တာမွေဂုံးတံတားအနီး လမ်းရှင်းနေသော ယာဉ်ထိန်းရဲတပ်ဖွဲ့ ဗုံးဖြင့် တိုက်ခိုက်ခံရကာ အမျိုးသမီးရဲမေ(၁)ဦး ဗုံးစထိမှန်

 1440

NP News - မတ် ၂၈

တာမွေဂုံးကျော်တံတားအနီး ယာဉ်လမ်းရှင်းလင်းရေး ဆောင်ရွက်နေသည့် ယာဉ် ထိန်းရဲတပ်ဖွဲ့ ဗုံးဖြင့် တိုက်ခိုက်ခံခဲ့ရကာ အမျိုးသမီးရဲမေ (၁)ဦး ဗုံးစထိမှန် ဒဏ် ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့(မတ်လ ၂၈ ရက်) ၊ နံနက် ၁ဝ နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အခင်းဖြစ်ပွားရာနေရာရှိ နယ်မြေခံတစ်ဦးက NP News ကို ပြောသည်။

တပ်ကြပ်ကြီးတစ်ဦး ဦးဆောင်သော ယာဉ်ထိန်းရဲတပ်ဖွဲ့သည် အရှေ့မြင်းပြိုင်ကွင်းလမ်း၌ ယာဉ်လမ်းရှင်းလင်းရေး ဆောင်ရွက်နေသည့်အချိန်တွင် အမည်မသိရှိရသေးသည့်အဖွဲ့မှ တာမွေဂုံးကျော်တံတားပေါ်မှတစ်ဆင့် လက်လုပ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါနယ်မြေခံက ဆိုသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် အမျိုးသမီးယာဉ်ထိန်းရဲမေတစ်ဦးသည် ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ကုသပေးလျက်ရှိကြောင်း သိရသည်။

အလားတူ ယနေ့ နံနက် ၉ နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ ဌာနာရပ်ကွက်၊ အလုံလမ်းရှိ အလုံမြို့မရဲစခန်း အနီးတွင်လည်း လက်လုပ်ဗုံးဟု ယူဆရသည့် အရာဝတ္ထုတစ်ခုကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

Zawgyi Version;
တာေမြဂုံးတံတားအနီး လမ္းရွင္းေနေသာ ယာဥ္ထိန္းရဲတပ္ဖြဲ႕ ဗုံးျဖင့္ တိုက္ခိုက္ခံရကာ အမ်ိဳးသမီးရဲေမ(၁)ဦး ဗုံးစထိမွန္

NP News - မတ္ ၂၈

တာေမြဂုံးေက်ာ္တံတားအနီး ယာဥ္လမ္းရွင္းလင္းေရး ေဆာင္႐ြက္ေနသည့္ ယာဥ္ ထိန္းရဲတပ္ဖြဲ႕ ဗုံးျဖင့္ တိုက္ခိုက္ခံခဲ့ရကာ အမ်ိဳးသမီးရဲေမ (၁)ဦး ဗုံးစထိမွန္ ဒဏ္ ရာရရွိခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔(မတ္လ ၂၈ ရက္) ၊ နံနက္ ၁ဝ နာရီအခ်ိန္ခန႔္တြင္ ရန္ကုန္တိုင္း၊ တာေမြၿမိဳ႕နယ္၊ တာေမြႀကီး(ခ)ရပ္ကြက္၊ အေရွ႕ျမင္းၿပိဳင္ကြင္းလမ္းတြင္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း အခင္းျဖစ္ပြားရာေနရာရွိ နယ္ေျမခံတစ္ဦးက NP News ကို ေျပာသည္။

တပ္ၾကပ္ႀကီးတစ္ဦး ဦးေဆာင္ေသာ ယာဥ္ထိန္းရဲတပ္ဖြဲ႕သည္ အေရွ႕ျမင္းၿပိဳင္ကြင္းလမ္း၌ ယာဥ္လမ္းရွင္းလင္းေရး ေဆာင္႐ြက္ေနသည့္အခ်ိန္တြင္ အမည္မသိရွိရေသးသည့္အဖြဲ႕မွ တာေမြဂုံးေက်ာ္တံတားေပၚမွတစ္ဆင့္ လက္လုပ္ဗုံးျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း အထက္ပါနယ္ေျမခံက ဆိုသည္။

ထိုသို႔ ပစ္ခတ္တိုက္ခိုက္ခံရမႈေၾကာင့္ အမ်ိဳးသမီးယာဥ္ထိန္းရဲေမတစ္ဦးသည္ ဗုံးစထိမွန္ဒဏ္ရာရရွိခဲ့ၿပီး ေဆး႐ုံသို႔ ပို႔ေဆာင္ကုသေပးလ်က္ရွိေၾကာင္း သိရသည္။

အလားတူ ယေန႔ နံနက္ ၉ နာရီအခ်ိန္ခန႔္တြင္ ရန္ကုန္တိုင္း၊ အလုံၿမိဳ႕နယ္၊ ဌာနာရပ္ကြက္၊ အလုံလမ္းရွိ အလုံၿမိဳ႕မရဲစခန္း အနီးတြင္လည္း လက္လုပ္ဗုံးဟု ယူဆရသည့္ အရာဝတၳဳတစ္ခုကို ေတြ႕ရွိခဲ့ရေၾကာင္း သိရသည္။

Picture

hla thein

28/03/2023 20:49

မအေလိုးများပြည်သူကားအသွားအလားကောင်းအောင်ဆောင်ရွက်နေသူကိုလုပ်ကြံတာ တော်တယ် မင်းအမေအရေးတော်ပုံအောင်မှာ ချီးစားကြ မိရင်အရှင်မထားနဲ့

Related news

© 2021. All rights reserved.