မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသား(၁)ဦး အလုပ်လုပ်နေစဉ် ရုတ်တရက်သေဆုံးမှုဖြစ်ပွား

 1375

စော (NP News) - မတ် ၂၆

မလေးရှားနိုင်ငံ၊ ဓမ္မဆာရာတွင် နေထိုင်သော မြန်မာနိုင်ငံသားတစ်ဦး အလုပ်လုပ်ကိုင်နေစဉ် ရုတ်တရက်သေဆုံးသွားကြောင်း သတင်းရရှိသည်။

နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)မှ ယမန်နေ့ (မတ် လ ၂၅)ရက်တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ မြန်မာအမျိုးသားတစ်ဦးသည် မလေးရှားနိုင်ငံ၊ ဓမ္မဆာရာရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်နေစဉ် ရုတ်တရက် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအမျိုးသားသည် ကိုဝင်းဆန်းလင်း(၂၇)နှစ်ဖြစ်ပြီး မကွေးတိုင်း၊ စေတုတ္ထရာမြို့နယ်၊ ဘူးရွာတွင် နေထိုင်သူဖြစ်ကြောင်း နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)မှ ဆိုသည်။

၎င်းအား နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)မှ ကွာလာလမ်ပူ၊ ချဲရတ်ဂျလန်ကွာလီသုဿန်သို့ ပို့ဆောင်ပေးခဲ့ကြောင်း အသိပေးထုတ်ပြန်ထားသည်။

zawgyi version

စော (NP News) - မတ် ၂၆






Related news

© 2021. All rights reserved.