၎င်းကိုတရားစွဲမည်ဆိုပါက အမေရိကန်နိုင်ငံအတွင်းပျက်စီးသေဆုံးမှုများရှိလာနိုင်ဟု အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်သတိပေး

 950

Pika (NP News) - မတ် ၂၅

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ၎င်းအနေဖြင့် တရားစွဲဆိုခံရမည်ဆိုပါက အမေရိကန်နိုင်ငံတွင်း ပျက်စီးမှုများ သို့မဟုတ် သေဆုံးမှုများရှိလာနိုင်ဖွယ်ရှိကြောင်း သတိပေးပြောဆိုခဲ့သည်။

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် အပြာမင်းသမီး Stormy Daniels နှင့်ဖြစ်ပွားသော လိင်ကိစ္စအရှုပ်အထွေးတွင် နှုတ်ပိတ်ရန် ရှေ့နေမှတစ်ဆင့် ငွေကြေးပေးရန် စီစဥ်ညွှန်ကြားခဲ့သည်ဟု စွပ်စွဲခံ ထားရကြောင်းသိရသည်။ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် ဂျူရီတရားသူကြီးများရှေ့တွင် တရားဝင်ထွက်ဆိုမှုများလုပ်ဆောင်ရန်ဖိတ်ကြားခံခဲ့ရပြီး မကြာခင်အချိန်အတွင်း Manhattan တရားရုံးက ၎င်းအားဖမ်းဆီးနိုင်သည်ဟု ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ယခုကဲ့သို့ သတိပေးပြောဆိုခဲ့ခြင်းဖြစ်သည်။

ဒေါ်နယ်ထရမ့်သည် (၂ဝ၁၆)ခုနှစ် မဲဆွယ်စည်းရုံးရေးနောက်ဆုံး ကာလအတွင်း ၎င်း၏ရှေ့နေ Michael Cohen မှတစ်ဆင့် အပြာမင်းသမီး Stormy Daniels ကို အမေရိကန်ဒေါ်လာ(၁၃ဝဝဝဝ)ပေးခဲ့သည်ဟု စွပ်စွဲခံရခြင်းဖြစ်ကြောင်းလည်း သိရသည်။ အပြာမင်းသမီးက ၎င်းသည် ဒေါ်နယ်ထရမ့်နှင့်အတူ ရှိခဲ့ဖူး သည်ဆိုသော စွပ်စွဲပြောဆိုမှုများထွက်ပေါ်လာခဲ့ပြီးနောက် တရားရုံးတွင် ဒေါ်နယ်ထရမ့်ကို တရားစွဲရန် စီစဥ်လိုက်ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါပေးချေမှုသည် ဒေါ်နယ်ထရမ့်နှင့် အပြာမင်းသမီးသရုပ်ဆောင်တို့ အတူရှိခဲ့ဖူးသည်ဆိုသည့်ကိစ္စတစ်ခုအား ထုတ်ဖော်ပြောဆိုခြင်းများမပြုလုပ်ရန်အတွက် ပေးချေခဲ့ခြင်းဖြစ်နိုင်ကြောင်း အကြံပြုပြောဆိုချက်များလည်းရှိနေသည်။ ဒေါ်နယ်ထရမ့်က ၎င်းအဖမ်းခံရမည်ဆိုပါက ထောက်ခံသူများအားလုံးကို နိုင်ငံတစ်ဝှမ်းဆန္ဒပြရန် တိုက်တွန်းတောင်းဆိုခဲ့ကြောင်းလည်းသိရသည်။

ဒေါ်နယ်ထရမ့်က ၎င်းသည် တရားရုံးတွင် အမှုရင်ဆိုင်နေချိန်အတွင်း ဖမ်းဆီးခံရနိုင်ကြောင်း ၎င်း၏အကြံ ပေးဖြစ်သူကိုပြောဆိုခဲ့သည်ဟု New York Times နှင့် The Guardian သတင်းစာများကဖော်ပြခဲ့သည်။ Manhattan တရားရုံးရှေ့နေ Alvin Bragg သည် ဒေါ်နယ်ထရမ့်အား မည်သည့်စွဲချက်မျိုးဖြင့် တရားစွဲဆိုမည်ဆိုသည့်အချက်နှင့် ဖမ်းဆီးခြင်းများ လုပ်/မလုပ်ဆိုသည့် အချက်တို့ကို လက်ရှိအချိန်အထိ အတည်ပြုပြောကြားခြင်းမျိုးမရှိသေးကြောင်းလည်းသိရသည်။ ဒေါနယ်ထရမ့်သည် လာမည့်သမ္မတရွေးကောက်ပွဲတွင် ပါဝင်ယှဥ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် စွပ်စွဲချက်များ၊ စုံစမ်းစစ်‌ဆေးမှုများနှင့် ဆက်တိုက်ရင်ဆိုင်နေခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။

zawgyi version
၎ကိုတရားစြဲမည္ဆိုပါက အေမရိကန္ႏိုင္ငံအတြင္းပ်က္စီးေသဆုံးမႈမ်ားရွိလာႏိုင္ဟု အေမရိကန္သမၼတေဟာင္း ေဒၚနယ္ထရမ့္သတိေပး
Pika (NP News) - မတ္ ၂၅

အေမရိကန္သမၼတေဟာင္း ေဒၚနယ္ထရမ့္က ၎အေနျဖင့္ တရားစြဲဆိုခံရမည္ဆိုပါက အေမရိကန္ႏိုင္ငံတြင္း ပ်က္စီးမႈမ်ား သို႔မဟုတ္ ေသဆုံးမႈမ်ားရွိလာႏိုင္ဖြယ္ရွိေၾကာင္း သတိေပးေျပာဆိုခဲ့သည္။

အေမရိကန္သမၼတေဟာင္း ေဒၚနယ္ထရမ့္သည္ အျပာမင္းသမီး Stormy Daniels ႏွင့္ျဖစ္ပြားေသာ လိင္ကိစၥအရႈပ္အေထြးတြင္ ႏႈတ္ပိတ္ရန္ ေရွ႕ေနမွတစ္ဆင့္ ေငြေၾကးေပးရန္ စီစဥ္ၫႊန္ၾကားခဲ့သည္ဟု စြပ္စြဲခံ ထားရေၾကာင္းသိရသည္။ အေမရိကန္သမၼတေဟာင္း ေဒၚနယ္ထရမ့္သည္ ဂ်ဴရီတရားသူႀကီးမ်ားေရွ႕တြင္ တရားဝင္ထြက္ဆိုမႈမ်ားလုပ္ေဆာင္ရန္ဖိတ္ၾကားခံခဲ့ရၿပီး မၾကာခင္အခ်ိန္အတြင္း Manhattan တရား႐ုံးက ၎အားဖမ္းဆီးႏိုင္သည္ဟု ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ ယခုကဲ့သို႔ သတိေပးေျပာဆိုခဲ့ျခင္းျဖစ္သည္။

ေဒၚနယ္ထရမ့္သည္ (၂ဝ၁၆)ခုႏွစ္ မဲဆြယ္စည္း႐ုံးေရးေနာက္ဆုံး ကာလအတြင္း ၎၏ေရွ႕ေန Michael Cohen မွတစ္ဆင့္ အျပာမင္းသမီး Stormy Daniels ကို အေမရိကန္ေဒၚလာ(၁၃ဝဝဝဝ)ေပးခဲ့သည္ဟု စြပ္စြဲခံရျခင္းျဖစ္ေၾကာင္းလည္း သိရသည္။ အျပာမင္းသမီးက ၎သည္ ေဒၚနယ္ထရမ့္ႏွင့္အတူ ရွိခဲ့ဖူး သည္ဆိုေသာ စြပ္စြဲေျပာဆိုမႈမ်ားထြက္ေပၚလာခဲ့ၿပီးေနာက္ တရား႐ုံးတြင္ ေဒၚနယ္ထရမ့္ကို တရားစြဲရန္ စီစဥ္လိုက္ျခင္းျဖစ္ေၾကာင္းသိရသည္။

အဆိုပါေပးေခ်မႈသည္ ေဒၚနယ္ထရမ့္ႏွင့္ အျပာမင္းသမီးသ႐ုပ္ေဆာင္တို႔ အတူရွိခဲ့ဖူးသည္ဆိုသည့္ကိစၥတစ္ခုအား ထုတ္ေဖာ္ေျပာဆိုျခင္းမ်ားမျပဳလုပ္ရန္အတြက္ ေပးေခ်ခဲ့ျခင္းျဖစ္ႏိုင္ေၾကာင္း အႀကံျပဳေျပာဆိုခ်က္မ်ားလည္းရွိေနသည္။ ေဒၚနယ္ထရမ့္က ၎အဖမ္းခံရမည္ဆိုပါက ေထာက္ခံသူမ်ားအားလုံးကို ႏိုင္ငံတစ္ဝွမ္းဆႏၵျပရန္ တိုက္တြန္းေတာင္းဆိုခဲ့ေၾကာင္းလည္းသိရသည္။

ေဒၚနယ္ထရမ့္က ၎သည္ တရား႐ုံးတြင္ အမႈရင္ဆိုင္ေနခ်ိန္အတြင္း ဖမ္းဆီးခံရႏိုင္ေၾကာင္း ၎၏အႀကံ ေပးျဖစ္သူကိုေျပာဆိုခဲ့သည္ဟု New York Times ႏွင့္ The Guardian သတင္းစာမ်ားကေဖာ္ျပခဲ့သည္။ Manhattan တရား႐ုံးေရွ႕ေန Alvin Bragg သည္ ေဒၚနယ္ထရမ့္အား မည္သည့္စြဲခ်က္မ်ိဳးျဖင့္ တရားစြဲဆိုမည္ဆိုသည့္အခ်က္ႏွင့္ ဖမ္းဆီးျခင္းမ်ား လုပ္/မလုပ္ဆိုသည့္ အခ်က္တို႔ကို လက္ရွိအခ်ိန္အထိ အတည္ျပဳေျပာၾကားျခင္းမ်ိဳးမရွိေသးေၾကာင္းလည္းသိရသည္။ ေဒါနယ္ထရမ့္သည္ လာမည့္သမၼတေ႐ြးေကာက္ပြဲတြင္ ပါဝင္ယွဥ္ၿပိဳင္ရန္ ဆုံးျဖတ္ခဲ့ၿပီးေနာက္ စြပ္စြဲခ်က္မ်ား၊ စုံစမ္းစစ္‌ေဆးမႈမ်ားႏွင့္ ဆက္တိုက္ရင္ဆိုင္ေနခဲ့ရျခင္းျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.