အောင်မင်္ဂလာအဝေးပြေးဝင်းအနီးတွင် လက်လုပ်ဗုံးပေါက်ကွဲရာ ရဲတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရ

 1431

NP News - ဧပြီ ၁

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ အောင်မင်္ဂလာအဝေးပြေးဝင်း ဂိတ်(၂)အနီးတွင် လက်လုပ်ဗုံးပေါက်ကွဲရာ ရဲတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူ သတင်းရင်းမြစ်ထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့ (ဧပြီလ ၁ ရက်)၊ နံနက် (၉)နာရီအချိန်ခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်၊ အမှတ် (၃) လမ်းမကြီး၊ အောင်မင်္ဂလာအဝေးပြေးဝင်းဂိတ် (၂) အနီးတွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဂိတ် (၂) အနီးတွင် စည်ပင်ရဲတပ်ဖွဲ့ဝင် (၅)ဦးသည် ယာဉ်စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်နေစဉ် PDF များထောင်ထားသည့် လက်လုပ်ဗုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။

ထိုသို့ပေါက်ကွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးသည် ခြေထောက်တွင် ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ဖွယ်ရာအ‌ခြေအနေ မရှိကြောင်းသိရသည်။

zawgyi version
ေအာင္မဂၤလာအေဝးေျပးဝင္းအနီးတြင္ လက္လုပ္ဗုံးေပါက္ကြဲရာ ရဲတပ္ဖြဲ႕ဝင္တစ္ဦး ထိခိုက္ဒဏ္ရာရ
NP News - ဧၿပီ ၁

ရန္ကုန္တိုင္း၊ မဂၤလာဒုံၿမိဳ႕နယ္ရွိ ေအာင္မဂၤလာအေဝးေျပးဝင္း ဂိတ္(၂)အနီးတြင္ လက္လုပ္ဗုံးေပါက္ကြဲရာ ရဲတပ္ဖြဲ႕ဝင္တစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္နီးစပ္သူ သတင္းရင္းျမစ္ထံမွ သိရသည္။

ျဖစ္စဥ္မွာ ယေန႔ (ဧၿပီလ ၁ ရက္)၊ နံနက္ (၉)နာရီအခ်ိန္ခန႔္တြင္ မဂၤလာဒုံၿမိဳ႕နယ္၊ ခ်စ္တီးကုန္းရပ္ကြက္၊ အမွတ္ (၃) လမ္းမႀကီး၊ ေအာင္မဂၤလာအေဝးေျပးဝင္းဂိတ္ (၂) အနီးတြင္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါဂိတ္ (၂) အနီးတြင္ စည္ပင္ရဲတပ္ဖြဲ႕ဝင္ (၅)ဦးသည္ ယာဥ္စည္းကမ္းထိန္းသိမ္းေရးလုပ္ငန္းမ်ားေဆာင္႐ြက္ေနစဥ္ PDF မ်ားေထာင္ထားသည့္ လက္လုပ္ဗုံးေပါက္ကြဲခဲ့ေၾကာင္း သိရသည္။

ထိုသို႔ေပါက္ကြဲမႈေၾကာင့္ ရဲတပ္ဖြဲ႕ဝင္တစ္ဦးသည္ ေျခေထာက္တြင္ ဗုံးစထိမွန္ဒဏ္ရာရရွိခဲ့ၿပီး စိုးရိမ္ဖြယ္ရာအ‌ေျခအေန မရွိေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.