ပရာယွတ်ချန်အိုချာကို လာမယ့် ထိုင်းရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်နေရာအတွက် ယှဉ်ပြိုင်ဖို့ ရွေးချယ်

 463

ဂျန်ဇက် (NP News) - မတ် ၂၆

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာဟာ အစောပိုင်းက သတင်းများထွက်ပေါ်နေတဲ့အတိုင်း လာမယ့် မေလမှာ ကျင်းပမယ့်ရွေးကောက်ပွဲအတွင်း ဝန်ကြီးချုပ်နေရာအတွက် ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံရေးပါတီအသစ်ဖြစ်တဲ့ ညီညွှတ်တဲ့ ထိုင်းအမျိုးသားပါတီဟာ ချန်အိုချာကို ပါတီကိုယ်စားပြု ဝန်ကြီးချုပ် လောင်းအဖြစ် ရွေးချယ်ခဲ့ကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံရေးပါတီတစ်ခုဟာ ဝန်ကြီးချုပ်နေရာအတွက် ကိုယ်စားလှယ်လောင်း သုံးဦး ယှဉ်ပြိုင်ခွင့်ရရှိမှာဖြစ်ပြီး အဆိုပါပါတီက နိုင်ငံတဝှမ်းမှာ ယှဉ်ပြိုင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်း ၄ဝဝ ဦးရဲ့အမည်စာရင်းကို ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ လာမယ့်ရွေးကောက်ပွဲကို မေလ ၁၄ ရက်မှာ ကျင်းပမှာဖြစ်ရာ ရွေးကောက်ပွဲအတွက် ပါတီ ကြိုတင် ပြင်ဆင်မှုအသီးသီးလုပ်ဆောင်နေကြောင်း သိရပါတယ်။ ပရာယွတ်ချန်အိုချာက သူ့အပေါ် ယုံကြည်မှုအပြည့်အဝ ထားပြီး ပါတီရဲ့ဝန်ကြီးချုပ်လောင်းတစ်ဦးအဖြစ် ရွေးချယ်ခြင်းအပေါ် ကျေးဇူးတင်ကြောင်း ဆိုပါတယ်။

အဆိုပါ ညီညွှတ်သောထိုင်းအမျိုးသား ပါတီဟာ တည်ထောင်ထားတာအချိန်အားဖြင့် ၇ လ သက်တမ်းကျော်သာ ရှိခဲ့ပေမယ့်လည်း ထိုင်းနိုင်ငံရေးလောကမှ စိန်ခေါ်မှုအသစ်များ ရင်ဆိုင်ရမှာမဟုတ်ကြောင်း၊ ပါတီရဲ့ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေဟာ လက်ရှိအစိုးရအကောင်အထည်ဖော်နေတဲ့ မူဝါဒများနဲ့ကိုက်ညီမှုရှိကြောင်း ပရာယွတ် ချန်အိုချာ က ပြောပါတယ်။

ထိုင်းဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်တဲ့ ချန်အိုချာဟာ Palang Pracharath ပလန်ပရာချာရက်ပါတီကနေ ညီညွှတ် သော ထိုင်းအမျိုးသားပါတီကို ပြောင်းရွှေ့လာခဲ့သူဖြစ်ကြောင်း သိရပါတယ်။ ပရာယွတ်ချန်အိုချာက ၎င်းတို့ ပါတီ အနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ အနိုင်ရပြီး အစိုးရဖွဲ့ဖို့ အခြားသူများနဲ့ ပူးပေါင်းရမယ်လို့ မယုံကြည်ကြောင်း ပြောပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့သမီးဖြစ်သူ ဦးဆောင်တဲ့ ဖြူထိုင်းပါတီက ရေပန်း အစားဆုံးဖြစ်နေပြီး ပရာယွတ်ချန်အိုချာဟာ သက်ဆင်ရဲ့သမီးဖြစ်သူနဲ့ အဓိကထားယှဉ်ပြိုင်ရဖွယ်ရှိနေကြောင်း သိရပါတယ်။

Zawgyi Version;
ပရာယြတ္ခ်န္အိုခ်ာကို လာမယ့္ ထိုင္းေ႐ြးေကာက္ပြဲမွာ ဝန္ႀကီးခ်ဳပ္ေနရာအတြက္ ယွဥ္ၿပိဳင္ဖို႔ ေ႐ြးခ်ယ္
ဂ်န္ဇက္ (NP News) - မတ္ ၂၆

ထိုင္းဝန္ႀကီးခ်ဳပ္ ပရာယြတ္ခ်န္အိုခ်ာဟာ အေစာပိုင္းက သတင္းမ်ားထြက္ေပၚေနတဲ့အတိုင္း လာမယ့္ ေမလမွာ က်င္းပမယ့္ေ႐ြးေကာက္ပြဲအတြင္း ဝန္ႀကီးခ်ဳပ္ေနရာအတြက္ ပါဝင္ယွဥ္ၿပိဳင္သြားမွာျဖစ္ေၾကာင္း သိရပါတယ္။

ထိုင္းႏိုင္ငံေရးပါတီအသစ္ျဖစ္တဲ့ ညီၫႊတ္တဲ့ ထိုင္းအမ်ိဳးသားပါတီဟာ ခ်န္အိုခ်ာကို ပါတီကိုယ္စားျပဳ ဝန္ႀကီးခ်ဳပ္ ေလာင္းအျဖစ္ ေ႐ြးခ်ယ္ခဲ့ေၾကာင္း သိရပါတယ္။ ထိုင္းႏိုင္ငံေရးပါတီတစ္ခုဟာ ဝန္ႀကီးခ်ဳပ္ေနရာအတြက္ ကိုယ္စားလွယ္ေလာင္း သုံးဦး ယွဥ္ၿပိဳင္ခြင့္ရရွိမွာျဖစ္ၿပီး အဆိုပါပါတီက ႏိုင္ငံတဝွမ္းမွာ ယွဥ္ၿပိဳင္မယ့္ လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ၄ဝဝ ဦးရဲ႕အမည္စာရင္းကို ထုတ္ျပန္လိုက္ၿပီျဖစ္ပါတယ္။

ထိုင္းႏိုင္ငံမွာ လာမယ့္ေ႐ြးေကာက္ပြဲကို ေမလ ၁၄ ရက္မွာ က်င္းပမွာျဖစ္ရာ ေ႐ြးေကာက္ပြဲအတြက္ ပါတီ ႀကိဳတင္ ျပင္ဆင္မႈအသီးသီးလုပ္ေဆာင္ေနေၾကာင္း သိရပါတယ္။ ပရာယြတ္ခ်န္အိုခ်ာက သူ႔အေပၚ ယုံၾကည္မႈအျပည့္အဝ ထားၿပီး ပါတီရဲ႕ဝန္ႀကီးခ်ဳပ္ေလာင္းတစ္ဦးအျဖစ္ ေ႐ြးခ်ယ္ျခင္းအေပၚ ေက်းဇူးတင္ေၾကာင္း ဆိုပါတယ္။

အဆိုပါ ညီၫႊတ္ေသာထိုင္းအမ်ိဳးသား ပါတီဟာ တည္ေထာင္ထားတာအခ်ိန္အားျဖင့္ ၇ လ သက္တမ္းေက်ာ္သာ ရွိခဲ့ေပမယ့္လည္း ထိုင္းႏိုင္ငံေရးေလာကမွ စိန္ေခၚမႈအသစ္မ်ား ရင္ဆိုင္ရမွာမဟုတ္ေၾကာင္း၊ ပါတီရဲ႕ေ႐ြးေကာက္ပြဲ မဲဆြယ္စည္း႐ုံးမႈေတြဟာ လက္ရွိအစိုးရအေကာင္အထည္ေဖာ္ေနတဲ့ မူဝါဒမ်ားနဲ႔ကိုက္ညီမႈရွိေၾကာင္း ပရာယြတ္ ခ်န္အိုခ်ာ က ေျပာပါတယ္။

ထိုင္းဗိုလ္ခ်ဳပ္ႀကီးေဟာင္းတစ္ဦးျဖစ္တဲ့ ခ်န္အိုခ်ာဟာ Palang Pracharath ပလန္ပရာခ်ာရက္ပါတီကေန ညီၫႊတ္ ေသာ ထိုင္းအမ်ိဳးသားပါတီကို ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ေၾကာင္း သိရပါတယ္။ ပရာယြတ္ခ်န္အိုခ်ာက ၎တို႔ ပါတီ အေနနဲ႔ လာမယ့္ေ႐ြးေကာက္ပြဲမွာ အႏိုင္ရၿပီး အစိုးရဖြဲ႕ဖို႔ အျခားသူမ်ားနဲ႔ ပူးေပါင္းရမယ္လို႔ မယုံၾကည္ေၾကာင္း ေျပာပါတယ္။

လာမယ့္ေ႐ြးေကာက္ပြဲမွာ ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္ရဲ႕သမီးျဖစ္သူ ဦးေဆာင္တဲ့ ျဖဴထိုင္းပါတီက ေရပန္း အစားဆုံးျဖစ္ေနၿပီး ပရာယြတ္ခ်န္အိုခ်ာဟာ သက္ဆင္ရဲ႕သမီးျဖစ္သူနဲ႔ အဓိကထားယွဥ္ၿပိဳင္ရဖြယ္ရွိေနေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.