မီးရထားဝင်းအတွင်းရှိ လိုင်းခန်းအတွင်း စာရေးဆရာတစ်ဦး ပုပ်ပွသေဆုံးမှု ရန်ကုန်တွင်ဖြစ်ပွား

 1249

စော (NP News)-မတ် ၂၈

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မီးရထားဝင်းအတွင်း ပုပ်ပွနေသော လူသေအလောင်းအားတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (မတ်လ ၂၇ ရက်)၊ ည (၁ဝ)နာရီခွဲဝန်းကျင်အချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ မလွှကုန်းရပ်ကွက်တွင် ဖြစ်ပွားခဲ့ကြောင်း မင်္ဂလာတောင်ညွန့်လူငယ်လူမှုကူညီကယ်ဆယ်ရေးအသင်းမှ သိရသည်။

“ဘေးပတ်ဝန်းကျင်းကတော့ သူ့ရဲ့ဒေသရင်းက ဘယ်ကလာတယ်ဆိုတာ မသိဘူးပြောပါတယ်။ ရောဂါကတော့အစုံရှိတယ်ပြောတယ်။ သူကစာရေးဆရာပါ”ဟု မင်္ဂလာတောင်ညွန့်လူငယ်လူမှုကူညီကယ်ဆယ်ရေးအသင်းမှတာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

သေဆုံးသူ၏အလောင်းသည် ပုပ်ပွနေခြင်းကြောင့် ပေါင်ချိန်(၅ဝဝ)နီးပါးရှိနေပြီး ခက်ခက်ခဲခဲသယ်ထုတ်ရကြောင်း ၎င်းက ဆက်လက်ပြောဆိုထားသည်။

အဆိုပါအမျိုးသားသည် ဦးမျိုးညွန့်ဆိုသူဖြစ်ပြီး အသက် (၅၉)နှစ်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ၎င်းအားရန်ကုန်ဆေးရုံကြီးသို့ပိုဆောင်ပေးခဲ့ကြောင်း မင်္ဂလာတောင်ညွန့်လူငယ်လူမှုကူညီကယ်ဆယ်ရေးအသင်းမှဆိုသည်။

zawgyi version
မီးရထားဝင္းအတြင္းရွိ လိုင္းခန္းအတြင္း စာေရးဆရာတစ္ဦး ပုပ္ပြေသဆုံးမႈ ရန္ကုန္တြင္ျဖစ္ပြား

ေစာ (NP News)-မတ္ ၂၈

ရန္ကုန္တိုင္း၊ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္ရွိ မီးရထားဝင္းအတြင္း ပုပ္ပြေနေသာ လူေသအေလာင္းအားေတြ႕ရွိခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (မတ္လ ၂၇ ရက္)၊ ည (၁ဝ)နာရီခြဲဝန္းက်င္အခ်ိန္တြင္ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္၊ မလႊကုန္းရပ္ကြက္တြင္ ျဖစ္ပြားခဲ့ေၾကာင္း မဂၤလာေတာင္ၫြန႔္လူငယ္လူမႈကူညီကယ္ဆယ္ေရးအသင္းမွ သိရသည္။

“ေဘးပတ္ဝန္းက်င္းကေတာ့ သူ႔ရဲ႕ေဒသရင္းက ဘယ္ကလာတယ္ဆိုတာ မသိဘူးေျပာပါတယ္။ ေရာဂါကေတာ့အစုံရွိတယ္ေျပာတယ္။ သူကစာေရးဆရာပါ”ဟု မဂၤလာေတာင္ၫြန႔္လူငယ္လူမႈကူညီကယ္ဆယ္ေရးအသင္းမွတာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ေသဆုံးသူ၏အေလာင္းသည္ ပုပ္ပြေနျခင္းေၾကာင့္ ေပါင္ခ်ိန္(၅ဝဝ)နီးပါးရွိေနၿပီး ခက္ခက္ခဲခဲသယ္ထုတ္ရေၾကာင္း ၎က ဆက္လက္ေျပာဆိုထားသည္။

အဆိုပါအမ်ိဳးသားသည္ ဦးမ်ိဳးၫြန႔္ဆိုသူျဖစ္ၿပီး အသက္ (၅၉)ႏွစ္ျဖစ္ေၾကာင္း သိရသည္။ လက္ရွိတြင္ ၎အားရန္ကုန္ေဆး႐ုံႀကီးသို႔ပိုေဆာင္ေပးခဲ့ေၾကာင္း မဂၤလာေတာင္ၫြန႔္လူငယ္လူမႈကူညီကယ္ဆယ္ေရးအသင္းမွဆိုသည္။

Related news

© 2021. All rights reserved.