နည်းပြ နီဂယ်လ်မန်းကို ရာထူးကထုတ်ပယ်ပြီး ချဲလ်ဆီးနည်းပြဟောင်းတူချယ်လ်ကို နည်းပြအသစ်အဖြစ်ခန့်အပ်လိုက်တဲ့ ဘိုင်ယန်မြူးနစ်

 401

ဂျန်ဇက် (NP News) - မတ် ၂၅

ဘိုင်ယန်မြူးနစ်အသင်းဟာ နည်းပြ ဂျူလီယမ် နီဂယ်လ်မန်းကို ရာထူးက ထုတ်ပယ်ပြီး ချဲလ်ဆီးအသင်းနည်းပြဟောင်း တူချယ်လ်ကို နည်းပြအသစ်အဖြစ်ခန့်အပ်လိုက်ကြောင်းသိရပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဘွန်ဒက်လီဂါအမှတ်ပေးဇယား ဦးဆောင်ခွင့်ကို လက်လွတ်ဆုံးရှုံးခဲ့ပြီးနောက် နည်းပြ နီဂယ်လ်မန်းကို ထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်းသိရပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ပြီးခဲ့တဲ့ (၁ဝ)ရာသီဆက်တိုက် ဘွန်ဒက်လီဂါအမှတ်ပေးချန်ပီယံဆုကို ရယူနိုင်ခဲ့ပေမယ့် လက်ရှိရာသီမှာတော့ ဒေါ့မွန်အသင်းနောက် တစ်မှတ်လျော့ကာ ဒုတိယနေရာမှာရှိနေခဲ့ကြောင်းသိရပါတယ်။

တူချယ်လ်ဟာ ဘိုင်ယန်မြူးနစ်အသင်းကို လာမယ့်တနင်္လာနေ့မှာစတင်ကိုင်တွယ်သွားမှာဖြစ်ပြီး ၂ဝ၂၄-၂ဝ၂၅ ခုနှစ်အထိ အသင်းမှာဆက်ရှိမယ့် စာချုပ်တစ်ရပ်ကိုချုပ်ဆိုသွားမှာဖြစ်ကြောင်းသိရပါတယ်။ တူချယ်လ်ဟာ ဘိုင်ယန်မြူးနစ်အသင်းနည်းပြအဖြစ် ဧပြီလ ၁ ရက်မှာ ကစားမယ့် ဒေါ့မွန်နဲ့ပွဲကို စတင်တာဝန်ယူသွားမှာဖြစ်ပြီး အဲဒီပွဲစဉ်ဟာ နှစ်သင်းစလုံးအတွက် ချန်ပီယံဆုဖြစ်ရေး အဓိကကျတဲ့ပွဲစဉ်ဖြစ်နေပါတယ်။

တူချယ်လ်ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ ချဲလ်ဆီးနည်းပြရာထူးက ထုတ်ပယ်ခံရပြီးနောက် အသင်းလက်မဲ့ဖြစ်နေချိန်မှာ ဘိုင်ယန်မြူးနစ်အသင်းနည်းပြအဖြစ်ခန့်အပ်ခံရတာလည်းဖြစ်ပါတယ်။ တူချယ်လ်ဟာ ချဲလ်ဆီးအသင်းနည်းပြအဖြစ်တာဝန်ယူနေချိန်အတွင်း ၂ဝ၂၁ ခုနှစ်က ချန်ပီယံလိဂ်ဖလား ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ချဲလ်ဆီးနည်းပြအဖြစ် လပေါင်း (၂ဝ)ကြာကာလအတွင်း ချန်ပီယံဆုပေါင်း(၃)ခုရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။

နီဂယ်လ်မန်းကတော့ ဘိုင်ယန်မြူးနစ်အသင်းနည်းပြအဖြစ် (၂)နှစ်ကြာတာဝန်ယူပြီးနောက် ရာထူးက ထုတ်ပယ်ခံရပြီး လက်ရှိအချိန်မှာ စပါးအသင်းရဲ့စိတ်ဝင်စားမှုခံနေရကာ ဆွေးနွေးနေကြောင်းသတင်းများထွက်ပေါ်နေပါတယ်။ ဘိုင်ယန်မြူးနစ်အားကစားဒါရိုက်တာ အိုလီဗာခန်းက နည်းပြ နီဂယ်လ်မန်း လက်ထက်အတွင်းအသင်းကစားပုံတွေက စိတ်ပျက်ဖွယ်ကောင်းပြီး စစ်မှန်မှုနဲ့ကောင်းမွန်တဲ့ခြေစွမ်းမျိုးမပြနိုင်ခဲ့ကြောင်းဝေဖန်ထားပါတယ်။

zawgyi version
နည္းျပ နီဂယ္လ္မန္းကို ရာထူးကထုတ္ပယ္ၿပီး ခ်ဲလ္ဆီးနည္းျပေဟာင္းတူခ်ယ္လ္ကို နည္းျပအသစ္အျဖစ္ခန႔္အပ္လိုက္တဲ့ ဘိုင္ယန္ျမဴးနစ္
ဂ်န္ဇက္ (NP News) - မတ္ ၂၅

ဘိုင္ယန္ျမဴးနစ္အသင္းဟာ နည္းျပ ဂ်ဴလီယမ္ နီဂယ္လ္မန္းကို ရာထူးက ထုတ္ပယ္ၿပီး ခ်ဲလ္ဆီးအသင္းနည္းျပေဟာင္း တူခ်ယ္လ္ကို နည္းျပအသစ္အျဖစ္ခန႔္အပ္လိုက္ေၾကာင္းသိရပါတယ္။

ဘိုင္ယန္ျမဴးနစ္အသင္းဟာ ဘြန္ဒက္လီဂါအမွတ္ေပးဇယား ဦးေဆာင္ခြင့္ကို လက္လြတ္ဆုံးရႈံးခဲ့ၿပီးေနာက္ နည္းျပ နီဂယ္လ္မန္းကို ထုတ္ပယ္လိုက္ျခင္းျဖစ္ေၾကာင္းသိရပါတယ္။ ဘိုင္ယန္ျမဴးနစ္အသင္းဟာ ၿပီးခဲ့တဲ့ (၁ဝ)ရာသီဆက္တိုက္ ဘြန္ဒက္လီဂါအမွတ္ေပးခ်န္ပီယံဆုကို ရယူႏိုင္ခဲ့ေပမယ့္ လက္ရွိရာသီမွာေတာ့ ေဒါ့မြန္အသင္းေနာက္ တစ္မွတ္ေလ်ာ့ကာ ဒုတိယေနရာမွာရွိေနခဲ့ေၾကာင္းသိရပါတယ္။

တူခ်ယ္လ္ဟာ ဘိုင္ယန္ျမဴးနစ္အသင္းကို လာမယ့္တနလၤာေန႔မွာစတင္ကိုင္တြယ္သြားမွာျဖစ္ၿပီး ၂ဝ၂၄-၂ဝ၂၅ ခုႏွစ္အထိ အသင္းမွာဆက္ရွိမယ့္ စာခ်ဳပ္တစ္ရပ္ကိုခ်ဳပ္ဆိုသြားမွာျဖစ္ေၾကာင္းသိရပါတယ္။ တူခ်ယ္လ္ဟာ ဘိုင္ယန္ျမဴးနစ္အသင္းနည္းျပအျဖစ္ ဧၿပီလ ၁ ရက္မွာ ကစားမယ့္ ေဒါ့မြန္နဲ႔ပြဲကို စတင္တာဝန္ယူသြားမွာျဖစ္ၿပီး အဲဒီပြဲစဥ္ဟာ ႏွစ္သင္းစလုံးအတြက္ ခ်န္ပီယံဆုျဖစ္ေရး အဓိကက်တဲ့ပြဲစဥ္ျဖစ္ေနပါတယ္။

တူခ်ယ္လ္ဟာ ၿပီးခဲ့တဲ့ႏွစ္ စက္တင္ဘာလမွာ ခ်ဲလ္ဆီးနည္းျပရာထူးက ထုတ္ပယ္ခံရၿပီးေနာက္ အသင္းလက္မဲ့ျဖစ္ေနခ်ိန္မွာ ဘိုင္ယန္ျမဴးနစ္အသင္းနည္းျပအျဖစ္ခန႔္အပ္ခံရတာလည္းျဖစ္ပါတယ္။ တူခ်ယ္လ္ဟာ ခ်ဲလ္ဆီးအသင္းနည္းျပအျဖစ္တာဝန္ယူေနခ်ိန္အတြင္း ၂ဝ၂၁ ခုႏွစ္က ခ်န္ပီယံလိဂ္ဖလား ရရွိေအာင္စြမ္းေဆာင္ေပးႏိုင္ခဲ့ၿပီး ခ်ဲလ္ဆီးနည္းျပအျဖစ္ လေပါင္း (၂ဝ)ၾကာကာလအတြင္း ခ်န္ပီယံဆုေပါင္း(၃)ခုရရွိေအာင္စြမ္းေဆာင္ေပးႏိုင္ခဲ့သူျဖစ္ပါတယ္။

နီဂယ္လ္မန္းကေတာ့ ဘိုင္ယန္ျမဴးနစ္အသင္းနည္းျပအျဖစ္ (၂)ႏွစ္ၾကာတာဝန္ယူၿပီးေနာက္ ရာထူးက ထုတ္ပယ္ခံရၿပီး လက္ရွိအခ်ိန္မွာ စပါးအသင္းရဲ႕စိတ္ဝင္စားမႈခံေနရကာ ေဆြးေႏြးေနေၾကာင္းသတင္းမ်ားထြက္ေပၚေနပါတယ္။ ဘိုင္ယန္ျမဴးနစ္အားကစားဒါ႐ိုက္တာ အိုလီဗာခန္းက နည္းျပ နီဂယ္လ္မန္း လက္ထက္အတြင္းအသင္းကစားပုံေတြက စိတ္ပ်က္ဖြယ္ေကာင္းၿပီး စစ္မွန္မႈနဲ႔ေကာင္းမြန္တဲ့ေျခစြမ္းမ်ိဳးမျပႏိုင္ခဲ့ေၾကာင္းေဝဖန္ထားပါတယ္။

Related news

© 2021. All rights reserved.