အမေရိကန်အနေနဲ့ တရုတ်နိုင်ငံရဲ့အသံထက်မြန်တဲ့ဒုံးကျည်နဲ့ ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရဖွယ်ရှိနေ

 1243

ဂျန်ဇက် (NP News) - မတ် ၂၇

အမေရိကန်ဟာ တရုတ်နိုင်ငံရဲ့အသံထက်မြန်တဲ့ ဒုံးကျည်များ နဲ့ ခြိမ်းခြောက်မှုများအပေါ် စိုးရိမ်ရဖွယ်ရှိနေကြောင်း အမေရိကန်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဝေဖန်လိုက်ပါတယ်။

အမေရိကန်လေတပ်ဟာ အသံထက်မြန်တဲ့ ဒုံးကျည်စမ်းသပ်မှုများ လုပ်ဆောင်ခဲ့ပေမယ့်လည်း မျှော်လင့် သလောက် အောင်မြင်မှုမရသေးကြောင်း မကြာသေးမီက နှစ်ကြိမ်စမ်းခဲ့ရာမှာ တစ်ကြိမ်သာ အောင်မြင်ကြောင်း လူသိရှင်ကြားကြေညာခဲ့ပြီး ဒုတိယအကြိမ်ကိုတော့ အသေးစိတ်ထုတ်ပြန်ခြင်းမရှိကြောင်း သိရပါတယ်။

အသံထက်မြန်တဲ့ဒုံးကျည် နည်းပညာပိုင်းမှာ အမေရိကန်ဟာ ရုရှားနဲ့ တရုတ်နိုင်ငံတို့နောက် ရောက်ရှိနေကြောင်း သုံးသပ်မှုများ ရှိနေပါတယ်။ အမေရိကန်လွှတ်တော်ကိုယ်စားလှယ် Doug Lambornက တရုတ်နိုင်ငံရဲ့ အသံထက် မြန်တဲ့ ဒုံးကျည်လုပ်ဆောင်မှုတွေဟာ အမေရိကန်နိုင်ငံကို ခြိမ်းခြောက်နိုင်စွမ်းရှိနေကြောင်း ပြောပါတယ်။

၎င်းက "ကျွန်တော်တို့ဟာ အသံထက်မြန်တဲ့ဒုံးကျည်နဲ့ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ခြိမ်းခြောက်မှုတွေကို စိုးရိမ်နေရ တယ်။ အသံထက်မြန်တဲ့ဒုံးကျည်စမ်းသပ်ရာမှာ ငွေကြေးပိုင်း၊ သုတေသနပိုင်း၊ ဖွံ့ဖြိုးအောင်မြင်မှုပိုင်းတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေဖြစ်စေခဲ့တယ်" လို့ပြောပါတယ်။

အမေရိကန်ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အသံထက်မြန်တဲ့ဒုံးကျည်နဲ့ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှု အများအပြား လုပ်ခဲ့ပေမယ့်လည်း မျှော်လင့်သလောက် အောင်မြင်မှုမရသေးကြောင်း သိရပါတယ်။ ၂ဝ၂၁ ခုနှစ်အတွင်း အသံထက်မြန်တဲ့ဒုံးကျည်စမ်းသပ်မှု သုံးကြိမ်လုပ်ဆောင်ခဲ့ရာ သုံးကြိမ်စလုံး မအောင်မြင်ခဲ့ကြောင်း သိရပါတယ်။

အမေရိကန်ဟာ မတ်လ ၁၃ ရက်မှာ လေယာဉ်ပေါ်မှ ပစ်လွှတ်နိုင်တဲ့ အသံထက်မြန်တဲ့ ဒုံးကျည်အမျိုးအစားဖြစ်တဲ့ (ARRW) ကို B-52 ဗုံးကြဲလေယာဉ်ပေါ်ကနေ စမ်းသပ်ခဲ့ရာ အောင်မြင်မှုမရခဲ့ကြောင်း သိရပါတယ်။

Zawgyi Version;
အေမရိကန္အေနနဲ႔ တ႐ုတ္ႏိုင္ငံရဲ႕အသံထက္ျမန္တဲ့ဒုံးက်ည္နဲ႔ ၿခိမ္းေျခာက္မႈမ်ားကို ရင္ဆိုင္ရဖြယ္ရွိေန
ဂ်န္ဇက္ (NP News) - မတ္ ၂၇

အေမရိကန္ဟာ တ႐ုတ္ႏိုင္ငံရဲ႕အသံထက္ျမန္တဲ့ ဒုံးက်ည္မ်ား နဲ႔ ၿခိမ္းေျခာက္မႈမ်ားအေပၚ စိုးရိမ္ရဖြယ္ရွိေနေၾကာင္း အေမရိကန္လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးက ေဝဖန္လိုက္ပါတယ္။

အေမရိကန္ေလတပ္ဟာ အသံထက္ျမန္တဲ့ ဒုံးက်ည္စမ္းသပ္မႈမ်ား လုပ္ေဆာင္ခဲ့ေပမယ့္လည္း ေမွ်ာ္လင့္ သေလာက္ ေအာင္ျမင္မႈမရေသးေၾကာင္း မၾကာေသးမီက ႏွစ္ႀကိမ္စမ္းခဲ့ရာမွာ တစ္ႀကိမ္သာ ေအာင္ျမင္ေၾကာင္း လူသိရွင္ၾကားေၾကညာခဲ့ၿပီး ဒုတိယအႀကိမ္ကိုေတာ့ အေသးစိတ္ထုတ္ျပန္ျခင္းမရွိေၾကာင္း သိရပါတယ္။

အသံထက္ျမန္တဲ့ဒုံးက်ည္ နည္းပညာပိုင္းမွာ အေမရိကန္ဟာ ႐ုရွားနဲ႔ တ႐ုတ္ႏိုင္ငံတို႔ေနာက္ ေရာက္ရွိေနေၾကာင္း သုံးသပ္မႈမ်ား ရွိေနပါတယ္။ အေမရိကန္လႊတ္ေတာ္ကိုယ္စားလွယ္ Doug Lambornက တ႐ုတ္ႏိုင္ငံရဲ႕ အသံထက္ ျမန္တဲ့ ဒုံးက်ည္လုပ္ေဆာင္မႈေတြဟာ အေမရိကန္ႏိုင္ငံကို ၿခိမ္းေျခာက္ႏိုင္စြမ္းရွိေနေၾကာင္း ေျပာပါတယ္။

၎က "ကြၽန္ေတာ္တို႔ဟာ အသံထက္ျမန္တဲ့ဒုံးက်ည္နဲ႔ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံရဲ႕ၿခိမ္းေျခာက္မႈေတြကို စိုးရိမ္ေနရ တယ္။ အသံထက္ျမန္တဲ့ဒုံးက်ည္စမ္းသပ္ရာမွာ ေငြေၾကးပိုင္း၊ သုေတသနပိုင္း၊ ဖြံ႕ၿဖိဳးေအာင္ျမင္မႈပိုင္းေတြနဲ႔ ပတ္သက္ၿပီး စိုးရိမ္မႈေတြျဖစ္ေစခဲ့တယ္" လို႔ေျပာပါတယ္။

အေမရိကန္ဟာ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္းမွာ အသံထက္ျမန္တဲ့ဒုံးက်ည္နဲ႔ပတ္သက္ၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈ အမ်ားအျပား လုပ္ခဲ့ေပမယ့္လည္း ေမွ်ာ္လင့္သေလာက္ ေအာင္ျမင္မႈမရေသးေၾကာင္း သိရပါတယ္။ ၂ဝ၂၁ ခုႏွစ္အတြင္း အသံထက္ျမန္တဲ့ဒုံးက်ည္စမ္းသပ္မႈ သုံးႀကိမ္လုပ္ေဆာင္ခဲ့ရာ သုံးႀကိမ္စလုံး မေအာင္ျမင္ခဲ့ေၾကာင္း သိရပါတယ္။

အေမရိကန္ဟာ မတ္လ ၁၃ ရက္မွာ ေလယာဥ္ေပၚမွ ပစ္လႊတ္ႏိုင္တဲ့ အသံထက္ျမန္တဲ့ ဒုံးက်ည္အမ်ိဳးအစားျဖစ္တဲ့ (ARRW) ကို B-52 ဗုံးႀကဲေလယာဥ္ေပၚကေန စမ္းသပ္ခဲ့ရာ ေအာင္ျမင္မႈမရခဲ့ေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.