့နယ်တွင် လက်လုပ်မိုင်းထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ အကြမ်းဖက်အမျိုး သားတစ်ဦးသေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် မတ်လ(၂၂)ရက်၊ နေ့လည် (၁၂)နာရီခွဲအချိန်ခန့်တွင် ချောင်းဦးမြို့နယ်၊ အောင်ချမ်းသာကျေးရွာ နှင့် ခင်မွန်ကျေးရွာကြားရှိ လှည်းလမ်းအနီး၌ ဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါလှည်းလမ်းအနီးရှိ ဇရပ်ဘေး၌ အကြမ်းဖက်အမျိုးသား (၁)ဦးက ဖောက်ခွဲမှုပြုလုပ်ရန် လက်လုပ်မိုင်းထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှဆိုသည်။

ထိုသို့ပေါက်ကွဲမှုကြောင့် ၎င်းတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်းသိရသည်။

ထို့ပြင် ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ တရုတ်နိုင်ငံထုတ်လက်ပစ်ဗုံး (၁) လုံး၊ Keypad ဖုန်း (၅) လုံး၊ Reciever (၂)ခုနှင့် နိုင်ငံသားမှတ်ပုံတင်ကတ် (၁)ခုတို့အားတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

zawgyi version
ေခ်ာင္းဦးၿမိဳ႕နယ္တြင္ လက္လုပ္မိုင္းေထာင္ေနစဥ္ ေပါက္ကြဲမႈျဖစ္ပြား၍ အမ်ိဳးသားတစ္ဦးေသဆုံး
Pearl (NP News) - မတ္ ၂၅

စစ္ကိုင္တိုင္း၊ ေခ်ာင္းဦးၿမိဳ႕နယ္တြင္ လက္လုပ္မိုင္းေထာင္ေနစဥ္ ေပါက္ကြဲမႈျဖစ္ပြား၍ အၾကမ္းဖက္အမ်ိဳး သားတစ္ဦးေသဆုံးသြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ မတ္လ(၂၂)ရက္၊ ေန႔လည္ (၁၂)နာရီခြဲအခ်ိန္ခန႔္တြင္ ေခ်ာင္းဦးၿမိဳ႕နယ္၊ ေအာင္ခ်မ္းသာေက်း႐ြာ ႏွင့္ ခင္မြန္ေက်း႐ြာၾကားရွိ လွည္းလမ္းအနီး၌ ျဖစ္ပြားခဲ့ေၾကာင္းသိရသည္။

အဆိုပါလွည္းလမ္းအနီးရွိ ဇရပ္ေဘး၌ အၾကမ္းဖက္အမ်ိဳးသား (၁)ဦးက ေဖာက္ခြဲမႈျပဳလုပ္ရန္ လက္လုပ္မိုင္းေထာင္ေနစဥ္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွဆိုသည္။

ထိုသို႔ေပါက္ကြဲမႈေၾကာင့္ ၎တြင္ မိုင္းစထိမွန္ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ေနရာ၌ ေသဆုံးသြားခဲ့ေၾကာင္းသိရသည္။

ထို႔ျပင္ ၎လြယ္ထားသည့္ လြယ္အိတ္အတြင္းမွ တ႐ုတ္ႏိုင္ငံထုတ္လက္ပစ္ဗုံး (၁) လုံး၊ Keypad ဖုန္း (၅) လုံး၊ Reciever (၂)ခုႏွင့္ ႏိုင္ငံသားမွတ္ပုံတင္ကတ္ (၁)ခုတို႔အားေတြ႕ရွိ သိမ္းဆည္းရမိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.