ရွေးကောက်ပွဲအတွက် လိုအပ်သည့် မဲပုံးအပါအဝင် ပစ္စည်း(၁၀)မျိုး တင်ဒါခေါ်ထားခြင်းကို ပယ်ဖျက်ကြောင်း နစက၏ UEC ပြန်လည်ကြေညာ

934

မျိုးကြီး (NP News) - မတ် ၂၈
ရွေးကောက်ပွဲအတွက် လိုအပ်သည့် မဲပုံးအပါအဝင် ပစ္စည်း(၁၀)မျိုး တင်ဒါခေါ်ထားခြင်းကို ပယ်ဖျက်ကြောင်း နစက၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြန်လည်ကြေညာခဲ့သည်။
ရွေးကောက်ပွဲကော်မရှင်က ယနေ့(မတ်လ ၂၈ ရက်)နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ပစ္စည်း(၁၀)မျိုး တင်ဒါခေါ်ယူ ထားခြင်းကို ပယ်ဖျက်ကြောင်း အသိပေးကြေညာခဲ့သည်။
ပြီးခဲ့သော ၂၀၂၂ ခုနှစ် အောက်တိုဘာလအတွင်းက ရွေးကောက်ပွဲကော်မရှင်သည် အထွေထွေရွေးကောက်ပွဲအတွက် မဲ ပုံးအပါအဝင် ပစ္စည်း(၁၀)မျိုးကို ဝယ်ယူလိုကြောင်း တင်ဒါခေါ်ယူခဲ့ခြင်း ဖြစ်သည်။
ရွေးကောက်ပွဲအတွက် ကော်မရှင်မှ ဝယ်ယူရန် တင်ဒါခေါ်ယူခဲ့သော ပစ္စည်း(၁၀)မျိုးမှာ ဆန္ဒပြုခန်း(စက္ကူကတ္ထူ)၊ ပလတ်စ တစ်မဲပုံး၊ ပလတ်စတစ်ခြင်းတောင်း(မဲထည့်သွင်းရေတွက်ရန်)၊ ဘောပင်၊ မဲရုံတာဝန်၊ ရွေးကောက်ပွဲလေ့လာသူ၊ လွှတ် တော်ကိုယ်စားလှယ်လောင်း၊ မဲရုံကိုယ်စားလှယ်/အကူကိုယ်စားလှယ်၊ မီဒီယာတို့အတွက် ရင်ထိုးတံဆိပ်၊ စက္ကူစာအိတ်(၂) မျိုး၊ စက္ကူထုတ်များ၊ လုံခြုံရေးကြိုးနှင့် မင်ဘူးတို့ဖြစ်ကြောင်း သိရသည်။
ထိုသို့ အထွေထွေရွေးကောက်ပွဲအတွက် ဝယ်ယူရန် လိုအပ်သည့် ပစ္စည်း(၁၀)မျိုးအား တင်ဒါခေါ်ယူထားခြင်းကို ပယ်ဖျက် ကြောင်း ရွေးကောက်ပွဲကော်မရှင်က ပြန်လည်ကြေညာခဲ့သည်။
၎င်းကဲ့သို့ ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် ပစ္စည်းများအား နောင်လာမည့် ဘဏ္ဍာရေးနှစ်တွင် ဝယ်ယူရေးဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး တင်ဒါခေါ်ယူခြင်းကို ပယ်ဖျက်ပါကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေး အကြောင်းကြားထားသည်။
အင်တာနက်နှင့်လျှပ်စစ်မီးအပေါ် မမှီခိုသည့် မြန်မာအီလက်ထရောနစ်မဲပေးစက်ကို တီထွင်တည်ဆောက်နေကြောင်း ရွေး ကောက်ပွဲကော်မရှင်က ပြီးခဲ့သော ဖေဖော်ဝါရီလအတွင်းက မီဒီယာများကို အသိပေးပြောဆိုမှုများရှိခဲ့သည်။
၎င်းမဲပေးစက်ကို ရွေးကောက်ပွဲများ၌ အသုံးပြုခြင်းဖြင့် ဆန္ဒမဲလက်မှတ်များကို သန်းပေါင်းများစွာ ရိုက်နှိပ်ရသည့်ကုန်ကျစ ရိတ်၊ မဲပုံးများနှင့် ဆန္ဒပြုတံဆိပ်တုံးများ၊ မဲရုံသုံးပစ္စည်းများ ဝယ်ယူရခြင်းအတွက် နိုင်ငံတော်မှ ကုန်ကျစရိတ်များကို သက် သာစေနိုင်ကြောင်းလည်း ကော်မရှင်က ပြောဆိုထားသည်။
လက်ရှိတွင် နစကအနေဖြင့် အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးမည့်ဟု အာမခံထားသော်လည်း ရွေးကောက်ပွဲကျင်း ပမည့် အချိန်ဇယားအတိအကျကို နိုင်ငံရေးပါတီများအပါအဝင် ပြည်သူများက သိရှိလိုလျက်ရှိနေကြသည်။
သို့သော် ယမန်နေ့(မတ်လ ၂၇ ရက်)တွင် နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက လက်ရှိတွင် ပြည်တွင်း၌ ဖြစ်ပေါ်နေ သည့်အခြေအနေများနှင့် လုံခြုံရေးအခြေအနေများအရ ရွေးကောက်ပွဲကျင်းပမည့် အချိန်အတိအကျကို ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း မီဒီယာများကို ပြောဆိုခဲ့သည်။

Zawgyi Version
ေ႐ြးေကာက္ပြဲအတြက္ လိုအပ္သည့္ မဲပုံးအပါအဝင္ ပစၥည္း(၁၀)မ်ိဳး တင္ဒါေခၚထားျခင္းကို ပယ္ဖ်က္ေၾကာင္း နစက၏ UEC ျပန္လည္ေၾကညာ
မ်ိဳးႀကီး (NP News) - မတ္ ၂၈
ေ႐ြးေကာက္ပြဲအတြက္ လိုအပ္သည့္ မဲပုံးအပါအဝင္ ပစၥည္း(၁၀)မ်ိဳး တင္ဒါေခၚထားျခင္းကို ပယ္ဖ်က္ေၾကာင္း နစက၏ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ျပန္လည္ေၾကညာခဲ့သည္။
ေ႐ြးေကာက္ပြဲေကာ္မရွင္က ယေန႔(မတ္လ ၂၈ ရက္)ေန႔ထုတ္ ႏိုင္ငံပိုင္သတင္းစာမ်ားတြင္ ပစၥည္း(၁၀)မ်ိဳး တင္ဒါေခၚယူ ထားျခင္းကို ပယ္ဖ်က္ေၾကာင္း အသိေပးေၾကညာခဲ့သည္။
ၿပီးခဲ့ေသာ ၂၀၂၂ ခုႏွစ္ ေအာက္တိုဘာလအတြင္းက ေ႐ြးေကာက္ပြဲေကာ္မရွင္သည္ အေထြေထြေ႐ြးေကာက္ပြဲအတြက္ မဲ ပုံးအပါအဝင္ ပစၥည္း(၁၀)မ်ိဳးကို ဝယ္ယူလိုေၾကာင္း တင္ဒါေခၚယူခဲ့ျခင္း ျဖစ္သည္။
ေ႐ြးေကာက္ပြဲအတြက္ ေကာ္မရွင္မွ ဝယ္ယူရန္ တင္ဒါေခၚယူခဲ့ေသာ ပစၥည္း(၁၀)မ်ိဳးမွာ ဆႏၵျပဳခန္း(စကၠဴကတၳဴ)၊ ပလတ္စ တစ္မဲပုံး၊ ပလတ္စတစ္ျခင္းေတာင္း(မဲထည့္သြင္းေရတြက္ရန္)၊ ေဘာပင္၊ မဲ႐ုံတာဝန္၊ ေ႐ြးေကာက္ပြဲေလ့လာသူ၊ လႊတ္ ေတာ္ကိုယ္စားလွယ္ေလာင္း၊ မဲ႐ုံကိုယ္စားလွယ္/အကူကိုယ္စားလွယ္၊ မီဒီယာတို႔အတြက္ ရင္ထိုးတံဆိပ္၊ စကၠဴစာအိတ္(၂) မ်ိဳး၊ စကၠဴထုတ္မ်ား၊ လုံၿခဳံေရးႀကိဳးႏွင့္ မင္ဘူးတို႔ျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ အေထြေထြေ႐ြးေကာက္ပြဲအတြက္ ဝယ္ယူရန္ လိုအပ္သည့္ ပစၥည္း(၁၀)မ်ိဳးအား တင္ဒါေခၚယူထားျခင္းကို ပယ္ဖ်က္ ေၾကာင္း ေ႐ြးေကာက္ပြဲေကာ္မရွင္က ျပန္လည္ေၾကညာခဲ့သည္။
၎ကဲ့သို႔ ေ႐ြးေကာက္ပြဲႏွင့္သက္ဆိုင္သည့္ ပစၥည္းမ်ားအား ေနာင္လာမည့္ ဘ႑ာေရးႏွစ္တြင္ ဝယ္ယူေရးဆက္လက္ ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး တင္ဒါေခၚယူျခင္းကို ပယ္ဖ်က္ပါေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က အသိေပး အေၾကာင္းၾကားထားသည္။
အင္တာနက္ႏွင့္လွ်ပ္စစ္မီးအေပၚ မမွီခိုသည့္ ျမန္မာအီလက္ထေရာနစ္မဲေပးစက္ကို တီထြင္တည္ေဆာက္ေနေၾကာင္း ေ႐ြး ေကာက္ပြဲေကာ္မရွင္က ၿပီးခဲ့ေသာ ေဖေဖာ္ဝါရီလအတြင္းက မီဒီယာမ်ားကို အသိေပးေျပာဆိုမႈမ်ားရွိခဲ့သည္။
၎မဲေပးစက္ကို ေ႐ြးေကာက္ပြဲမ်ား၌ အသုံးျပဳျခင္းျဖင့္ ဆႏၵမဲလက္မွတ္မ်ားကို သန္းေပါင္းမ်ားစြာ ႐ိုက္ႏွိပ္ရသည့္ကုန္က်စ ရိတ္၊ မဲပုံးမ်ားႏွင့္ ဆႏၵျပဳတံဆိပ္တုံးမ်ား၊ မဲ႐ုံသုံးပစၥည္းမ်ား ဝယ္ယူရျခင္းအတြက္ ႏိုင္ငံေတာ္မွ ကုန္က်စရိတ္မ်ားကို သက္ သာေစႏိုင္ေၾကာင္းလည္း ေကာ္မရွင္က ေျပာဆိုထားသည္။
လက္ရွိတြင္ နစကအေနျဖင့္ အေထြေထြေ႐ြးေကာက္ပြဲကို က်င္းပေပးမည့္ဟု အာမခံထားေသာ္လည္း ေ႐ြးေကာက္ပြဲက်င္း ပမည့္ အခ်ိန္ဇယားအတိအက်ကို ႏိုင္ငံေရးပါတီမ်ားအပါအဝင္ ျပည္သူမ်ားက သိရွိလိုလ်က္ရွိေနၾကသည္။
သို႔ေသာ္ ယမန္ေန႔(မတ္လ ၂၇ ရက္)တြင္ နစကေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက လက္ရွိတြင္ ျပည္တြင္း၌ ျဖစ္ေပၚေန သည့္အေျခအေနမ်ားႏွင့္ လုံၿခဳံေရးအေျခအေနမ်ားအရ ေ႐ြးေကာက္ပြဲက်င္းပမည့္ အခ်ိန္အတိအက်ကို ေျပာဆိုႏိုင္ျခင္းမရွိ ေသးေၾကာင္း မီဒီယာမ်ားကို ေျပာဆိုခဲ့သည္။