ကြည့်မြင်တိုင်တွင် ဆိုက်ကားနှင့် ကားယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ ဆိုင်ကားနင်းသူသေဆုံး

 1433

စော (NP News)- ဧပြီ ၂

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်တွင် ဆိုက်ကားနှင့် ကားယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ ဆိုင်ကားနင်းသူသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (ဧပြီလ ၁ ရက်)၊ ည ၁၂နာရီဝန်းကျင်အချိန်တွင် ကြည့်မြင်တိုင်မြို့နယ်၊ ၊သရက်တော(၅)လမ်းနှင့် ကမ်းနားလမ်းထောင့်တွင် ဖြစ်ပွားခဲ့ကြောင်း ရောင်စဉ်မဲ့လူမှုကူညီရေးအသင်းမှ သိရသည်။

“ကျွန်တော်တို့လည်း သေချာမသိဘူး။ ဆိုက်ကားသမားကိုတိုက်ပြီးထွက်ပြေးသွားတာပါ။ ဆိုက်ကားသမားကတော့ အခင်းဖြစ်တဲ့နေရာမှာပဲဆုံးသွားတာပါ။ အသက်ကတော့ (၄ဝ)ကျော် (၅ဝ)ဝန်းကျင်လောက်ရှိပါတယ်”ဟု ရောင်စဉ်မဲ့လူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ယာဥ်တိုက်မှုကြောင့် သေဆုံးခဲ့သည့် အမျိုးသားသည် အသက်(၄ဝ)ကျော်အရွယ်ဖြစ်ကြောင်း သိရပြီး ၎င်း၏ရုပ်အလောင်းအား ရန်ကုန်ဆေးရုံကြီးသို့ပိုဆောင်ပေးခဲ့ကြောင်း ရောင်စဉ်မဲ့လူမှုကူညီရေးအသင်းမှသိရသည်။

zawgyi version
ၾကည့္ျမင္တိုင္တြင္ ဆိုက္ကားႏွင့္ ကားယာဥ္တိုက္မႈျဖစ္ပြားခဲ့ရာ ဆိုင္ကားနင္းသူေသဆုံး

ေစာ (NP News)- ဧၿပီ ၂

ရန္ကုန္တိုင္း၊ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္တြင္ ဆိုက္ကားႏွင့္ ကားယာဥ္တိုက္မႈျဖစ္ပြားခဲ့ရာ ဆိုင္ကားနင္းသူေသဆုံးခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (ဧၿပီလ ၁ ရက္)၊ ည ၁၂နာရီဝန္းက်င္အခ်ိန္တြင္ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္၊ ၊သရက္ေတာ(၅)လမ္းႏွင့္ ကမ္းနားလမ္းေထာင့္တြင္ ျဖစ္ပြားခဲ့ေၾကာင္း ေရာင္စဥ္မဲ့လူမႈကူညီေရးအသင္းမွ သိရသည္။

“ကြၽန္ေတာ္တို႔လည္း ေသခ်ာမသိဘူး။ ဆိုက္ကားသမားကိုတိုက္ၿပီးထြက္ေျပးသြားတာပါ။ ဆိုက္ကားသမားကေတာ့ အခင္းျဖစ္တဲ့ေနရာမွာပဲဆုံးသြားတာပါ။ အသက္ကေတာ့ (၄ဝ)ေက်ာ္ (၅ဝ)ဝန္းက်င္ေလာက္ရွိပါတယ္”ဟု ေရာင္စဥ္မဲ့လူမႈကူညီေရးအသင္းမွတာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ယာဥ္တိုက္မႈေၾကာင့္ ေသဆုံးခဲ့သည့္ အမ်ိဳးသားသည္ အသက္(၄ဝ)ေက်ာ္အ႐ြယ္ျဖစ္ေၾကာင္း သိရၿပီး ၎၏႐ုပ္အေလာင္းအား ရန္ကုန္ေဆး႐ုံႀကီးသို႔ပိုေဆာင္ေပးခဲ့ေၾကာင္း ေရာင္စဥ္မဲ့လူမႈကူညီေရးအသင္းမွသိရသည္။

Related news

© 2021. All rights reserved.