ကချင်ပြည်နယ်တွင် ငွေကျပ် (၄၅ဝဝ)ကျော် တန်ဖိုးရှိ မူးယစ်ဆေး ဝါးများ ဖမ်းဆီးရမိ

 359

စော (NP News) - မတ် ၂၈

ကချင်ပြည်နယ်တွင် ငွေကျပ် (၄၅ဝဝ)တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ယနေ့ (မတ်လ ၂၈)ရက်တွင် အထက်ပါကဲ့သို့ထုတ်ပြန်ထားခြင်းဖြစ် သည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် မတ်လ(၂၃)ရက်၊ နံနက်(၁၁)နာရီခွဲအချိန်တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ နမ့်ဖားရပ်ကွက်ရှိ စစ်ဆေးရေးစခန်းတစ်ခုတွင် ကိုတူးဂျာ မောင်းနှင်ပြီး ကိုအီးဆပ်လိုက်ပါလာသော MAZDA BT-50 မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရှာဖွေစဉ် ယာဉ်ပေါ်တွင် သယ်ဆောင်လာသော ဆပ်ပြာခွက် (၁၂၈ဝ)အတွင်းမှ ဘိန်းဖြူ (၁၁ ဒသမ ၅၂ ကီလို)နှင့် စိတ်ကြွရူးသွပ်ဆေးပြား(၈၆ဝဝ)ပြားကို ရှာဖွေသိမ်းဆည်းခဲ့ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

ထို့နောက် စစ်ဆေးဖော်ထုတ်ချက်အရ နေ့လည် (၃)နာရီခွဲအချိန် ဗန်းမော်မြို့နယ်၊ စီဟဲကျေးရွာ၊ (၅)မိုင်စစ်ဆေးရေးစခန်းတွင် ကိုဂွန်းဆန်မောင်းနှင်ပြီး ကိုဆိုင်းနော်နှင့် ကိုဇော်ဂွန်းမိုင်တို့ လိုက်ပါလာသည့် HAVAL မော်တော်ယာဉ်ကို ထပ်မံရှာဖွေခဲ့စစ်ဆေးခဲ့ရာ ဆပ် ပြာခွက် (၁၅ဝ)အတွင်း သိုဝှက်သယ်ဆောင်လာသော ဘိန်းဖြူ (၁ ဒသမ ၃၅ ကီလို)ကို ထပ်မံသိမ်းဆည်းခဲ့ကြောင်း ထုတ်ပြန်ထား သည်။

ထို့ကြောင့် စုစုပေါင်းငွေကျပ်(၄၅ဝဝ)ကျော်တန်းဖိုးရှိသော ဘိန်း ဖြူ (၁၂ ဒသမ ၈၇ ကီလို)နှင့် စိတ်ကြွရူးသွပ်ဆေးပြား (၈၆ဝဝ)ပြားကို သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်၍စစ်ဆေးခဲ့ရာ ညနေ(၅)နာရီအချိန်တွင် မူးယစ်ဆေး ဝါးသယ်ဆောင်ခိုင်းသူ ကိုနောနော်အား မူဆယ်မြို့၊ ဟိုမွန်ရပ် ကွက်ရှိနေအိမ်တွင် ဖမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ သိမ်းဆည်းရမိခဲ့သော မူးယစ်ဆေးဝါးများသည် ရှမ်း ပြည် နယ်(မြောက်ပိုင်း)မှ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ သယ် ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်အရဖမ်းဆီးရမိသူများအား ဥပဒေအရအရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကိုလည်း စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ အသိပေးထုတ်ပြန်ထားသည်။

zawgyi version
ကခ်င္ျပည္နယ္တြင္ ေငြက်ပ္ (၄၅ဝဝ)ေက်ာ္ တန္ဖိုးရွိ မူးယစ္ေဆး ဝါးမ်ား ဖမ္းဆီးရမိ

ေစာ (NP News) - မတ္ ၂၈

ကခ်င္ျပည္နယ္တြင္ ေငြက်ပ္ (၄၅ဝဝ)တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း သတင္းရရွိသည္။

ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ ယေန႔ (မတ္လ ၂၈)ရက္တြင္ အထက္ပါကဲ့သို႔ထုတ္ျပန္ထားျခင္းျဖစ္ သည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ မတ္လ(၂၃)ရက္၊ နံနက္(၁၁)နာရီခြဲအခ်ိန္တြင္ ကခ်င္ျပည္နယ္၊ ဗန္းေမာ္ၿမိဳ႕နယ္၊ နမ့္ဖားရပ္ကြက္ရွိ စစ္ေဆးေရးစခန္းတစ္ခုတြင္ ကိုတူးဂ်ာ ေမာင္းႏွင္ၿပီး ကိုအီးဆပ္လိုက္ပါလာေသာ MAZDA BT-50 ေမာ္ေတာ္ယာဥ္ကို စစ္ေဆးရွာေဖြခဲ့ေၾကာင္း သိရသည္။

ထိုသို႔ စစ္ေဆးရွာေဖြစဥ္ ယာဥ္ေပၚတြင္ သယ္ေဆာင္လာေသာ ဆပ္ျပာခြက္ (၁၂၈ဝ)အတြင္းမွ ဘိန္းျဖဴ (၁၁ ဒသမ ၅၂ ကီလို)ႏွင့္ စိတ္ႂကြ႐ူးသြပ္ေဆးျပား(၈၆ဝဝ)ျပားကို ရွာေဖြသိမ္းဆည္းခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ကဆိုသည္။

ထို႔ေနာက္ စစ္ေဆးေဖာ္ထုတ္ခ်က္အရ ေန႔လည္ (၃)နာရီခြဲအခ်ိန္ ဗန္းေမာ္ၿမိဳ႕နယ္၊ စီဟဲေက်း႐ြာ၊ (၅)မိုင္စစ္ေဆးေရးစခန္းတြင္ ကိုဂြန္းဆန္ေမာင္းႏွင္ၿပီး ကိုဆိုင္းေနာ္ႏွင့္ ကိုေဇာ္ဂြန္းမိုင္တို႔ လိုက္ပါလာသည့္ HAVAL ေမာ္ေတာ္ယာဥ္ကို ထပ္မံရွာေဖြခဲ့စစ္ေဆးခဲ့ရာ ဆပ္ ျပာခြက္ (၁၅ဝ)အတြင္း သိုဝွက္သယ္ေဆာင္လာေသာ ဘိန္းျဖဴ (၁ ဒသမ ၃၅ ကီလို)ကို ထပ္မံသိမ္းဆည္းခဲ့ေၾကာင္း ထုတ္ျပန္ထား သည္။

ထို႔ေၾကာင့္ စုစုေပါင္းေငြက်ပ္(၄၅ဝဝ)ေက်ာ္တန္းဖိုးရွိေသာ ဘိန္း ျဖဴ (၁၂ ဒသမ ၈၇ ကီလို)ႏွင့္ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၈၆ဝဝ)ျပားကို သိမ္းဆည္းရမိခဲ့ေၾကာင္း မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ သိရသည္။

ဆက္လက္၍စစ္ေဆးခဲ့ရာ ညေန(၅)နာရီအခ်ိန္တြင္ မူးယစ္ေဆး ဝါးသယ္ေဆာင္ခိုင္းသူ ကိုေနာေနာ္အား မူဆယ္ၿမိဳ႕၊ ဟိုမြန္ရပ္ ကြက္ရွိေနအိမ္တြင္ ဖမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

အဆိုပါ သိမ္းဆည္းရမိခဲ့ေသာ မူးယစ္ေဆးဝါးမ်ားသည္ ရွမ္း ျပည္ နယ္(ေျမာက္ပိုင္း)မွ ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕သို႔ သယ္ ေဆာင္လာျခင္းျဖစ္ေၾကာင္း သိရသည္။

စစ္ေဆးေဖာ္ထုတ္ခ်က္အရဖမ္းဆီးရမိသူမ်ားအား ဥပေဒအရအေရးယူထားၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားကိုလည္း စစ္ေဆးေဖာ္ထုတ္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ အသိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.