Breaking News : ရွှေဘိုကားကြီးကွင်းအနီး ပေါက်ကွဲမှု (၂)ကြိမ်ဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးပြီး ကလေးငယ်(၂)ဦးအပါအဝင် (၁၉)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိ

 693

Pearl (NP News) - မတ် ၂၈


စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ ကားကြီးကွင်းအနီးတွင် မိုင်းပေါက်ကွဲမှု (၂)ကြိမ်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။


ဖြစ်စဉ်မှာ ယနေ့ (မတ်လ ၂၈ ရက်)၊ နံနက် (၁ဝ) နာရီဝန်းကျင် အချိန်ခန့်တွင် ရွှေဘိုမြို့၊ ကားကြီးကွင်းအနီးရှိ တံတားပေါ်နှင့် ကားကြီးကွင်းမြောက်ဘက်လမ်းပေါ်တွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


အဆိုပါ ပေါက်ကွဲမှုကြောင့် ကုန်တင်ဒိုင်နာတစ်စီးနှင့် ဆိုင်ကယ် (၈)စီးခန့်မိုင်းထိခဲ့ပြီး အသက်(၃)နှစ်နှင့် (၁၂)နှစ်အရွယ် ကလေးငယ်အပါအဝင် အမျိုးသား(၁၂)ဦးနှင့် အမျိုးသမီး(၈)ဦး စုစုပေါင်း (၂ဝ) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


"ကုန်တင်ဒိုင်နာ (၁)စီးထိတယ်၊ ဆိုင်ကယ် (၇စီး) (၈စီး) လောက်ထိတယ်၊ ကလေး (၂)ဦးအပါအဝင် ၂ဝ ဦးလောက်ဒဏ်ရာရတယ် ၊ ကလေးတွေက (၃)နှစ်နဲ့ (၁၂)နှစ်ဝန်းကျင် ‌ယောကျ်ားလေးတွေ၊ (၆ဝ)အရွယ် အမျိုးသားတစ်ဦး ဆုံးတယ်"ဟု မြန်မာနိုင်ငံလူမှုကယ် ဆယ်ရေးအသင်း(ရွှေဘိုခရိုင်)မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။


မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ရွှေဘိုဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရာ (၇)ဦးသည် စိုးရိမ်ဖွယ်ရာ အခြေအနေရှိကြောင်း သိရသည်။


အဆိုပါစိုးရိမ်ဖွယ်ရာအခြေအနေရှိသော (၇) ဦးအနက် (၆ဝ)နှစ်အရွယ် အမျိုးသား(၁)ဦးသေဆုံးသွားခဲ့ပြီး (၅)ဦးအား မန္တလေးဆေးရုံသို့လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

zawgyi version
Breaking News : ေ႐ႊဘိုကားႀကီးကြင္းအနီး ေပါက္ကြဲမႈ (၂)ႀကိမ္ျဖစ္ပြားခဲ့ရာ တစ္ဦးေသဆုံးၿပီး ကေလးငယ္(၂)ဦးအပါအဝင္ (၁၉)ဦးထက္မနည္း ထိခိုက္ဒဏ္ရာရရွိ

Pearl (NP News) - မတ္ ၂၈


စစ္ကိုင္းတိုင္း၊ ေ႐ႊဘိုၿမိဳ႕ရွိ ကားႀကီးကြင္းအနီးတြင္ မိုင္းေပါက္ကြဲမႈ (၂)ႀကိမ္ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။


ျဖစ္စဥ္မွာ ယေန႔ (မတ္လ ၂၈ ရက္)၊ နံနက္ (၁ဝ) နာရီဝန္းက်င္ အခ်ိန္ခန႔္တြင္ ေ႐ႊဘိုၿမိဳ႕၊ ကားႀကီးကြင္းအနီးရွိ တံတားေပၚႏွင့္ ကားႀကီးကြင္းေျမာက္ဘက္လမ္းေပၚတြင္ မိုင္းေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။


အဆိုပါ ေပါက္ကြဲမႈေၾကာင့္ ကုန္တင္ဒိုင္နာတစ္စီးႏွင့္ ဆိုင္ကယ္ (၈)စီးခန႔္မိုင္းထိခဲ့ၿပီး အသက္(၃)ႏွစ္ႏွင့္ (၁၂)ႏွစ္အ႐ြယ္ ကေလးငယ္အပါအဝင္ အမ်ိဳးသား(၁၂)ဦးႏွင့္ အမ်ိဳးသမီး(၈)ဦး စုစုေပါင္း (၂ဝ) ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။


"ကုန္တင္ဒိုင္နာ (၁)စီးထိတယ္၊ ဆိုင္ကယ္ (၇စီး) (၈စီး) ေလာက္ထိတယ္၊ ကေလး (၂)ဦးအပါအဝင္ ၂ဝ ဦးေလာက္ဒဏ္ရာရတယ္ ၊ ကေလးေတြက (၃)ႏွစ္နဲ႔ (၁၂)ႏွစ္ဝန္းက်င္ ‌ေယာက်္ားေလးေတြ၊ (၆ဝ)အ႐ြယ္ အမ်ိဳးသားတစ္ဦး ဆုံးတယ္"ဟု ျမန္မာႏိုင္ငံလူမႈကယ္ ဆယ္ေရးအသင္း(ေ႐ႊဘိုခ႐ိုင္)မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။


မိုင္းေပါက္ကြဲမႈေၾကာင့္ ထိခိုက္ဒဏ္ရာရရွိခဲ့သူမ်ားအား ေ႐ႊဘိုေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ရာ (၇)ဦးသည္ စိုးရိမ္ဖြယ္ရာ အေျခအေနရွိေၾကာင္း သိရသည္။


အဆိုပါစိုးရိမ္ဖြယ္ရာအေျခအေနရွိေသာ (၇) ဦးအနက္ (၆ဝ)ႏွစ္အ႐ြယ္ အမ်ိဳးသား(၁)ဦးေသဆုံးသြားခဲ့ၿပီး (၅)ဦးအား မႏၲေလးေဆး႐ုံသို႔လႊဲေျပာင္းေပးခဲ့ေၾကာင္း သိရသည္။

Picture

Ye Htun

28/03/2023 13:22

ခွေးလုပ်ရပ်

Picture

Htun Aung Kyaw

28/03/2023 13:34

😢😢😢

Related news

© 2021. All rights reserved.