ပြည်တွင်းမော်တော်ယာဥ်ကဏ္ဍတွင် လိုအပ်ချက်များရှိနေပြီး ပြည်ပရင်းနှီးမြှုပ်နှံလိုသူများအတွက် အခွင့်အလမ်းများ ရှိနေဟုဆို

 547

ယွန်း (NP News) - မတ် ၂၈

ပြည်တွင်းမော်တော်ယာဥ်ကဏ္ဍတွင် လိုအပ်ချက်များစွာရှိနေကြောင်း မြန်မာနိုင်ငံ မော်တော်ယာဥ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူး ရောင်းချရေးလုပ်ငန်းရှင်များအသင်း (MAMDA) ဥက္ကဋ္ဌမှ ဆိုသည်။

MAMDA ဥက္ကဋ္ဌ ဦးဇော်ထိုက်အေးက ပြီးခဲ့သည့် ရက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Lotte Hotel ၌ကျင်းပခဲ့သည့် တရုတ်(ချုံချင့် ပိရှန်း)- မြန်မာစီးပွားရေးပူးပေါင်းဆောင်ရွက်မှု မိတ်ဆက်ပွဲတွင် အထက်ပါကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ မော်တော်ယာဥ် တပ်ဆင်ထုတ်လုပ်မှုသည် ၂ဝ၁၆ ခုနှစ်တွင် (၃၆၇)စီးထုတ်လုပ်နိုင်ခဲ့ပြီး ၂ဝ၁၇ ခုနှစ်တွင် (၃၂၂၂) စီး ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ၂ဝ၁၈ ခုနှစ်တွင် (၁၂၄၆)စီး ထုတ်လုပ်နိုင်ခဲ့ပြီး ၂ဝ၁၉ ခုနှစ်တွင် (၁၉၇၇၅)စီး တိုးတက်ထုတ်လုပ်နိုင်ခဲ့ကြောင်း ဦးဇော်ထိုက်အေးက ဆိုသည်။

အလားတူ ၂ဝ၂ဝ ခုနှစ်တွင် (၁၈၂၃၅)စီး တိုးချဲ့ထုတ်လုပ်နိုင်ခဲ့သော်လည်း ကိုဗစ်ကာလတွင် ထုတ်လုပ်မှုပမာဏသည် ကျဆင်းခဲ့ပြီး ရပ်ဆိုင်းခဲ့ရသည်အထိဖြစ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်ရှိသော လူဦးရေပမာဏအရ မော်တော်ယာဥ်လို အပ်ချက် များစွာရှိနေကြောင်း ဦးဇော်ထိုက်အေးက ဆက်လက်ပြောဆိုထားသည်။

“ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အကျယ်အဝန်းနဲ့ လူဦးရေအရ ပြောရရင် မြန်မာနိုင်ငံမှာ မော်တော်ယာဥ်လိုအပ်ချက်က များစွာတည်ရှိနေပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာဆိုရင် ဆိုင်ကယ်နဲ့ သုံးဘီးယာဥ်က (၆)သန်းကျော်ရှိပါတယ်၊ လူစီးယာဥ်နဲ့ ပြောရရင်တော့ လူစီးယာဥ်က (၆၁ဝ၇ဝ၆)စီးလောက်ရှိပါတယ်” ဟု ၎င်းမှ ဆိုသည်။

ထို့ပြင် ခရီးသည်တင်ဘတ်စ်ကားအနေဖြင့် (၂၈၈၈၇)စီးရှိပြီး ကုန်တင်ယာဥ်အသေး (၃၇၆ဝ၄ဝ)စီးနှင့် ကုန်တင်ယာဥ်အကြီး (၅၂၅၁၉)စီးရှိကြောင်း သိရသည်။

ထို့ကြောင့် မြန်မာတစ်နိုင်ငံလုံးတွင် လူစီးယာဥ် အပါအဝင် မော် တော်ယာဥ် ပမာဏသည် (၁ ဒသမ ၂)သန်းသာရှိကြောင်း သိရပြီး လိုအပ်ချက်များရှိနေသည့် မော်တော်ယာဥ်ကဏ္ဍတွင် ရင်းနှီးမြှုပ် နှံမှုများ ဆောင်ရွက်နိုင်ရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအနေဖြင့် အခွင့်အလမ်းများစွာရှိနေကြောင်း ဦး‌ဇော်ထိုက်အေးက ဆိုထားသည်။

“တစ်ပြည်လုံးအရဆိုရင် မော်တော်ယာဥ်က (၁ ဒသမ ၂)သန်းပဲထုတ်လုပ်နိုင်တယ်။ ဒါကြောင့် ချုံချင့်-ပိရှန်းဒေသ အပါအဝင် မော် တော်ယာဥ်ကဏ္ဍကို လာရောက်ရင်းနှီးမြှုပ်နှံလိုသူတွေအတွက် အခွင့်အလမ်းများစွာရှိပါတယ်”ဟု ၎င်းက ပြောဆိုထားသည်။

ထို့ကြောင့် ပြည်တွင်းမော်တော်ယာဥ် ထုတ်လုပ်မှုကဏ္ဍ တိုးတက်လာရေးအတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို လိုအပ်နေကြောင်း သိရသည်။

zawgyi version
ျပည္တြင္းေမာ္ေတာ္ယာဥ္က႑တြင္ လိုအပ္ခ်က္မ်ားရွိေနၿပီး ျပည္ပရင္းႏွီးျမႇဳပ္ႏွံလိုသူမ်ားအတြက္ အခြင့္အလမ္းမ်ား ရွိေနဟုဆို

ယြန္း (NP News) - မတ္ ၂၈

ျပည္တြင္းေမာ္ေတာ္ယာဥ္က႑တြင္ လိုအပ္ခ်က္မ်ားစြာရွိေနေၾကာင္း ျမန္မာႏိုင္ငံ ေမာ္ေတာ္ယာဥ္ထုတ္လုပ္ေရးႏွင့္ ျဖန႔္ျဖဴး ေရာင္းခ်ေရးလုပ္ငန္းရွင္မ်ားအသင္း (MAMDA) ဥကၠ႒မွ ဆိုသည္။

MAMDA ဥကၠ႒ ဦးေဇာ္ထိုက္ေအးက ၿပီးခဲ့သည့္ ရက္ပိုင္းတြင္ ရန္ကုန္ၿမိဳ႕ရွိ Lotte Hotel ၌က်င္းပခဲ့သည့္ တ႐ုတ္(ခ်ဳံခ်င့္ ပိရွန္း)- ျမန္မာစီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈ မိတ္ဆက္ပြဲတြင္ အထက္ပါကဲ့သို႔ ေျပာဆိုခဲ့ျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံ၏ ေမာ္ေတာ္ယာဥ္ တပ္ဆင္ထုတ္လုပ္မႈသည္ ၂ဝ၁၆ ခုႏွစ္တြင္ (၃၆၇)စီးထုတ္လုပ္ႏိုင္ခဲ့ၿပီး ၂ဝ၁၇ ခုႏွစ္တြင္ (၃၂၂၂) စီး ထုတ္လုပ္ႏိုင္ခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ၂ဝ၁၈ ခုႏွစ္တြင္ (၁၂၄၆)စီး ထုတ္လုပ္ႏိုင္ခဲ့ၿပီး ၂ဝ၁၉ ခုႏွစ္တြင္ (၁၉၇၇၅)စီး တိုးတက္ထုတ္လုပ္ႏိုင္ခဲ့ေၾကာင္း ဦးေဇာ္ထိုက္ေအးက ဆိုသည္။

အလားတူ ၂ဝ၂ဝ ခုႏွစ္တြင္ (၁၈၂၃၅)စီး တိုးခ်ဲ႕ထုတ္လုပ္ႏိုင္ခဲ့ေသာ္လည္း ကိုဗစ္ကာလတြင္ ထုတ္လုပ္မႈပမာဏသည္ က်ဆင္းခဲ့ၿပီး ရပ္ဆိုင္းခဲ့ရသည္အထိျဖစ္ခဲ့ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံတြင္ရွိေသာ လူဦးေရပမာဏအရ ေမာ္ေတာ္ယာဥ္လို အပ္ခ်က္ မ်ားစြာရွိေနေၾကာင္း ဦးေဇာ္ထိုက္ေအးက ဆက္လက္ေျပာဆိုထားသည္။

“ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံရဲ႕ အက်ယ္အဝန္းနဲ႔ လူဦးေရအရ ေျပာရရင္ ျမန္မာႏိုင္ငံမွာ ေမာ္ေတာ္ယာဥ္လိုအပ္ခ်က္က မ်ားစြာတည္ရွိေနပါတယ္။ လက္ရွိျမန္မာႏိုင္ငံမွာဆိုရင္ ဆိုင္ကယ္နဲ႔ သုံးဘီးယာဥ္က (၆)သန္းေက်ာ္ရွိပါတယ္၊ လူစီးယာဥ္နဲ႔ ေျပာရရင္ေတာ့ လူစီးယာဥ္က (၆၁ဝ၇ဝ၆)စီးေလာက္ရွိပါတယ္” ဟု ၎မွ ဆိုသည္။

ထို႔ျပင္ ခရီးသည္တင္ဘတ္စ္ကားအေနျဖင့္ (၂၈၈၈၇)စီးရွိၿပီး ကုန္တင္ယာဥ္အေသး (၃၇၆ဝ၄ဝ)စီးႏွင့္ ကုန္တင္ယာဥ္အႀကီး (၅၂၅၁၉)စီးရွိေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ျမန္မာတစ္ႏိုင္ငံလုံးတြင္ လူစီးယာဥ္ အပါအဝင္ ေမာ္ ေတာ္ယာဥ္ ပမာဏသည္ (၁ ဒသမ ၂)သန္းသာရွိေၾကာင္း သိရၿပီး လိုအပ္ခ်က္မ်ားရွိေနသည့္ ေမာ္ေတာ္ယာဥ္က႑တြင္ ရင္းႏွီးျမႇဳပ္ ႏွံမႈမ်ား ေဆာင္႐ြက္ႏိုင္ရန္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံသူမ်ားအေနျဖင့္ အခြင့္အလမ္းမ်ားစြာရွိေနေၾကာင္း ဦး‌ေဇာ္ထိုက္ေအးက ဆိုထားသည္။

“တစ္ျပည္လုံးအရဆိုရင္ ေမာ္ေတာ္ယာဥ္က (၁ ဒသမ ၂)သန္းပဲထုတ္လုပ္ႏိုင္တယ္။ ဒါေၾကာင့္ ခ်ဳံခ်င့္-ပိရွန္းေဒသ အပါအဝင္ ေမာ္ ေတာ္ယာဥ္က႑ကို လာေရာက္ရင္းႏွီးျမႇဳပ္ႏွံလိုသူေတြအတြက္ အခြင့္အလမ္းမ်ားစြာရွိပါတယ္”ဟု ၎က ေျပာဆိုထားသည္။

ထို႔ေၾကာင့္ ျပည္တြင္းေမာ္ေတာ္ယာဥ္ ထုတ္လုပ္မႈက႑ တိုးတက္လာေရးအတြက္ ျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကို လိုအပ္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.