ငွေကျပ်သန်း (၁ဝဝဝဝ)ကျော် အကုန်အကျခံတည်ဆောက်ထားသည့် ထားဝယ်မြို့ရှိ ကမြောကင်းတံတားသစ် ဖွင့်လှစ်

 800

ယွန်း (NP News) - မတ် ၂၇

ထားဝယ်မြို့နှင့် လောင်းလုံးမြို့တို့ကို ဆက်သွယ်ပေးထားသည့် ကမြောကင်းတံတားသစ်ကို ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ တံတားသစ်ဖွင့်ပွဲအခမ်းအနားကို မတ်လ(၂၆)ရက်တွင် ကျင်းပခဲ့ခြင်းဖြစ် သည်။

ထားဝယ်မြို့၊ ထားဝယ်- ကမြောကင်း- လောင်းလုံးလမ်းပေါ်ရှိ ကမြောကင်းတံတားသစ် တည်ဆောက်ရေး စီမံကိန်းကို ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါ ရီလ(၁၆)ရက်မှစတင်ကာ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ပြည်သူများသွားလာရေး အဆင်ပြေစေရန်နှင့် လမ်းပန်းဆက်သွယ်ရေး တိုးတက်စေရန်အတွက် အဆိုပါစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၄)က တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂ဝ၂၃ ခုနှစ်၊ မတ်လ(၁၅) ရက်‌တွင် တည်ဆောက်မှုများပြီးစီးခဲ့ကြောင်း သိရသည်။

ကမြောကင်းတံတားကြီးသည် အရှည်ပေ(၁ဝ၅ဝ)ရှိပြီး အခြားတံတားများ၏ ဒီဇိုင်းများနှင့်မတူဘဲ ထားဝယ်မြို့၏ Landmark ဖြစ်စေရန် Steel Arch Type ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ကမြောကင်းတံတားသည် တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်- ကမြောကင်း- မောင်းမကန်လမ်းပေါ်တွင် တည်ရှိသည်။

ထားဝယ်မြစ်ကို ဖြစ်သန်းပြီး ကမြောကင်းတံတားဟောင်းကို ၁၉၇၂ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၇၅ ခုနှစ်တွင် စတင်အသုံးပြုခဲ့ကြောင်း သိရသည်။

လက်ရှိတွင် တံတားအဟောင်း၏ အကျယ်သည် လုံလောက်မှုရှိသော်လည်း တိုးမြင့်လာသောလူဦးရေနှင့် တစ်ဦးချင်း ယာဥ်အသုံးပြုမှု ပမာဏမြင့်တက်လာခြင်းကြောင့် နှစ်လမ်းသွားတံတားဖြစ်သည့် ကမြောကင်းတံတားအသစ်ကို ထပ်မံ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းအတွက် ခန့်မှန်းစီမံကိန်း တန်ဖိုးငွေကျပ် သန်း (၁ဝ၆ဝဝ) အပါ အဝင် ချဉ်းကပ်လမ်း အတွက် ငွေကျပ် သန်း (၁၅ဝဝ) အကုန်အကျခံကာ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

zawgyi version
ေငြက်ပ္သန္း (၁ဝဝဝဝ)ေက်ာ္ အကုန္အက်ခံတည္ေဆာက္ထားသည့္ ထားဝယ္ၿမိဳ႕ရွိ ကေျမာကင္းတံတားသစ္ ဖြင့္လွစ္

ယြန္း (NP News) - မတ္ ၂၇

ထားဝယ္ၿမိဳ႕ႏွင့္ ေလာင္းလုံးၿမိဳ႕တို႔ကို ဆက္သြယ္ေပးထားသည့္ ကေျမာကင္းတံတားသစ္ကို ဖြင့္လွစ္လိုက္ၿပီျဖစ္ေၾကာင္း သိရသည္။

အဆိုပါ တံတားသစ္ဖြင့္ပြဲအခမ္းအနားကို မတ္လ(၂၆)ရက္တြင္ က်င္းပခဲ့ျခင္းျဖစ္ သည္။

ထားဝယ္ၿမိဳ႕၊ ထားဝယ္- ကေျမာကင္း- ေလာင္းလုံးလမ္းေပၚရွိ ကေျမာကင္းတံတားသစ္ တည္ေဆာက္ေရး စီမံကိန္းကို ၿပီးခဲ့သည့္ ၂ဝ၂၁ ခုႏွစ္၊ ေဖေဖာ္ဝါ ရီလ(၁၆)ရက္မွစတင္ကာ တည္ေဆာက္ခဲ့ျခင္းျဖစ္သည္။

ျပည္သူမ်ားသြားလာေရး အဆင္ေျပေစရန္ႏွင့္ လမ္းပန္းဆက္သြယ္ေရး တိုးတက္ေစရန္အတြက္ အဆိုပါစီမံကိန္းကို ေဆာက္လုပ္ေရးဝန္ႀကီးဌာန တံတားဦးစီးဌာန တည္ေဆာက္ေရးအဖြဲ႕(၄)က တာဝန္ယူတည္ေဆာက္ခဲ့ျခင္းျဖစ္ၿပီး ၂ဝ၂၃ ခုႏွစ္၊ မတ္လ(၁၅) ရက္‌တြင္ တည္ေဆာက္မႈမ်ားၿပီးစီးခဲ့ေၾကာင္း သိရသည္။

ကေျမာကင္းတံတားႀကီးသည္ အရွည္ေပ(၁ဝ၅ဝ)ရွိၿပီး အျခားတံတားမ်ား၏ ဒီဇိုင္းမ်ားႏွင့္မတူဘဲ ထားဝယ္ၿမိဳ႕၏ Landmark ျဖစ္ေစရန္ Steel Arch Type ျဖင့္ တည္ေဆာက္ခဲ့ျခင္းျဖစ္သည္။

ကေျမာကင္းတံတားသည္ တနသၤာရီတိုင္း၊ ထားဝယ္ခ႐ိုင္၊ ထားဝယ္- ကေျမာကင္း- ေမာင္းမကန္လမ္းေပၚတြင္ တည္ရွိသည္။

ထားဝယ္ျမစ္ကို ျဖစ္သန္းၿပီး ကေျမာကင္းတံတားေဟာင္းကို ၁၉၇၂ ခုႏွစ္တြင္ စတင္တည္ေဆာက္ခဲ့ၿပီး ၁၉၇၅ ခုႏွစ္တြင္ စတင္အသုံးျပဳခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ တံတားအေဟာင္း၏ အက်ယ္သည္ လုံေလာက္မႈရွိေသာ္လည္း တိုးျမင့္လာေသာလူဦးေရႏွင့္ တစ္ဦးခ်င္း ယာဥ္အသုံးျပဳမႈ ပမာဏျမင့္တက္လာျခင္းေၾကာင့္ ႏွစ္လမ္းသြားတံတားျဖစ္သည့္ ကေျမာကင္းတံတားအသစ္ကို ထပ္မံ တည္ေဆာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ စီမံကိန္းအတြက္ ခန႔္မွန္းစီမံကိန္း တန္ဖိုးေငြက်ပ္ သန္း (၁ဝ၆ဝဝ) အပါ အဝင္ ခ်ဥ္းကပ္လမ္း အတြက္ ေငြက်ပ္ သန္း (၁၅ဝဝ) အကုန္အက်ခံကာ တည္ေဆာက္ခဲ့ျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.