မြန်မာနိုင်ငံရေးကိစ္စများအပြင် ဒေသအတွင်းနဲ့ ကမ္ဘာ့ရေးရာကိစ္စများ ဖြေရှင်းနိုင်အောင် ကမ္ဘောဒီးယားဝန်ကြီးချုပ် နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ မလေးရှားဝန်ကြီးချုပ် ပြော

 463

ဂျန်ဇက် (NP News) - မတ် ၂၈

မလေးရှားဝန်ကြီးချုပ်က ဒေသအတွင်းနဲ့ ကမ္ဘာ့ရေးရာကိစ္စများအပြင် မြန်မာနိုင်ငံရေးပဋိပက္ခများကို ဖြေရှင်းနိုင် အောင် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်နဲ့အတူ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်သွားမှာဖြစ် ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မလေးရှားဝန်ကြီးချုပ် အီဘရာဟင်ဟာ ကမ္ဘောဒီးယားနိုင်ငံကို ချစ်ကြည်ရေး ခရီးသွားရောက်ပြီးနောက် ဝန်ကြီးချုပ်ဟွန်ဆန်နဲ့ တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။

မလေးရှားဝန်ကြီးချုပ်က "ကမ္ဘာဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ဟာ ဉာဏ်အမြှော်မြင်ရှိသူတစ်ဦးဖြစ်တာကို ယုံကြည် ပါတယ်။ ဟွန်ဆန်ဟာ ကမ္ဘောဒီးယားနိုင်ငံမှာဖြစ်ခဲ့တဲ့ နိုင်ငံရေးအရှုပ်အထွေးအခက်အခဲတွေကို ဖြေရှင်းပြီး ငြိမ်းချမ်းရေးရရှိအောင် လုပ်ဆောင်နိုင်ခဲ့တယ်။ ကမ္ဘောဒီးယားနိုင်ငံရဲ့ နိုင်ငံရေးအရှုပ်အထွေးတွေက မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့အခြေအနေများထက် ပိုမိုရှုပ်ထွေးပါတယ်။ လာမယ့်အာဆီယံထိပ်သီးအစည်းအဝေးမှာ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ကို အားပေးထောက်ခံသွားမှာဖြစ်ပါတယ်။ ဟွန်ဆန်ဟာ လာမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ပိုမိုကောင်းမွန်တဲ့မူဘောင်များ ချမှတ်နိုင်ဖို့ အကြံဉာဏ်ကောင်းတွေ ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်" လို့ ပြောပါတယ်။

မလေးရှားဝန်ကြီးချုပ် နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်တို့ဟာ ဒေသအတွင်းကိစ္စများအပြင် နှစ်နိုင်ငံကြား ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံရေး တိုးမြင့်နိုင်ဖို့လည်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ကမ္ဘောဒီးယားဝန်ကြီးချုပ်နဲ့ မလေးရှားဝန်ကြီးချုပ်ဟာ အလုပ်သမားရေးရာကိစ္စများ ပူးပေါင်းဆောင်ရွက်ဖို့ နားလည်မှု စာချွန်လွှာလက်မှတ်ရေး ထိုးခဲ့ကြောင်း သိရပါတယ်။

အန်ဝါအီဘရာဟင်ဟာ မလေးရှားဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီးနောက်ပိုင်း အာဆီယံဒေသအတွင်းရှိ နိုင်ငံများဖြစ်တဲ့ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ စင်ကာပူနိုင်ငံများကို သွားရောက်ပြီးနောက် ကမ္ဘောဒီးယားနိုင်ငံကို ထပ်မံ လာရောက်ခဲ့ကာ မြန်မာအရေးနဲ့ပတ်သက်ပြီး၊ ထပ်မံထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ ကမ္ဘောဒီးယာဝန်ကြီးချုပ်က " မလေးရှားဝန်ကြီးချုပ်နဲ့တွေ့ဆုံချိန်မှာ မြန်မာနိုင်ငံရေးပြဿနာ၊ ဘင်္ဂါလီကိစ္စ၊ တောင်တရုတ်ပင်လယ် အရေးကိစ္စ တို့အပါအဝင် ဒေသအတွင်းကိစ္စများကို ဆွေးနွေးခဲ့တယ်။ ရုရှားနဲ့ ယူကရိန်းစစ်ပွဲအခြေအနေများကိုလည်း ဆွေးနွေးခဲ့တယ်" လို့ပြောပါတယ်။

Zawgyi Version;
ျမန္မာႏိုင္ငံေရးကိစၥမ်ားအျပင္ ေဒသအတြင္းနဲ႔ ကမာၻ႔ေရးရာကိစၥမ်ား ေျဖရွင္းႏိုင္ေအာင္ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ နဲ႔ ပူးေပါင္းေဆာင္႐ြက္မယ္လို႔ မေလးရွားဝန္ႀကီးခ်ဳပ္ ေျပာ
ဂ်န္ဇက္ (NP News) - မတ္ ၂၈

မေလးရွားဝန္ႀကီးခ်ဳပ္က ေဒသအတြင္းနဲ႔ ကမာၻ႔ေရးရာကိစၥမ်ားအျပင္ ျမန္မာႏိုင္ငံေရးပဋိပကၡမ်ားကို ေျဖရွင္းႏိုင္ ေအာင္ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ဟြန္ဆန္နဲ႔အတူ ပူးေပါင္းေဆာင္႐ြက္မႈမ်ား ဆက္လက္လုပ္ေဆာင္သြားမွာျဖစ္ ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

မေလးရွားဝန္ႀကီးခ်ဳပ္ အီဘရာဟင္ဟာ ကေမာၻဒီးယားႏိုင္ငံကို ခ်စ္ၾကည္ေရး ခရီးသြားေရာက္ၿပီးေနာက္ ဝန္ႀကီးခ်ဳပ္ဟြန္ဆန္နဲ႔ ေတြ႕ဆုံေဆြးေႏြးမႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္းသိရပါတယ္။

မေလးရွားဝန္ႀကီးခ်ဳပ္က "ကမာၻဒီးယားဝန္ႀကီးခ်ဳပ္ဟြန္ဆန္ဟာ ဉာဏ္အေျမႇာ္ျမင္ရွိသူတစ္ဦးျဖစ္တာကို ယုံၾကည္ ပါတယ္။ ဟြန္ဆန္ဟာ ကေမာၻဒီးယားႏိုင္ငံမွာျဖစ္ခဲ့တဲ့ ႏိုင္ငံေရးအရႈပ္အေထြးအခက္အခဲေတြကို ေျဖရွင္းၿပီး ၿငိမ္းခ်မ္းေရးရရွိေအာင္ လုပ္ေဆာင္ႏိုင္ခဲ့တယ္။ ကေမာၻဒီးယားႏိုင္ငံရဲ႕ ႏိုင္ငံေရးအရႈပ္အေထြးေတြက ျမန္မာႏိုင္ငံမွာ လက္ရွိျဖစ္ေနတဲ့အေျခအေနမ်ားထက္ ပိုမိုရႈပ္ေထြးပါတယ္။ လာမယ့္အာဆီယံထိပ္သီးအစည္းအေဝးမွာ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ဟြန္ဆန္ကို အားေပးေထာက္ခံသြားမွာျဖစ္ပါတယ္။ ဟြန္ဆန္ဟာ လာမယ့္ အာဆီယံ ထိပ္သီးအစည္းအေဝးမွာ ပိုမိုေကာင္းမြန္တဲ့မူေဘာင္မ်ား ခ်မွတ္ႏိုင္ဖို႔ အႀကံဉာဏ္ေကာင္းေတြ ေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္" လို႔ ေျပာပါတယ္။

မေလးရွားဝန္ႀကီးခ်ဳပ္ နဲ႔ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ဟြန္ဆန္တို႔ဟာ ေဒသအတြင္းကိစၥမ်ားအျပင္ ႏွစ္ႏိုင္ငံၾကား ကုန္သြယ္ေရးနဲ႔ ရင္းႏွီးျမႇဳပ္ႏွံေရး တိုးျမင့္ႏိုင္ဖို႔လည္း ေဆြးေႏြးခဲ့ေၾကာင္း သိရပါတယ္။ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္နဲ႔ မေလးရွားဝန္ႀကီးခ်ဳပ္ဟာ အလုပ္သမားေရးရာကိစၥမ်ား ပူးေပါင္းေဆာင္႐ြက္ဖို႔ နားလည္မႈ စာခြၽန္လႊာလက္မွတ္ေရး ထိုးခဲ့ေၾကာင္း သိရပါတယ္။

အန္ဝါအီဘရာဟင္ဟာ မေလးရွားဝန္ႀကီးခ်ဳပ္ျဖစ္လာခဲ့ၿပီးေနာက္ပိုင္း အာဆီယံေဒသအတြင္းရွိ ႏိုင္ငံမ်ားျဖစ္တဲ့ အင္ဒိုနီးရွား၊ ဖိလစ္ပိုင္၊ ထိုင္း၊ စင္ကာပူႏိုင္ငံမ်ားကို သြားေရာက္ၿပီးေနာက္ ကေမာၻဒီးယားႏိုင္ငံကို ထပ္မံ လာေရာက္ခဲ့ကာ ျမန္မာအေရးနဲ႔ပတ္သက္ၿပီး၊ ထပ္မံထည့္သြင္းေဆြးေႏြးခဲ့ပါတယ္။ ကေမာၻဒီးယာဝန္ႀကီးခ်ဳပ္က " မေလးရွားဝန္ႀကီးခ်ဳပ္နဲ႔ေတြ႕ဆုံခ်ိန္မွာ ျမန္မာႏိုင္ငံေရးျပႆနာ၊ ဘဂၤါလီကိစၥ၊ ေတာင္တ႐ုတ္ပင္လယ္ အေရးကိစၥ တို႔အပါအဝင္ ေဒသအတြင္းကိစၥမ်ားကို ေဆြးေႏြးခဲ့တယ္။ ႐ုရွားနဲ႔ ယူကရိန္းစစ္ပြဲအေျခအေနမ်ားကိုလည္း ေဆြးေႏြးခဲ့တယ္" လို႔ေျပာပါတယ္။

Related news

© 2021. All rights reserved.