မန္တလေး-ရွှေဘိုကားလမ်းတွင် မိုင်းပေါက်ကွဲမှု (၃)နေရာဖြစ်ပွားခဲ့ရာ ကားအချို့မိုင်းထိမှန်ပြီး ရဟန်း(၁) ပါးအပါအဝင် (၇)ဦးဒဏ်ရာရရှိ

 2128

Pearl (NP News) - မတ် ၂၆

မန္တလေး-ရွှေဘိုကားလမ်းရှိ နေရာ(၃)ခုတွင် မိုင်း‌ပေါက်ကွဲမှုဖြစ်ပွားကာ ကားအချို့မိုင်းထိမှန်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူများလည်းရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (မတ်လ ၂၅ ရက်)၊ ညနေ (၃)နာရီခွဲအချိန်ခန့်တွင် မန္တလေး-ရွှေဘိုကားလမ်းရှိ တဂဏန်းနှင့် ဇီးတောကြား အပါအဝင် ရွှေမိဆီဆိုင်အနီးတို့၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါနေရာများတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် “ဒို့လူပျို”ခရီးသည်တင်ကား၊ “အောင်ရတနာ” ခရီသည်တင်ကား၊ ကုန်တင်ဒိုင်နာ (၁)စီး နှင့် ဆိုင်ကယ်(၁) စီးတို့ မိုင်းထိမှန်ခဲ့ကြောင်း မြန်မာနိုင်ငံ Rescue လူမှုကယ်ဆယ်ရေးအဖွဲ့ ရွှေဘိုခရိုင်ထံမှ သိရသည်။

"ဖြစ်စဉ်က မိုင်းထိတာပေါ့၊ ခရီးသည်တင် အန်စာတုံး (၂)စီး၊ ကုန်တင်ဒိုင်နာ(၁)စီး၊ ဆိုင်ကယ်တစ်စီးထိတယ်၊ အမျိုးသား (၄)ဦး၊ ဦးဇင်း (၁)ပါး၊ အမျိုးသမီး (၂)ဦး ဒဏ်ရာရတယ်။ မိုင်းက ၃ နေရာ ပေါက်တာ" ဟု မြန်မာနိုင်ငံ Rescue လူမှုကယ်ဆယ်ရေးအဖွဲ့ ရွှေဘိုခရိုင် ၏ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

မိုင်းပေါက်ကွဲမှုကြောင့် ရဟန်း တစ်ပါးအပါအဝင် အမျိုးသား(၄)ဦးနှင့် အမျိုးသမီး(၂)ဦး စုစုပေါင်း(၇)ဦးဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အား ရွှေဘိုဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ (၇)ဦးအနက် အမျိုးသား(၂)ဦးသည် ညာဘက်လည်ပင်းတွင် ပေါက်ပြဲဒဏ်ရာ၊ ခြေ ထောက်ပေါက်ပြဲဒဏ်ရာတို့ရရှိခဲ့ပြီး စိုးရိမ်ဖွယ်ရာရှိနေကြောင်း သိရသည်။

zawgyi version
မႏၲေလး-ေ႐ႊဘိုကားလမ္းတြင္ မိုင္းေပါက္ကြဲမႈ (၃)ေနရာျဖစ္ပြားခဲ့ရာ ကားအခ်ိဳ႕မိုင္းထိမွန္ၿပီး ရဟန္း(၁) ပါးအပါအဝင္ (၇)ဦးဒဏ္ရာရရွိ

Pearl (NP News) - မတ္ ၂၆

မႏၲေလး-ေ႐ႊဘိုကားလမ္းရွိ ေနရာ(၃)ခုတြင္ မိုင္း‌ေပါက္ကြဲမႈျဖစ္ပြားကာ ကားအခ်ိဳ႕မိုင္းထိမွန္ခဲ့ၿပီး ထိခိုက္ဒဏ္ရာရရွိခဲ့သူမ်ားလည္းရွိခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (မတ္လ ၂၅ ရက္)၊ ညေန (၃)နာရီခြဲအခ်ိန္ခန႔္တြင္ မႏၲေလး-ေ႐ႊဘိုကားလမ္းရွိ တဂဏန္းႏွင့္ ဇီးေတာၾကား အပါအဝင္ ေ႐ႊမိဆီဆိုင္အနီးတို႔၌ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါေနရာမ်ားတြင္ မိုင္းေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး ေပါက္ကြဲမႈေၾကာင့္ “ဒို႔လူပ်ိဳ”ခရီးသည္တင္ကား၊ “ေအာင္ရတနာ” ခရီသည္တင္ကား၊ ကုန္တင္ဒိုင္နာ (၁)စီး ႏွင့္ ဆိုင္ကယ္(၁) စီးတို႔ မိုင္းထိမွန္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံ Rescue လူမႈကယ္ဆယ္ေရးအဖြဲ႕ ေ႐ႊဘိုခ႐ိုင္ထံမွ သိရသည္။

"ျဖစ္စဥ္က မိုင္းထိတာေပါ့၊ ခရီးသည္တင္ အန္စာတုံး (၂)စီး၊ ကုန္တင္ဒိုင္နာ(၁)စီး၊ ဆိုင္ကယ္တစ္စီးထိတယ္၊ အမ်ိဳးသား (၄)ဦး၊ ဦးဇင္း (၁)ပါး၊ အမ်ိဳးသမီး (၂)ဦး ဒဏ္ရာရတယ္။ မိုင္းက ၃ ေနရာ ေပါက္တာ" ဟု ျမန္မာႏိုင္ငံ Rescue လူမႈကယ္ဆယ္ေရးအဖြဲ႕ ေ႐ႊဘိုခ႐ိုင္ ၏ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

မိုင္းေပါက္ကြဲမႈေၾကာင့္ ရဟန္း တစ္ပါးအပါအဝင္ အမ်ိဳးသား(၄)ဦးႏွင့္ အမ်ိဳးသမီး(၂)ဦး စုစုေပါင္း(၇)ဦးဒဏ္ရာရရွိခဲ့ၿပီး ၎တို႔အား ေ႐ႊဘိုေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

အဆိုပါ (၇)ဦးအနက္ အမ်ိဳးသား(၂)ဦးသည္ ညာဘက္လည္ပင္းတြင္ ေပါက္ၿပဲဒဏ္ရာ၊ ေျခ ေထာက္ေပါက္ၿပဲဒဏ္ရာတို႔ရရွိခဲ့ၿပီး စိုးရိမ္ဖြယ္ရာရွိေနေၾကာင္း သိရသည္။

Picture

Htun Aung Kyaw

27/03/2023 11:13

ဟူး

Related news

© 2021. All rights reserved.