ရိုဒရီ၏ ဘောလုံးဖြတ်ထုတ်မှုအပေါ် နော်ဝေးကစားသမား အိုဒီဂါ့ဒ်ဒေါသတကြီးတုံ့ပြန်

 563

Pika (NP NEWS) - မတ် ၂၇

စပိန်အသင်းနှင့် မတ်လ(၂၆)ရက်က ကစားခဲ့သည့် (၂ဝ၂၄)ယူရိုခြေစစ်ပွဲတွင် နော်ဝေးအသင်းကစားသမားအိုဒီဂါ့ဒ်သည် စပိန်အသင်းကစားသမားရိုဒရီ၏ ကြောက်မက်ဖွယ်ကောင်းသော ဘောလုံးဖြတ်ထုတ်ခြင်းနှင့်ပတ်သက်ပြီး တုံ့ပြန်ပြောဆိုခဲ့ကြောင်းသိရသည်။

ရိုဒရီ၏ ဖြတ်ထုတ်ခြင်းကို ခံရပြီးနောက် အိုဒီဂါ့ဒ်၏ ခြေကျင်းဝတ်ထိခိုက်ဒဏ်ရာရရှိခဲ့မှုနှင့်ပတ်သက်ပြီး အာဆင်နယ်အသင်းပရိသတ်တော်တော်များများက စိတ်ဆိုးဒေါသထွက်နေခဲ့ကြောင်းလည်းသိရသည်။ အိုဒီဂါ့ဒ်က"ကျွန်တော်ပင်နယ်တီရသင့်တယ်ဆိုတာ သေချာပါတယ်။ သူက ကျွန်တော့်နားကို ကပ်လာပြီး လျှောတိုက်ဖြတ်ထုတ်ခဲ့တာပါ။ကျွန်တော်ဒီထက်ပိုပြီး ဘာမှမပြောချင်တော့ပါဘူး။ ထပ်ပြောရင် အပြစ်ပေးခံရမှာ သေချာပါတယ်။ဒိုင်လူကြီးနဲ့ပတ်သက်ပြီးလည်း ဘာမှမပြောလိုပါဘူး။ ဘာမှမပြောဘဲနေလိုက်တာက ပိုကောင်းမှာပါ"ဟုပြောဆိုခဲ့သည်။

နော်ဝေးအသင်းနည်းပြ Stale Solbakken က"ဒါက ပင်နယ်တီရသင့်တယ်ဆိုတာ အသေ အချာပါပဲ။ စပိန်အသင်းကစားသမားရိုဒရီက ပင်နယ်တီဧရိယာအတွင်းမှာ အိုဒီဂါ့ဒ်ဆွဲလာတဲ့ ဘောလုံးကို လျှောတိုက်ဖြတ်ထုတ်ခဲ့တာပါ။ ကျွန်တော်အဲဒါကို အသေအချာကို မြင်လိုက်ပါတယ်။ ကွင်းထဲမှာ ပြောဆိုမှုတွေရှိခဲ့ပေမယ့်လည်း မယုံနိုင်စရာကောင်းလောက်အောင်ပဲ ပင်နယ်တီမရခဲ့ပါဘူး"ဟုပြောဆိုခဲ့သည်။

နော်ဝေးအသင်းသည် မတ်လ(၂၈)ရက်တွင် ဂျော်ဂျီယာအသင်းနှင့် ယှဥ်ပြိုင်ကစားရမည်ဖြစ်ကြောင်းလည်းသိရသည်။ အိုဒီဂါ့ဒ်သည် ဧပြီလ(၁)ရက်တွင် လိဒ်ယူနိုက်တက်အသင်းနှင့်ကစားမည့် ပရီးမီးယားလိဂ်ပွဲအတွက် အာဆင်နယ်အသင်းသို့ မပြန်မီ ဂျော်ဂျီယာအသင်းနှင့်ပွဲကို အထိအခိုက်နည်းစွာဖြင့် ကစားသွားနိုင်ရန် မျှော်လင့်ထားကြောင်းသိရသည်။

Zawgyi Version;
႐ိုဒရီ၏ ေဘာလုံးျဖတ္ထုတ္မႈအေပၚ ေနာ္ေဝးကစားသမား အိုဒီဂါ့ဒ္ေဒါသတႀကီးတုံ႔ျပန္
Pika (NP NEWS) - မတ္ ၂၇

စပိန္အသင္းႏွင့္ မတ္လ(၂၆)ရက္က ကစားခဲ့သည့္ (၂ဝ၂၄)ယူ႐ိုေျခစစ္ပြဲတြင္ ေနာ္ေဝးအသင္းကစားသမားအိုဒီဂါ့ဒ္သည္ စပိန္အသင္းကစားသမား႐ိုဒရီ၏ ေၾကာက္မက္ဖြယ္ေကာင္းေသာ ေဘာလုံးျဖတ္ထုတ္ျခင္းႏွင့္ပတ္သက္ၿပီး တုံ႔ျပန္ေျပာဆိုခဲ့ေၾကာင္းသိရသည္။

႐ိုဒရီ၏ ျဖတ္ထုတ္ျခင္းကို ခံရၿပီးေနာက္ အိုဒီဂါ့ဒ္၏ ေျခက်င္းဝတ္ထိခိုက္ဒဏ္ရာရရွိခဲ့မႈႏွင့္ပတ္သက္ၿပီး အာဆင္နယ္အသင္းပရိသတ္ေတာ္ေတာ္မ်ားမ်ားက စိတ္ဆိုးေဒါသထြက္ေနခဲ့ေၾကာင္းလည္းသိရသည္။ အိုဒီဂါ့ဒ္က"ကြၽန္ေတာ္ပင္နယ္တီရသင့္တယ္ဆိုတာ ေသခ်ာပါတယ္။ သူက ကြၽန္ေတာ့္နားကို ကပ္လာၿပီး ေလွ်ာတိုက္ျဖတ္ထုတ္ခဲ့တာပါ။ကြၽန္ေတာ္ဒီထက္ပိုၿပီး ဘာမွမေျပာခ်င္ေတာ့ပါဘူး။ ထပ္ေျပာရင္ အျပစ္ေပးခံရမွာ ေသခ်ာပါတယ္။ဒိုင္လူႀကီးနဲ႔ပတ္သက္ၿပီးလည္း ဘာမွမေျပာလိုပါဘူး။ ဘာမွမေျပာဘဲေနလိုက္တာက ပိုေကာင္းမွာပါ"ဟုေျပာဆိုခဲ့သည္။

ေနာ္ေဝးအသင္းနည္းျပ Stale Solbakken က"ဒါက ပင္နယ္တီရသင့္တယ္ဆိုတာ အေသ အခ်ာပါပဲ။ စပိန္အသင္းကစားသမား႐ိုဒရီက ပင္နယ္တီဧရိယာအတြင္းမွာ အိုဒီဂါ့ဒ္ဆြဲလာတဲ့ ေဘာလုံးကို ေလွ်ာတိုက္ျဖတ္ထုတ္ခဲ့တာပါ။ ကြၽန္ေတာ္အဲဒါကို အေသအခ်ာကို ျမင္လိုက္ပါတယ္။ ကြင္းထဲမွာ ေျပာဆိုမႈေတြရွိခဲ့ေပမယ့္လည္း မယုံႏိုင္စရာေကာင္းေလာက္ေအာင္ပဲ ပင္နယ္တီမရခဲ့ပါဘူး"ဟုေျပာဆိုခဲ့သည္။

ေနာ္ေဝးအသင္းသည္ မတ္လ(၂၈)ရက္တြင္ ေဂ်ာ္ဂ်ီယာအသင္းႏွင့္ ယွဥ္ၿပိဳင္ကစားရမည္ျဖစ္ေၾကာင္းလည္းသိရသည္။ အိုဒီဂါ့ဒ္သည္ ဧၿပီလ(၁)ရက္တြင္ လိဒ္ယူႏိုက္တက္အသင္းႏွင့္ကစားမည့္ ပရီးမီးယားလိဂ္ပြဲအတြက္ အာဆင္နယ္အသင္းသို႔ မျပန္မီ ေဂ်ာ္ဂ်ီယာအသင္းႏွင့္ပြဲကို အထိအခိုက္နည္းစြာျဖင့္ ကစားသြားႏိုင္ရန္ ေမွ်ာ္လင့္ထားေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.