မြန်မာနိုင်ငံရေးပြဿနာများကိုဖြေရှင်းနိုင်အောင် အာဆီယံနည်းလမ်းအတိုင်း အပြုသဘောဆောင်ချဉ်းကပ် လုပ်ဆောင်မှုများကိုထောက်ခံကြောင်း တရုတ်အစိုးရပြော

 591

ဂျန်ဇက် (NP News) - မတ် ၂၈

မြန်မာနိုင်ငံဟာ အာဆီယံမိသားစုရဲ့အဖွဲ့ဝင်တစ်နိုင်ငံဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေနဲ့ အာဆီယံနည်းလမ်းအတိုင်း မြန်မာနိုင်ငံရေးပြဿနာများကိုဖြေရှင်းနိုင်အောင် အပြုသဘောဆောင်ချဉ်းကပ်လုပ်ဆောင်မှုများကို ထောက်ခံ ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang ဟာ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် Kao Kim Hourn နဲ့ တွေ့ဆုံ ဆွေးနွေးချိန်အတွင်း အခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။ အာဆီယံအဖွဲ့အထွေထွေအတွင်းရေးမှူးချုပ်ကလည်း တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရေးပြဿနာများ ဖြေလျော့နိုင်အောင် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍ ပါဝင်ဆောင်ရွက်မှုများနဲ့အတူ အာဆီယံစုစည်းညီညွတ်မှုများအတွက် ထောက်ခံပေးခြင်းအတွက် ကျေးဇူးတင် ကြောင်း ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၂ဝ၂၁ ခုနှစ်က အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အာဆီယံဟာ မြန်မာနိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်အောင် ကြားဝင်ဆောင်ရွက်နေပြီး နစကအကြီးအကဲဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံကာ အာဆီယံသဘောတူညီချက်ငါးချက်ကို ရယူနိုင်ခဲ့ပါတယ်။ အာဆီယံသဘောတူညီချက်ငါးချက်နဲ့ပတ်သက်ပြီး အပြည့်အဝအကောင်အထည်ဖော်နိုင်ခြင်းမရှိသေးတဲ့အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့နဲ့ အမေရိကန်ဦးဆောင် တဲ့ အနောက်အုပ်စုနိုင်ငံများက ဝေဖန်ပြစ်တင်မှုများရှိနေကြောင်း သိရပါတယ်။

မြန်မာနိုင်ငံနဲ့ အာဆီယံခေါင်းဆောင်များကြား ရရှိထားတဲ့ အာဆီယံသဘောတူညီချက်ငါးချက်ထဲမှာ အကြမ်းဖက် မှုရပ်တန့်ရေး၊ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေး၊ မြန်မာနိုင်ငံရေးမှာ ပါဝင်နေသူအားလုံး အပြုသဘော ဆောင်ပြီး တွေ့ဆုံဆွေးနွေးရေးစတဲ့ အချက်များ ပါဝင်လျက်ရှိနေကြောင်း သိရပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံအတွင်းရေးမှူးချုပ်တို့ဟာ ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးတို့အတွက် အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးက တရုတ်နိုင်ငံ ဟာ အရှေ့တောင်အာရှနိုင်ငံများနဲ့ ပူးပေါင်းဆောင်ရွက်ရေးစာချုပ်၊ ကုလသမဂ္ဂ ကြေညာစာတမ်းရဲ့ရည်ရွယ်ချက်၊ သတ်မှတ်ချက်များကို အဓိကထားအခြေခံပြီး အာဆီယံအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင် မှာဖြစ်ကြောင်း ပြောပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ပြည်ပကြားဝင်စွက်ဖက်မှုများကို ဖယ်ထုတ်နိုင်အောင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိနေသလို တောင်တရုတ်ပင်လယ်အရေးအငြင်းပွားမှုတွေကိုလည်း ဖြေရှင်းနိုင်အောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး က ပြောပါတယ်။

Zawgyi Version;
ျမန္မာႏိုင္ငံေရးျပႆနာမ်ားကိုေျဖရွင္းႏိုင္ေအာင္ အာဆီယံနည္းလမ္းအတိုင္း အျပဳသေဘာေဆာင္ခ်ဥ္းကပ္ လုပ္ေဆာင္မႈမ်ားကိုေထာက္ခံေၾကာင္း တ႐ုတ္အစိုးရေျပာ
ဂ်န္ဇက္ (NP News) - မတ္ ၂၈

ျမန္မာႏိုင္ငံဟာ အာဆီယံမိသားစုရဲ႕အဖြဲ႕ဝင္တစ္ႏိုင္ငံျဖစ္ေၾကာင္း၊ တ႐ုတ္ႏိုင္ငံအေနနဲ႔ အာဆီယံနည္းလမ္းအတိုင္း ျမန္မာႏိုင္ငံေရးျပႆနာမ်ားကိုေျဖရွင္းႏိုင္ေအာင္ အျပဳသေဘာေဆာင္ခ်ဥ္းကပ္လုပ္ေဆာင္မႈမ်ားကို ေထာက္ခံ ေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး Qin Gang ဟာ အာဆီယံအေထြေထြအတြင္းေရးမႉးခ်ဳပ္ Kao Kim Hourn နဲ႔ ေတြ႕ဆုံ ေဆြးေႏြးခ်ိန္အတြင္း အခုလိုမ်ိဳးေျပာခဲ့တာျဖစ္ပါတယ္။ အာဆီယံအဖြဲ႕အေထြေထြအတြင္းေရးမႉးခ်ဳပ္ကလည္း တ႐ုတ္ႏိုင္ငံအေနနဲ႔ ျမန္မာႏိုင္ငံေရးျပႆနာမ်ား ေျဖေလ်ာ့ႏိုင္ေအာင္ အျပဳသေဘာေဆာင္တဲ့ အခန္းက႑ ပါဝင္ေဆာင္႐ြက္မႈမ်ားနဲ႔အတူ အာဆီယံစုစည္းညီၫြတ္မႈမ်ားအတြက္ ေထာက္ခံေပးျခင္းအတြက္ ေက်းဇူးတင္ ေၾကာင္း ေျပာခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ ၂ဝ၂၁ ခုႏွစ္က အာဏာသိမ္းမႈျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း အာဆီယံဟာ ျမန္မာႏိုင္ငံေရးျပႆနာမ်ားကို ေျဖရွင္းႏိုင္ေအာင္ ၾကားဝင္ေဆာင္႐ြက္ေနၿပီး နစကအႀကီးအကဲဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္နဲ႔ေတြ႕ဆုံကာ အာဆီယံသေဘာတူညီခ်က္ငါးခ်က္ကို ရယူႏိုင္ခဲ့ပါတယ္။ အာဆီယံသေဘာတူညီခ်က္ငါးခ်က္နဲ႔ပတ္သက္ၿပီး အျပည့္အဝအေကာင္အထည္ေဖာ္ႏိုင္ျခင္းမရွိေသးတဲ့အတြက္ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံအခ်ိဳ႕နဲ႔ အေမရိကန္ဦးေဆာင္ တဲ့ အေနာက္အုပ္စုႏိုင္ငံမ်ားက ေဝဖန္ျပစ္တင္မႈမ်ားရွိေနေၾကာင္း သိရပါတယ္။

ျမန္မာႏိုင္ငံနဲ႔ အာဆီယံေခါင္းေဆာင္မ်ားၾကား ရရွိထားတဲ့ အာဆီယံသေဘာတူညီခ်က္ငါးခ်က္ထဲမွာ အၾကမ္းဖက္ မႈရပ္တန႔္ေရး၊ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေပးေရး၊ ျမန္မာႏိုင္ငံေရးမွာ ပါဝင္ေနသူအားလုံး အျပဳသေဘာ ေဆာင္ၿပီး ေတြ႕ဆုံေဆြးေႏြးေရးစတဲ့ အခ်က္မ်ား ပါဝင္လ်က္ရွိေနေၾကာင္း သိရပါတယ္။

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ အာဆီယံအတြင္းေရးမႉးခ်ဳပ္တို႔ဟာ ေဒသအတြင္း ဖြံ႕ၿဖိဳးတိုးတက္ေရး၊ ၿငိမ္းခ်မ္းေရး၊ တည္ၿငိမ္ေရးတို႔အတြက္ အဓိကထား ေဆြးေႏြးခဲ့ေၾကာင္း သိရပါတယ္။ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးက တ႐ုတ္ႏိုင္ငံ ဟာ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားနဲ႔ ပူးေပါင္းေဆာင္႐ြက္ေရးစာခ်ဳပ္၊ ကုလသမဂၢ ေၾကညာစာတမ္းရဲ႕ရည္႐ြယ္ခ်က္၊ သတ္မွတ္ခ်က္မ်ားကို အဓိကထားအေျခခံၿပီး အာဆီယံအဖြဲ႕နဲ႔ ပူးေပါင္းေဆာင္႐ြက္မႈမ်ား ဆက္လက္လုပ္ေဆာင္ မွာျဖစ္ေၾကာင္း ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံအေနနဲ႔ ျပည္ပၾကားဝင္စြက္ဖက္မႈမ်ားကို ဖယ္ထုတ္ႏိုင္ေအာင္ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားနဲ႔အတူ ပူးေပါင္းေဆာင္႐ြက္ဖို႔ ဆႏၵရွိေနသလို ေတာင္တ႐ုတ္ပင္လယ္အေရးအျငင္းပြားမႈေတြကိုလည္း ေျဖရွင္းႏိုင္ေအာင္ ေဆာင္႐ြက္သြားမွာျဖစ္ေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး က ေျပာပါတယ္။

Related news

© 2021. All rights reserved.