ဂိုးသမားဒီဂီယာ က စာချုပ်သက်တမ်းတိုးဖို့ ငြင်းဆန်ခဲ့ပေမယ့်လည်း မန်ယူအသင်းမှာ ပျော်ရွင်နေ

 616

ဂျန်ဇက် (NP News) - မတ် ၃၁

မန်ယူအသင်းဂိုးသမား ဒိဂီယာက ၎င်းအနေနဲ့ အသင်းမှ စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုတွေကို ငြင်းဆန်ပယ်ချ ခဲ့ပေမယ့်လည်း အသင်းမှာ ပျော်ရွှင်နေဆဲဖြစ်တယ်လို့ ပြောပါတယ်။

စပိန်ဂိုးသမား ဒီဂီယာရဲ့လက်ရှိစာချုပ်ဟာ နောက်ဆုံးနှစ်ကို ရောက်ရှိနေပြီဖြစ်တဲ့အတွက် အသင်းက စာချုပ် သက်တမ်းတိုးဖို့ကမ်းလှမ်းချိန်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ပယ်ချခဲ့တာဖြစ်ကြောင်း သိရပါတယ်။ မန်ယူအသင်းဟာ ၁ဝ နှစ်ကြာ ပါဝင်ကစားနေတဲ့ ဒီဂီယာဟာ အသင်းမှာ လုပ်ခလစာ အများဆုံးရရှိနေသူဖြစ်ပြီး တစ်ပတ်လုပ်ခပေါင် ၃၇၅ဝဝဝ ရရှိနေကြောင်း သိရပါတယ်။

မန်ယူအသင်းဟာ အသင်းရှိကစားသမားကိုပေးနေတဲ့ လုပ်ခလစာ မြင့်မားနေခြင်းကြောင့် လစာနှုန်းထားများကို လျော့ချဖို့ စီစဉ်နေတယ်လို့လည်း ဗြိတိန်မီဒီယာများက ဖော်ပြပါတယ်။ ဒီဂီယာက "ကျွန်တော်ဟာ နှစ်ပေါင်း များစွာကြာ မန်ယူအသင်းမှာ ရှိနေခဲ့တယ်။ အသင်းရဲ့ပွဲစဉ်များကို ပါဝင်ကစားချိန်တိုင်း ပျော်ရွှင်ရပါတယ်။ မန်ယူ အသင်းဟာ အသင်းကြီးတစ်သင်းဖြစ်သလို ကျွန်တော် ချစ်ခင်နှစ်သက်မှုအပြည့်ရှိပါတယ်။ အသင်းမှာရှိနေရခြင်း ကို ပျော်ရွှင်နေပါတယ်" လို့ပြောပါတယ်။

ဒီဂီယာက "ကျွန်တော်တို့အသင်းဟာ လက်ရှိအချိန်မှာ ရလဒ်တွေ ပိုမိုကောင်းမွန်စေဖို့ အသင်းကစားပုံ ပိုမို ကောင်းမွန်စေဖို့အတွက် လေ့ကျင့်ခန်းအစီအစဉ်တွေကို ဂရုစိုက်ရမယ်" လို့ပြောပါတယ်။ ဒီဂီယာဟာ မန်ယူအသင်း နည်းပြအသစ် တန်ဟတ်ရဲ့ကစားပုံစတိုင်နဲ့ ဟန်ချက်ညီမှုမရှိပေမယ့်လည်း ပြီးခဲ့တဲ့လများအတွင်း ကစားခဲ့တဲ့ အသင်းရဲ့ပွဲစဉ်များမှာ အကောင်းဆုံးလက်စွမ်းပြနိုင်ခဲ့ကြောင်း သိရပါတယ်။

အသက် ၃၂ နှစ်အရွယ်ရှိ ဒီဂီယာဟာ မန်ယူအသင်းကို ၂ဝ၁၁ ခုနှစ်က ပြောင်းရွှေ့လာခဲ့ပြီး ပရီးမီးယားလိဂ် ပွဲစဉ် ပေါင်း ၄ဝဝ ကျော် ပါဝင်ကစားထားသူဖြစ်ကြောင်း သိရပါတယ်။

Zawgyi Version;
ဂိုးသမားဒီဂီယာ က စာခ်ဳပ္သက္တမ္းတိုးဖို႔ ျငင္းဆန္ခဲ့ေပမယ့္လည္း မန္ယူအသင္းမွာ ေပ်ာ္႐ြင္ေန
ဂ်န္ဇက္ (NP News) - မတ္ ၃၁

မန္ယူအသင္းဂိုးသမား ဒိဂီယာက ၎အေနနဲ႔ အသင္းမွ စာခ်ဳပ္သက္တမ္းတိုးဖို႔ ကမ္းလွမ္းမႈေတြကို ျငင္းဆန္ပယ္ခ်ခဲ့ေပမယ့္လည္း အသင္းမွာ ေပ်ာ္႐ႊင္ေနဆဲျဖစ္တယ္လို႔ ေျပာပါတယ္။

စပိန္ဂိုးသမား ဒီဂီယာရဲ႕လက္ရွိစာခ်ဳပ္ဟာ ေနာက္ဆုံးႏွစ္ကို ေရာက္ရွိေနၿပီျဖစ္တဲ့အတြက္ အသင္းက စာခ်ဳပ္ သက္တမ္းတိုးဖို႔ကမ္းလွမ္းခ်ိန္မွာ ၿပီးခဲ့တဲ့ရက္ပိုင္းက ပယ္ခ်ခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။ မန္ယူအသင္းဟာ ၁ဝ ႏွစ္ၾကာ ပါဝင္ကစားေနတဲ့ ဒီဂီယာဟာ အသင္းမွာ လုပ္ခလစာ အမ်ားဆုံးရရွိေနသူျဖစ္ၿပီး တစ္ပတ္လုပ္ခေပါင္ ၃၇၅ဝဝဝ ရရွိေနေၾကာင္း သိရပါတယ္။

မန္ယူအသင္းဟာ အသင္းရွိကစားသမားကိုေပးေနတဲ့ လုပ္ခလစာ ျမင့္မားေနျခင္းေၾကာင့္ လစာႏႈန္းထားမ်ားကို ေလ်ာ့ခ်ဖို႔ စီစဥ္ေနတယ္လို႔လည္း ၿဗိတိန္မီဒီယာမ်ားက ေဖာ္ျပပါတယ္။ ဒီဂီယာက "ကြၽန္ေတာ္ဟာ ႏွစ္ေပါင္း မ်ားစြာၾကာ မန္ယူအသင္းမွာ ရွိေနခဲ့တယ္။ အသင္းရဲ႕ပြဲစဥ္မ်ားကို ပါဝင္ကစားခ်ိန္တိုင္း ေပ်ာ္႐ႊင္ရပါတယ္။ မန္ယူ အသင္းဟာ အသင္းႀကီးတစ္သင္းျဖစ္သလို ကြၽန္ေတာ္ ခ်စ္ခင္ႏွစ္သက္မႈအျပည့္ရွိပါတယ္။ အသင္းမွာရွိေနရျခင္း ကို ေပ်ာ္႐ႊင္ေနပါတယ္" လို႔ေျပာပါတယ္။

ဒီဂီယာက "ကြၽန္ေတာ္တို႔အသင္းဟာ လက္ရွိအခ်ိန္မွာ ရလဒ္ေတြ ပိုမိုေကာင္းမြန္ေစဖို႔ အသင္းကစားပုံ ပိုမို ေကာင္းမြန္ေစဖို႔အတြက္ ေလ့က်င့္ခန္းအစီအစဥ္ေတြကို ဂ႐ုစိုက္ရမယ္" လို႔ေျပာပါတယ္။ ဒီဂီယာဟာ မန္ယူအသင္း နည္းျပအသစ္ တန္ဟတ္ရဲ႕ကစားပုံစတိုင္နဲ႔ ဟန္ခ်က္ညီမႈမရွိေပမယ့္လည္း ၿပီးခဲ့တဲ့လမ်ားအတြင္း ကစားခဲ့တဲ့ အသင္းရဲ႕ပြဲစဥ္မ်ားမွာ အေကာင္းဆုံးလက္စြမ္းျပႏိုင္ခဲ့ေၾကာင္း သိရပါတယ္။

အသက္ ၃၂ ႏွစ္အ႐ြယ္ရွိ ဒီဂီယာဟာ မန္ယူအသင္းကို ၂ဝ၁၁ ခုႏွစ္က ေျပာင္းေ႐ႊ႕လာခဲ့ၿပီး ပရီးမီးယားလိဂ္ ပြဲစဥ္ ေပါင္း ၄ဝဝ ေက်ာ္ ပါဝင္ကစားထားသူျဖစ္ေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.