မန္တလေး-မြင်းခြံသွားကားလမ်းတွင် ဘုန်းကြီးကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ရဟန်း(၁)ပါးအပါအဝင် (၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့

 2166

Pearl (NP News) - မတ် ၂၈

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းရှိ မန္တလေး-မြင်းခြံသွားကားလမ်းတွင် သာသနာနံပါတ်တပ်ဆင်ထားသော မော်တော်ယာဥ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း အခင်းဖြစ်ပွားရာအနီးရှိ သတင်းရင်းမြစ်ထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(မတ်လ ၂၇ ရက်)၊ ညနေ (၆)နာရီအချိန်ခန့်တွင် နွားထိုးကြီးမြို့၏အနောက်ဘက်(၃)မိုင်ခန့် အကွာတွင်ရှိသော ကျေးရွာအနီး မန္တလေး-မြင်းခြံသွားလမ်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မိုင်းဆွဲခံရမှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါစီးနင်လာသော ညောင်ဦးမြို့အလိုတော်ပြည့်ဘုန်းကြီးကျောင်းတိုက်တွင် နေထိုင်သူ ဦးစန္ဒ (၄၅)နှစ် နှင့် ယာဉ်မောင်းဖြစ်သူ ဦးစိုးမြင့်တို့ ထိခိုက် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

"ဘုန်းကြီးကတော့ ဝမ်းဗိုက်ပွင့်ထွက်ဒဏ်ရာရထားတယ်လို့ သိရတယ်။ စိုးရိမ်ရတယ်လို့ ကြားတယ်။ အခြားလူတစ်ဦးကတော့ သိပ်ပြီး စိုးရရတဲ့အခြေအနေမရှိဘူးလို့ သိရတယ်"ဟု အထက်ပါသတင်းအရင်းက ပြောသည်။

လက်ရှိအချိန်တွင် ၎င်းတို့ကို မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လွှဲ ပြောင်းထားရှိကြောင်း သိရသည်။

zawgyi version
မႏၲေလး-ျမင္းၿခံသြားကားလမ္းတြင္ ဘုန္းႀကီးကားတစ္စီး မိုင္းဆြဲတိုက္ခိုက္ခံရၿပီး ရဟန္း(၁)ပါးအပါအဝင္ (၂)ဦးထိခိုက္ဒဏ္ရာရရွိခဲ့
Pearl (NP News) - မတ္ ၂၈

မႏၲေလးတိုင္း၊ ႏြားထိုးႀကီးၿမိဳ႕နယ္အတြင္းရွိ မႏၲေလး-ျမင္းၿခံသြားကားလမ္းတြင္ သာသနာနံပါတ္တပ္ဆင္ထားေသာ ေမာ္ေတာ္ယာဥ္တစ္စီး မိုင္းဆြဲတိုက္ခိုက္ခံခဲ့ရေၾကာင္း အခင္းျဖစ္ပြားရာအနီးရွိ သတင္းရင္းျမစ္ထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(မတ္လ ၂၇ ရက္)၊ ညေန (၆)နာရီအခ်ိန္ခန႔္တြင္ ႏြားထိုးႀကီးၿမိဳ႕၏အေနာက္ဘက္(၃)မိုင္ခန႔္ အကြာတြင္ရွိေသာ ေက်း႐ြာအနီး မႏၲေလး-ျမင္းၿခံသြားလမ္းတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါ မိုင္းဆြဲခံရမႈေၾကာင့္ ယာဥ္ေပၚတြင္လိုက္ပါစီးနင္လာေသာ ေညာင္ဦးၿမိဳ႕အလိုေတာ္ျပည့္ဘုန္းႀကီးေက်ာင္းတိုက္တြင္ ေနထိုင္သူ ဦးစႏၵ (၄၅)ႏွစ္ ႏွင့္ ယာဥ္ေမာင္းျဖစ္သူ ဦးစိုးျမင့္တို႔ ထိခိုက္ ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။

"ဘုန္းႀကီးကေတာ့ ဝမ္းဗိုက္ပြင့္ထြက္ဒဏ္ရာရထားတယ္လို႔ သိရတယ္။ စိုးရိမ္ရတယ္လို႔ ၾကားတယ္။ အျခားလူတစ္ဦးကေတာ့ သိပ္ၿပီး စိုးရရတဲ့အေျခအေနမရွိဘူးလို႔ သိရတယ္"ဟု အထက္ပါသတင္းအရင္းက ေျပာသည္။

လက္ရွိအခ်ိန္တြင္ ၎တို႔ကို မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးသို႔ လႊဲ ေျပာင္းထားရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.