အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုက ဝေဖန်မှုတွေရှိပေမယ့်လည်း ရုရှားက ဘီလာရုစ်နိုင်ငံမှာ နျူကလီးယားလက်နက်ချထားမယ့်အစီအစဉ်ကို ဆက်လက်လုပ်ဆောင်မယ်

 1024

ဂျန်ဇက် (NP News) - မတ် ၂၈

အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုက သတိပေးမှုများရှိပေမယ့်လည်း ရုရှားဟာ စီစဉ်ထားတဲ့အတိုင်း နျူကလီးယားလက်နက်များကို အိမ်နီးချင်းဘီလာရုစ့်နိုင်ငံမှာ ချထားသွားမှာဖြစ်ကြောင်း ရုရှားအစိုးရ ပြောရေး ဆိုခွင့်ရှိသူ ဒီမီထရီပက်ကောဗ့်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ရုရှားသမ္မတပူတင်က ရုရှားနိုင်ငံအနေနဲ့ နေတိုးအုပ်စု နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဘီလာရုစ်နိုင်ငံမှာ နျူကလီးယား လက်နက်များ ဖြန့်ကြတ်ချထားမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ ရုရှားသမ္မတပူတင် ထုတ်ဖော်ပြောဆိုပြီးနောက် ရက်ပိုင်းအကြာမှာပဲ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုက ဝေဖန်ပြစ်တင်ခဲ့ပြီး ရုရှား နဲ့ အိမ်ရှင်အဖြစ် လက်ခံမယ့် ဘီလာရုစ့်ကို ပိတ်ဆို့မှုများ ထပ်မံချမှတ်မှာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ယူကရိန်းက ဘီလာရုစ့်နိုင်ငံမှာ လုပ်ဆောင်မယ့် ရုရှားရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးကျင်းပပေးဖို့ ကြိုးပမ်းနေပါတယ်။

ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူက "ရုရှားနိုင်ငံက လုပ်မယ့်အစီအစဉ်ကို ဘယ်နိုင်ငံမှ လွှမ်းမိုးလို့မရဘူး" လို့ ပြောပါ တယ်။ ရုရှားသမ္မတပူတင်ကလည်း နျူကလီးယားလက်နက်လျော့ချရေးနဲ့ပတ်သက်တဲ့ နိုင်ငံတကာ သဘောတူညီ ချက်များကို ချိုးဖောက်မှုမရှိဘဲ နျူကလီးယားလက်နက်များ ဖြန့်ကြတ်ချထားမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက တရားဝင်ပြောဆိုခဲ့ပါတယ်။

ရုရှားသမ္မတက "ဘီလာရုစ့်နိုင်ငံမှာ ပြုလုပ်မယ့် ရုရှားနိုင်ငံရဲ့နျူကလီးယားလက်နက်ချထားရေးက အထူးဆန်း တော့ မဟုတ်ဘူး။ ဘာလို့လဲဆိုရင် အမေရိကန်ဟာလည်း နေတိုးအုပ်စုဝင်နိုင်ငံတွေမှာ စစ်လက်နက်ပစ္စည်းများ ဖြန့်ကြတ်ချထားတာ ၁ဝ စုနှစ်ကျော် ရှိနေတယ်။ အမေရိကန်ဦးဆောင်တဲ့နေတိုးအုပ်စုဟာ ကျွန်တော်တို့ရဲ့ မဟာမိတ်နိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့နိုင်ငံတွေမှာ နျူကလီးယားလက်နက်များ ဖြန့်ကြတ်ချထားခဲ့တယ်" လို့ ပြောပါတယ်။

ရုရှားသမ္မတပူတင်က ဘီလာရုစ်သမ္မတ လူကာရှန်ကိုကိုယ်တိုင်ကလည်း နျူကလီးယားလက်နက်များ ဖြန့်ကြတ်ချ ထားမယ့်အစီအစဉ်ကို သဘောတူထားကြောင်း ပြောပါတယ်။

Zawgyi Version;
အေမရိကန္ဦးေဆာင္တဲ့အေနာက္အုပ္စုက ေဝဖန္မႈေတြရွိေပမယ့္လည္း ႐ုရွားက ဘီလာ႐ုစ္ႏိုင္ငံမွာ န်ဴကလီးယား လက္နက္ခ်ထားမယ့္အစီအစဥ္ကို ဆက္လက္လုပ္ေဆာင္မယ္
ဂ်န္ဇက္ (NP News) - မတ္ ၂၈

အေမရိကန္ဦးေဆာင္တဲ့အေနာက္အုပ္စုက သတိေပးမႈမ်ားရွိေပမယ့္လည္း ႐ုရွားဟာ စီစဥ္ထားတဲ့အတိုင္း န်ဴကလီးယားလက္နက္မ်ားကို အိမ္နီးခ်င္းဘီလာ႐ုစ့္ႏိုင္ငံမွာ ခ်ထားသြားမွာျဖစ္ေၾကာင္း ႐ုရွားအစိုးရ ေျပာေရး ဆိုခြင့္ရွိသူ ဒီမီထရီပက္ေကာဗ့္က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

႐ုရွားသမၼတပူတင္က ႐ုရွားႏိုင္ငံအေနနဲ႔ ေနတိုးအုပ္စု နယ္နိမိတ္ခ်င္းထိစပ္ေနတဲ့ ဘီလာ႐ုစ္ႏိုင္ငံမွာ န်ဴကလီးယား လက္နက္မ်ား ျဖန႔္ၾကတ္ခ်ထားမယ္လို႔ ၿပီးခဲ့တဲ့ရက္ပိုင္းက ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။ ႐ုရွားသမၼတပူတင္ ထုတ္ေဖာ္ေျပာဆိုၿပီးေနာက္ ရက္ပိုင္းအၾကာမွာပဲ အေမရိကန္ဦးေဆာင္တဲ့ အေနာက္အုပ္စုက ေဝဖန္ျပစ္တင္ခဲ့ၿပီး ႐ုရွား နဲ႔ အိမ္ရွင္အျဖစ္ လက္ခံမယ့္ ဘီလာ႐ုစ့္ကို ပိတ္ဆို႔မႈမ်ား ထပ္မံခ်မွတ္မွာ ျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။

ယူကရိန္းက ဘီလာ႐ုစ့္ႏိုင္ငံမွာ လုပ္ေဆာင္မယ့္ ႐ုရွားရဲ႕လုပ္ရပ္နဲ႔ပတ္သက္ၿပီး ကုလသမဂၢလုံၿခဳံေရးေကာင္စီ အေရးေပၚအစည္းအေဝးက်င္းပေပးဖို႔ ႀကိဳးပမ္းေနပါတယ္။

႐ုရွားအစိုးရေျပာေရးဆိုခြင့္ရွိသူက "႐ုရွားႏိုင္ငံက လုပ္မယ့္အစီအစဥ္ကို ဘယ္ႏိုင္ငံမွ လႊမ္းမိုးလို႔မရဘူး" လို႔ ေျပာပါ တယ္။ ႐ုရွားသမၼတပူတင္ကလည္း န်ဴကလီးယားလက္နက္ေလ်ာ့ခ်ေရးနဲ႔ပတ္သက္တဲ့ ႏိုင္ငံတကာ သေဘာတူညီ ခ်က္မ်ားကို ခ်ိဳးေဖာက္မႈမရွိဘဲ န်ဴကလီးယားလက္နက္မ်ား ျဖန႔္ၾကတ္ခ်ထားမွာျဖစ္ေၾကာင္း ၿပီးခဲ့တဲ့ရက္ပိုင္းက တရားဝင္ေျပာဆိုခဲ့ပါတယ္။

႐ုရွားသမၼတက "ဘီလာ႐ုစ့္ႏိုင္ငံမွာ ျပဳလုပ္မယ့္ ႐ုရွားႏိုင္ငံရဲ႕န်ဴကလီးယားလက္နက္ခ်ထားေရးက အထူးဆန္း ေတာ့ မဟုတ္ဘူး။ ဘာလို႔လဲဆိုရင္ အေမရိကန္ဟာလည္း ေနတိုးအုပ္စုဝင္ႏိုင္ငံေတြမွာ စစ္လက္နက္ပစၥည္းမ်ား ျဖန႔္ၾကတ္ခ်ထားတာ ၁ဝ စုႏွစ္ေက်ာ္ ရွိေနတယ္။ အေမရိကန္ဦးေဆာင္တဲ့ေနတိုးအုပ္စုဟာ ကြၽန္ေတာ္တို႔ရဲ႕ မဟာမိတ္ႏိုင္ငံနဲ႔ နယ္စပ္ခ်င္းထိစပ္ေနတဲ့ႏိုင္ငံေတြမွာ န်ဴကလီးယားလက္နက္မ်ား ျဖန႔္ၾကတ္ခ်ထားခဲ့တယ္" လို႔ ေျပာပါတယ္။

႐ုရွားသမၼတပူတင္က ဘီလာ႐ုစ္သမၼတ လူကာရွန္ကိုကိုယ္တိုင္ကလည္း န်ဴကလီးယားလက္နက္မ်ား ျဖန႔္ၾကတ္ခ်ထားမယ့္အစီအစဥ္ကို သေဘာတူထားေၾကာင္း ေျပာပါတယ္။

Related news

© 2021. All rights reserved.