ဘုရားပွဲတွင် ပင်လယ်ဓားပြရဟတ်စင် ပြိုကျခဲ့ရာ (၁ဝ)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိမှု ပဲခူး၌ဖြစ်ပွား

 1231

စော (NP News) - မတ် ၂၇

ပဲခူးမြို့(အရှေ့ပိုင်း)၊ ဟင်္သာကုန်းအစုရှိ ရွှေမော်ဓောဘုရားပွဲတွင် ပင်လယ်ဓားပြရဟတ်စင် ပြိုကျခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (မတ်လ ၂၆ ရက်) ၊ ည(၈)နာရီဝန်းကျင်အချိန်တွင် ဖြစ်ပွားခဲ့ကြောင်း တူညီမေတ္တာရှင်လူမှုကူညီရေးအသင်းမှ သိရသည်။

အဆိုပါဖြစ်စဥ်မှာ ဘုရားပွဲအတွင်းရှိ ပင်လယ်ဓားပြအပျော်စီးလှေကို စီးနင်းရန်အတွက် ငြမ်းစင်ပေါ်သို့ တက်လာသူနှင့် ပြန်ဆင်းသည့် လူများစုံ၍ လူဝိတ်များပြီး ငြမ်းစင်ပြိုကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ငြမ်းစင်ပြိုကျတာပါ။ လူဝိတ်များပြီးပြိုကျသွားတာပါ။ အသေအပျောက်မရှိပါဘူး။ ထိခိုက်ဒဏ်ရာရရှိသူတွေကတော့ (၁ဝ)ယောက် ၊ (၁၁)ယောက်လောက်ပဲရှိတာပါ”ဟု တူညီမေတ္တာရှင်အသင်းမှတာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါ ဖြစ်စဥ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ (၁ဝ)ဦးထက်မနည်းရှိခဲ့ပြီး ၎င်းတို့အား တူညီမေတ္တာရှင်အသင်းမှ ပဲခူးဆေးရုံသို့ပိုဆောင်ပေးခဲ့ကြောင်း သိရသည်။

zawgyi version
ဘုရားပြဲတြင္ ပင္လယ္ဓားျပရဟတ္စင္ ၿပိဳက်ခဲ့ရာ (၁ဝ)ဦးထက္မနည္း ထိခိုက္ဒဏ္ရာရရွိမႈ ပဲခူး၌ျဖစ္ပြား

ေစာ (NP News) - မတ္ ၂၇

ပဲခူးၿမိဳ႕(အေရွ႕ပိုင္း)၊ ဟသၤာကုန္းအစုရွိ ေ႐ႊေမာ္ေဓာဘုရားပြဲတြင္ ပင္လယ္ဓားျပရဟတ္စင္ ၿပိဳက်ခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (မတ္လ ၂၆ ရက္) ၊ ည(၈)နာရီဝန္းက်င္အခ်ိန္တြင္ ျဖစ္ပြားခဲ့ေၾကာင္း တူညီေမတၱာရွင္လူမႈကူညီေရးအသင္းမွ သိရသည္။

အဆိုပါျဖစ္စဥ္မွာ ဘုရားပြဲအတြင္းရွိ ပင္လယ္ဓားျပအေပ်ာ္စီးေလွကို စီးနင္းရန္အတြက္ ျငမ္းစင္ေပၚသို႔ တက္လာသူႏွင့္ ျပန္ဆင္းသည့္ လူမ်ားစုံ၍ လူဝိတ္မ်ားၿပီး ျငမ္းစင္ၿပိဳက်ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ျငမ္းစင္ၿပိဳက်တာပါ။ လူဝိတ္မ်ားၿပီးၿပိဳက်သြားတာပါ။ အေသအေပ်ာက္မရွိပါဘူး။ ထိခိုက္ဒဏ္ရာရရွိသူေတြကေတာ့ (၁ဝ)ေယာက္ ၊ (၁၁)ေယာက္ေလာက္ပဲရွိတာပါ”ဟု တူညီေမတၱာရွင္အသင္းမွတာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါ ျဖစ္စဥ္ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိခဲ့သူ (၁ဝ)ဦးထက္မနည္းရွိခဲ့ၿပီး ၎တို႔အား တူညီေမတၱာရွင္အသင္းမွ ပဲခူးေဆး႐ုံသို႔ပိုေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.