ပြင်သစ်နိုင်ငံတစ်ဝှမ်း ဆန္ဒပြပွဲများ၊ အကြမ်းဖက်မှုများနှင့် မီးဟုန်းဟုန်းတောက်နေခိုက် တရုတ်နိုင်ငံသို့ သမ္မတမက်ခွန် အလည်အပတ်သွားရောက်မည်

 846

Htay Oung (NP News) - ဧပြီ ၂

သမ္မတ အီမန်နျူရယ် မက်ခွန်ဟာ ပြင်သစ်နိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ ရှက်စဖွယ် ပင်စင်ဆန္ဒပြပွဲတွေအပေါ် ချုပ်ကိုင်ရန် ကြိုးပမ်းမှုနဲ့ အမျှော်အမြင်ရှိရည်မှန်းချက်ပြည့်ဝတဲ့ နိုင်ငံရေးသမားတစ်ဦးရဲ့ တန်ခိုးသြဇာကြီးထွားလာတဲ့ စူပါပါဝါနိုင်ငံသို့ ရှားရှားပါးပါး ခရီးစဉ်တို့အကြား အချိုးမပြေတဲ့ ဟန်ချက်ညှိလုပ်ရပ်တစ်ခုအဖြစ် တရုတ်နိုင်ငံကို လာမယ့် ရက်သတ္တပတ်အတွင်း သွားရောက်ဖို့ ရှိနေကြောင်း Reuters က မတ်လ ၃၁ ရက်ကရေးသားပါတယ်။

သမ္မတ မက်ခွန်ဟာ တရုတ်နိုင်ငံ ကွမ်ကျိုးမြို့မှာ ဧပြီလ ၅ ရက်မှ ၈ ရက်အတွင်း သွား ရောက်မှာ ဖြစ်ပါတယ်။ ယခုလစောစောပိုင်း ပါလီမန်မှတစ်ဆင့် အငြင်းပွားဖွယ် ပင်စင်ဥပဒေပြဋ္ဌာန်းဖို့ ဆုံးဖြတ်ခဲ့သူ ပြင်သစ်ခေါင်းဆောင်ဟာ သူ့နိုင်ငံမြို့ကြီးတွေမှာ ရုန်းရင်းဆန်ခတ်နဲ့ အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပွားနေခိုက် အလုပ်များတဲ့ သမ္မတတစ်ဦးရဲ့ သံတမန်ရေးရာအချိန်ဇယားအတိုင်း ကွက်ပြည့်နင်းဖို့ ကြိုးစားနေပါတယ်။

ဒါပေမဲ့ ပါရီမြို့ သပိတ်မှောက်သူများရဲ့ အမှိုက်ပုံများကို မီးရှို့ဖျက်ဆီးနေပုံ မြင်ကွင်းများက ကမ္ဘာတစ်ဝှမ်း ပျံ့လွင့်သွားပြီး သံတမန်အသိုင်းအဝိုင်းမှာလည်း သတိမပြုပဲ မနေနိုင်လောက်အောင် အရှက်ရစရာ ဖြစ်ခဲ့ရပါတယ်။ အဲ့ဒီဖြစ်စဉ်ကြောင့် ဗြိတိန်ချားလ်ဘုရင်ရဲ့ ပြင်သစ်ချစ်ကြည်ရေးခရီးစဉ်ကို ဖျက်သိမ်းပစ်ဖို့အထိ မက်ခွန်အပေါ် တွန်းအားဖြစ်ခဲ့ရပါတယ်။

အင်္ဂလန်ဘုရင်ရဲ့ ပထမဆုံးပြည်ပခရီးစဉ်ကို လက်ခံကျင်းပရမယ့်ကိစ္စဟာ ဂုဏ်ယူစရာတော့ကောင်းပါတယ်။ ကြုံ့တောင့် ကြုံခဲလို့ ပြောရမှာပါ၊ (မက်ခွန်ရဲ့ ပင်စင်ဥပဒေကို နိုင်ငံလုံးကျွတ်ကန့်ကွက်ကြောင်း ပါရီသပိတ်မှောက်သူတို့က အမှိုက်ပုံးများကို မီးတင်ရှို့တဲ့ ကိစ္စဟာ) ခရီးစဉ်အပေါ် အားနည်းသွားစေခဲ့တာ ရှင်းနေကြောင်း၊ အကျိုးသက်ရောက်မှုကို တိုင်းတာဖို့ ခဲယဉ်းပေမဲ့ ချစ်ကြည်ရေးခရီးကို ဖျက်သိမ်းစရာပဲ ရှိပါတယ်လို့ ဥရောပနိုင်ငံတစ်နိုင်ငံမှ သံအမတ်ကြီးတစ်ဦးက Reuters ရဲ့ မေတ္တာရပ်ခံချက်အပေါ် မှတ်ချက်ပေးပါတယ်။

ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး ဥရောပမှာ ဦးဆောင်သူ အခန်းကဏ္ဍမှ ပါဝင်ရန်အတွက် သမ္မတမက်ခွန်ရဲ့ ပေကျင်းခရီးစဉ်ကို ကြေညာခြင်းဟာ ပြင်သစ်အလုပ်သမားသမဂ္ဂတို့ရဲ့ ၁၁-ရက်မြောက် နိုင်ငံလုံးကျွတ် သပိတ်မှောက်ရက်နဲ့ တိုက်ဆိုင်နေပါတယ်။ ဆန္ဒပြမှုတွေက ပြင်သစ်တစ်နိုင်ငံလုံး ကျယ်ပြန့်ပြင်းထန်လာတဲ့အထိ ဖြစ်နေချိန်မှာ အထူးသဖြင့် ဥရောပခေါင်းဆောင်နေရာကို လိုချင်တဲ့ မက်ခွန်အတွက် သံတမန်ရေး စတန့်ထွင်ဖို့ လိုအပ်ပါတယ်လို့ တရုတ် ရန်မင်းတက္ကသိုလ် ဥရောပရေးလေ့လာသုံးသပ်သူတစ်ဦးက ရှု့မြင်ပါတယ်။

မက်ခရွန်ဘက်က ကြည့်ရင်တော့ တစ်နှစ်ကျော်လာတဲ့ ယူကရိန်းစစ်ပွဲမှာ ပေကျင်းက မော်စကိုကို လက်နက်များပေးအပ်မယ်ဆိုရင် ဥရောပအနေနဲ့ လက်ခံနိုင်မှာ မဟုတ်ကြောင်း ယခုလစောစောပိုင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ကရင်မလင်နန်းတော်မှာ လက်ခံတွေ့ဆုံခဲ့သူ သမ္မတရှီကျင့်ဖျင်ထံ ရှင်းရှင်းလင်းလင်း သတိပေးဖို့ လိုအပ်နေပါတယ်လို့ တရုတ်လေ့လာသူက ဆိုပါတယ်။

မက်ခွန်ပေးချင်တဲ့ သတင်းစကားက ရှင်းရှင်းလင်းလင်း ရှိပါလိမ့်မယ်။ ရုရှားနဲ့ ပိုမိုနီးကပ်လာတဲ့ ကိစ္စမှာ သွေးဆောင်မှု ရှိကောင်းရှိနိုင်ပေမဲ့ စည်းမကျော်နဲ့လို့ ပြောချင်တာပါလို့ အကြီးတန်း ပြင်သစ်သံတမန်တစ်ဦးက မှတ် ချက်ပေးပါတယ်။

ဘီလာရုစ်နိုင်ငံမှာ နူလက်နက်တွေ ဖြန့်ကျက်ဖို့ ပူတင်က ဆုံးဖြတ်ထားပါတယ်။ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး ကာလရှည်ကြာ ရှုတ်ချခဲ့သူ ပေကျင်းအနေနဲ့ ရုရှားနဲ့ ဝေးကွာစေရေး တွန်းအားပေးဖို့ ပြင်သစ်အတွက် အခွင့်ကောင်း ဖြစ်လာနိုင်ပါတယ်လို့ လေ့လာသူများက သုံးသပ်ပါတယ်။ ပြင်သစ်ဟာ နျူလက်နက်ပိုင်ရှင်နိုင်ငံဖြစ်ပါတယ်။ အဲဒီ ဖဲချပ်ကို ကစားဖို့ ရှိပါတယ်လို့ ပြင်သစ်အခြေစိုက် FRS တွေးခေါ်ပညာရှင်တစ်ဦးက ပြောပါတယ်။

ဒါပေမဲ့ စစ်ပွဲအဆုံးသတ်ရေး မော်စကိုအပေါ် ဖိအားပေးဖို့ တရုတ်ကို နှိုးဆော်ခဲ့သူ မက်ခွန်ရဲ့ ယခင်တစ်စိုက်မတ်မတ်ရပ်တည်ချက်တွေဟာ တကယ်လက်တွေ့ဖြစ်လာ မလာ ဥရောပသမဂ္ဂအဖွဲ့၀င်နိုင်ငံအများအပြားက သံသယရှိနေတယ်လို့ ဘရပ်ဆဲလ်အခြေစိုက် သံတမန်တစ်ဦးက ထင်မြင်ချက်ပေးပါတယ်။ ခုလိုအချိန်မျိုးမှာ ( သည်းမခံကြောင်း ရှီကျင့်ဖျင်ကို ဒီလိုကြီး သွားပြောမယ့်ကိစ္စဟာ) အီးယူနိုင်ငံတွေအတွက် မျက်လုံးပြူးစရာ ဖြစ်ရပါတယ်လို့ ဆိုပါတယ်။

ပြည်တွင်းကန့်ကွက်ဆန္ဒပြမှုများက နိုင်ငံရပ်ခြားမှာ မက်ခွန်ရဲ့ စကားတွေကို နား၀င်ပါ့မလားလို့ အတော်များများက လျှော့ပေါ့တွက်ဆနေကြတယ်လို့ ပြင်သစ်သံတမန်တစ်ဦးက စောဒက တက်ပါတယ်။ COVID-19 ကန့် သတ်ချက်နဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့နှစ်ကုန်ပိုင်း ရှားရှားပါးပါး အာဏာဖီဆန် ဆန္ဒပြမှုတွေကို ရှီကျင့်ဖျင်ကိုယ်တိုင်လည်း ရင်ဆိုင်ခဲ့ရဖူးကြောင်း ထောက်ပြပါတယ်။

တရုတ်အနေနဲ့ မျှတပြီး ဟန်ချက်ညီညီ လုပ်ဆောင်မှာပါ။ ဥရောပနဲ့ ဆက်ဆံရေးကောင်းဖို့ လိုအပ်တာကြောင့် မက်ခွန်ရဲ့ ပြည်တွင်းရေး ပြဿနာတွေကို အစဆွဲထုတ်ပြီး ကစားချင်မှာ မဟုတ်ပါဘူးလို့ အခြားပြင်သစ်သံတမန်တစ်ဦးကလည်း မှတ်ချက်ပေးပါတယ်။

ဝါရှင်တန်နဲ့ ပေကျင်းအကြား ဆက်ဆံရေး ဆိုးရွားလာနေတဲ့ကြားမှာ အမေရိကန်ရဲ့ ဝေဟင်ပိုင်နက်အတွင်း ပျံသန်းနေတဲ့ တရုတ်မိုးပျံဘော်လုံးကို ပစ်ချပြီးနောက်ပိုင်း မကျေလည်မှု အဆင့်တိုးလာတဲ့အတွက် ဥရောပအနေနဲ့လည်း တရုတ်နဲ့ ဆက်ဆံရေးမှာ သူ့ရဲ့ကိုယ်ပိုင်လမ်း ကြောင်းကို ပုံဖော်ရန် ကြိုးစားနေပါတယ်။

ပေကျင်း ခရီးစဉ်အဖွဲ့အနေနဲ့ တရုတ်နိုင်ငံကုမ္ပဏီများအပေါ် ပိုမိုထိန်းချုပ်စရာ အကြောင်း မရှိပဲ၊ သံတမန်ရေးရာနဲ့ စီးပွားရေးအရ အန္တရာယ်ကင်းရှင်းရေးကိုသာ ကြိုးပမ်းနေတယ်လို့ မက်ခွန်နဲ့အတူ လိုက်ပါသွားမယ့် ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလီယန်က ပြောပြပါတယ်။

အမေရိကန်နဲ့ ဆက်ဆံရေး ယိုယွင်းလာတဲ့ တရုတ်အပေါ် ဥရောပလွှမ်းမိုးမှု အနည်းငယ်သာ ထိခိုက်နိုင်ပြီး ပေကျင်းအတွက် ကြီးမားကျယ်ပြန့်ပြီး တစ်ခုတည်းသော စျေးကွက်ဖြစ်လာတဲ့ အီးယူရဲ့ အခန်းကဏ္ဍဟာ ပိုမိုအရေးပါလာတယ်လို့ လေ့လာသူများက ဆိုကြပါတယ်။

အဲဒီကိစ္စဟာ "မဟာဗျူဟာမြောက် လုပ်ပိုင်ခွင့့်” အဖြစ် အသုံးချဖို့ ဥရောပကို တွန်းအားပေးခဲ့သူ မက်ခွန်အတွက် အခွင့်အလမ်းကို ပေးနိုင်စွမ်းပြီး နှစ်ပေါင်းများစွာ ကူးစက်ရောဂါဖြစ်ပွားပြီးနောက် ပြန်လည်ဖွင့်လှစ်လိုက်တဲ့ တရုတ်စီးပွားရေးမှ ပြင်သစ်နဲ့ ဥရောပတို့က အကျိုးအမြတ်ရရှိနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

ဥရောပက တရုတ်နဲ့ ဆက်ဆံလိုတဲ့ပုံစံကို မက်ခွန်အနေနဲ့ သတင်းစကား ပေးပို့နိုင်ပေမယ့် တရုတ်က ရုရှားနဲ့ လက်ရှိလမ်းကြောင်းအတိုင်း ဆက်သွားနေမယ်ဆိုရင်တော့ ဒါဟာ ခက်ခဲသွားပါလိမ့်မယ်လို့ အမေရိကန်အခြေစိုက် စီးပွားရေးအချက်အလက်များနဲ့ ပေါ်လစီရေးရာ အလွတ်တန်း လေ့လာသူတစ်ဦးက မှတ်ချက်ပေးပါတယ်။

(Reuters., 31 March 2023,” Embattled Macron heads to China, leaving burning Paris behind” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

zawgyi version
ျပင္သစ္ႏိုင္ငံတစ္ဝွမ္း ဆႏၵျပပြဲမ်ား၊ အၾကမ္းဖက္မႈမ်ားႏွင့္ မီးဟုန္းဟုန္းေတာက္ေနခိုက္ တ႐ုတ္ႏိုင္ငံသို႔ သမၼတမက္ခြန္ အလည္အပတ္သြားေရာက္မည္
Htay Oung (NP News) - ဧၿပီ ၂

သမၼတ အီမန္န်ဴရယ္ မက္ခြန္ဟာ ျပင္သစ္ႏိုင္ငံအတြင္း ျဖစ္ေပၚေနတဲ့ ရွက္စဖြယ္ ပင္စင္ဆႏၵျပပြဲေတြအေပၚ ခ်ဳပ္ကိုင္ရန္ ႀကိဳးပမ္းမႈနဲ႔ အေမွ်ာ္အျမင္ရွိရည္မွန္းခ်က္ျပည့္ဝတဲ့ ႏိုင္ငံေရးသမားတစ္ဦးရဲ႕ တန္ခိုးၾသဇာႀကီးထြားလာတဲ့ စူပါပါဝါႏိုင္ငံသို႔ ရွားရွားပါးပါး ခရီးစဥ္တို႔အၾကား အခ်ိဳးမေျပတဲ့ ဟန္ခ်က္ညႇိလုပ္ရပ္တစ္ခုအျဖစ္ တ႐ုတ္ႏိုင္ငံကို လာမယ့္ ရက္သတၱပတ္အတြင္း သြားေရာက္ဖို႔ ရွိေနေၾကာင္း Reuters က မတ္လ ၃၁ ရက္ကေရးသားပါတယ္။

သမၼတ မက္ခြန္ဟာ တ႐ုတ္ႏိုင္ငံ ကြမ္က်ိဳးၿမိဳ႕မွာ ဧၿပီလ ၅ ရက္မွ ၈ ရက္အတြင္း သြား ေရာက္မွာ ျဖစ္ပါတယ္။ ယခုလေစာေစာပိုင္း ပါလီမန္မွတစ္ဆင့္ အျငင္းပြားဖြယ္ ပင္စင္ဥပေဒျပ႒ာန္းဖို႔ ဆုံးျဖတ္ခဲ့သူ ျပင္သစ္ေခါင္းေဆာင္ဟာ သူ႔ႏိုင္ငံၿမိဳ႕ႀကီးေတြမွာ ႐ုန္းရင္းဆန္ခတ္နဲ႔ အၾကမ္းဖက္မႈမ်ား ဆက္တိုက္ျဖစ္ပြားေနခိုက္ အလုပ္မ်ားတဲ့ သမၼတတစ္ဦးရဲ႕ သံတမန္ေရးရာအခ်ိန္ဇယားအတိုင္း ကြက္ျပည့္နင္းဖို႔ ႀကိဳးစားေနပါတယ္။

ဒါေပမဲ့ ပါရီၿမိဳ႕ သပိတ္ေမွာက္သူမ်ားရဲ႕ အမႈိက္ပုံမ်ားကို မီးရႈိ႕ဖ်က္ဆီးေနပုံ ျမင္ကြင္းမ်ားက ကမာၻတစ္ဝွမ္း ပ်ံ႕လြင့္သြားၿပီး သံတမန္အသိုင္းအဝိုင္းမွာလည္း သတိမျပဳပဲ မေနႏိုင္ေလာက္ေအာင္ အရွက္ရစရာ ျဖစ္ခဲ့ရပါတယ္။ အဲ့ဒီျဖစ္စဥ္ေၾကာင့္ ၿဗိတိန္ခ်ားလ္ဘုရင္ရဲ႕ ျပင္သစ္ခ်စ္ၾကည္ေရးခရီးစဥ္ကို ဖ်က္သိမ္းပစ္ဖို႔အထိ မက္ခြန္အေပၚ တြန္းအားျဖစ္ခဲ့ရပါတယ္။

အဂၤလန္ဘုရင္ရဲ႕ ပထမဆုံးျပည္ပခရီးစဥ္ကို လက္ခံက်င္းပရမယ့္ကိစၥဟာ ဂုဏ္ယူစရာေတာ့ေကာင္းပါတယ္။ ႀကဳံ႕ေတာင့္ ႀကဳံခဲလို႔ ေျပာရမွာပါ၊ (မက္ခြန္ရဲ႕ ပင္စင္ဥပေဒကို ႏိုင္ငံလုံးကြၽတ္ကန္႔ကြက္ေၾကာင္း ပါရီသပိတ္ေမွာက္သူတို႔က အမႈိက္ပုံးမ်ားကို မီးတင္ရႈိ႕တဲ့ ကိစၥဟာ) ခရီးစဥ္အေပၚ အားနည္းသြားေစခဲ့တာ ရွင္းေနေၾကာင္း၊ အက်ိဳးသက္ေရာက္မႈကို တိုင္းတာဖို႔ ခဲယဥ္းေပမဲ့ ခ်စ္ၾကည္ေရးခရီးကို ဖ်က္သိမ္းစရာပဲ ရွိပါတယ္လို႔ ဥေရာပႏိုင္ငံတစ္ႏိုင္ငံမွ သံအမတ္ႀကီးတစ္ဦးက Reuters ရဲ႕ ေမတၱာရပ္ခံခ်က္အေပၚ မွတ္ခ်က္ေပးပါတယ္။

ယူကရိန္းစစ္ပြဲနဲ႔ ပတ္သက္ၿပီး ဥေရာပမွာ ဦးေဆာင္သူ အခန္းက႑မွ ပါဝင္ရန္အတြက္ သမၼတမက္ခြန္ရဲ႕ ေပက်င္းခရီးစဥ္ကို ေၾကညာျခင္းဟာ ျပင္သစ္အလုပ္သမားသမဂၢတို႔ရဲ႕ ၁၁-ရက္ေျမာက္ ႏိုင္ငံလုံးကြၽတ္ သပိတ္ေမွာက္ရက္နဲ႔ တိုက္ဆိုင္ေနပါတယ္။ ဆႏၵျပမႈေတြက ျပင္သစ္တစ္ႏိုင္ငံလုံး က်ယ္ျပန္႔ျပင္းထန္လာတဲ့အထိ ျဖစ္ေနခ်ိန္မွာ အထူးသျဖင့္ ဥေရာပေခါင္းေဆာင္ေနရာကို လိုခ်င္တဲ့ မက္ခြန္အတြက္ သံတမန္ေရး စတန္႔ထြင္ဖို႔ လိုအပ္ပါတယ္လို႔ တ႐ုတ္ ရန္မင္းတကၠသိုလ္ ဥေရာပေရးေလ့လာသုံးသပ္သူတစ္ဦးက ရႈ႕ျမင္ပါတယ္။

မက္ခ႐ြန္ဘက္က ၾကည့္ရင္ေတာ့ တစ္ႏွစ္ေက်ာ္လာတဲ့ ယူကရိန္းစစ္ပြဲမွာ ေပက်င္းက ေမာ္စကိုကို လက္နက္မ်ားေပးအပ္မယ္ဆိုရင္ ဥေရာပအေနနဲ႔ လက္ခံႏိုင္မွာ မဟုတ္ေၾကာင္း ယခုလေစာေစာပိုင္း ႐ုရွားသမၼတ ဗလာဒီမာပူတင္က ကရင္မလင္နန္းေတာ္မွာ လက္ခံေတြ႕ဆုံခဲ့သူ သမၼတရွီက်င့္ဖ်င္ထံ ရွင္းရွင္းလင္းလင္း သတိေပးဖို႔ လိုအပ္ေနပါတယ္လို႔ တ႐ုတ္ေလ့လာသူက ဆိုပါတယ္။

မက္ခြန္ေပးခ်င္တဲ့ သတင္းစကားက ရွင္းရွင္းလင္းလင္း ရွိပါလိမ့္မယ္။ ႐ုရွားနဲ႔ ပိုမိုနီးကပ္လာတဲ့ ကိစၥမွာ ေသြးေဆာင္မႈ ရွိေကာင္းရွိႏိုင္ေပမဲ့ စည္းမေက်ာ္နဲ႔လို႔ ေျပာခ်င္တာပါလို႔ အႀကီးတန္း ျပင္သစ္သံတမန္တစ္ဦးက မွတ္ ခ်က္ေပးပါတယ္။

ဘီလာ႐ုစ္ႏိုင္ငံမွာ ႏူလက္နက္ေတြ ျဖန္႔က်က္ဖို႔ ပူတင္က ဆုံးျဖတ္ထားပါတယ္။ အဲ့ဒီကိစၥနဲ႔ ပတ္သက္ၿပီး ကာလရွည္ၾကာ ရႈတ္ခ်ခဲ့သူ ေပက်င္းအေနနဲ႔ ႐ုရွားနဲ႔ ေဝးကြာေစေရး တြန္းအားေပးဖို႔ ျပင္သစ္အတြက္ အခြင့္ေကာင္း ျဖစ္လာႏိုင္ပါတယ္လို႔ ေလ့လာသူမ်ားက သုံးသပ္ပါတယ္။ ျပင္သစ္ဟာ န်ဴလက္နက္ပိုင္ရွင္ႏိုင္ငံျဖစ္ပါတယ္။ အဲဒီ ဖဲခ်ပ္ကို ကစားဖို႔ ရွိပါတယ္လို႔ ျပင္သစ္အေျခစိုက္ FRS ေတြးေခၚပညာရွင္တစ္ဦးက ေျပာပါတယ္။

ဒါေပမဲ့ စစ္ပြဲအဆုံးသတ္ေရး ေမာ္စကိုအေပၚ ဖိအားေပးဖို႔ တ႐ုတ္ကို ႏႈိးေဆာ္ခဲ့သူ မက္ခြန္ရဲ႕ ယခင္တစ္စိုက္မတ္မတ္ရပ္တည္ခ်က္ေတြဟာ တကယ္လက္ေတြ႕ျဖစ္လာ မလာ ဥေရာပသမဂၢအဖြဲ႕၀င္ႏိုင္ငံအမ်ားအျပားက သံသယရွိေနတယ္လို႔ ဘရပ္ဆဲလ္အေျခစိုက္ သံတမန္တစ္ဦးက ထင္ျမင္ခ်က္ေပးပါတယ္။ ခုလိုအခ်ိန္မ်ိဳးမွာ ( သည္းမခံေၾကာင္း ရွီက်င့္ဖ်င္ကို ဒီလိုႀကီး သြားေျပာမယ့္ကိစၥဟာ) အီးယူႏိုင္ငံေတြအတြက္ မ်က္လုံးျပဴးစရာ ျဖစ္ရပါတယ္လို႔ ဆိုပါတယ္။

ျပည္တြင္းကန္႔ကြက္ဆႏၵျပမႈမ်ားက ႏိုင္ငံရပ္ျခားမွာ မက္ခြန္ရဲ႕ စကားေတြကို နား၀င္ပါ့မလားလို႔ အေတာ္မ်ားမ်ားက ေလွ်ာ့ေပါ့တြက္ဆေနၾကတယ္လို႔ ျပင္သစ္သံတမန္တစ္ဦးက ေစာဒက တက္ပါတယ္။ COVID-19 ကန႔္ သတ္ခ်က္နဲ႔ ပတ္သက္ၿပီး လြန္ခဲ့တဲ့ႏွစ္ကုန္ပိုင္း ရွားရွားပါးပါး အာဏာဖီဆန္ ဆႏၵျပမႈေတြကို ရွီက်င့္ဖ်င္ကိုယ္တိုင္လည္း ရင္ဆိုင္ခဲ့ရဖူးေၾကာင္း ေထာက္ျပပါတယ္။

တ႐ုတ္အေနနဲ႔ မွ်တၿပီး ဟန္ခ်က္ညီညီ လုပ္ေဆာင္မွာပါ။ ဥေရာပနဲ႔ ဆက္ဆံေရးေကာင္းဖို႔ လိုအပ္တာေၾကာင့္ မက္ခြန္ရဲ႕ ျပည္တြင္းေရး ျပႆနာေတြကို အစဆြဲထုတ္ၿပီး ကစားခ်င္မွာ မဟုတ္ပါဘူးလို႔ အျခားျပင္သစ္သံတမန္တစ္ဦးကလည္း မွတ္ခ်က္ေပးပါတယ္။

ဝါရွင္တန္နဲ႔ ေပက်င္းအၾကား ဆက္ဆံေရး ဆိုး႐ြားလာေနတဲ့ၾကားမွာ အေမရိကန္ရဲ႕ ေဝဟင္ပိုင္နက္အတြင္း ပ်ံသန္းေနတဲ့ တ႐ုတ္မိုးပ်ံေဘာ္လုံးကို ပစ္ခ်ၿပီးေနာက္ပိုင္း မေက်လည္မႈ အဆင့္တိုးလာတဲ့အတြက္ ဥေရာပအေနနဲ႔လည္း တ႐ုတ္နဲ႔ ဆက္ဆံေရးမွာ သူ႔ရဲ႕ကိုယ္ပိုင္လမ္း ေၾကာင္းကို ပုံေဖာ္ရန္ ႀကိဳးစားေနပါတယ္။

ေပက်င္း ခရီးစဥ္အဖြဲ႕အေနနဲ႔ တ႐ုတ္ႏိုင္ငံကုမၸဏီမ်ားအေပၚ ပိုမိုထိန္းခ်ဳပ္စရာ အေၾကာင္း မရွိပဲ၊ သံတမန္ေရးရာနဲ႔ စီးပြားေရးအရ အႏၲရာယ္ကင္းရွင္းေရးကိုသာ ႀကိဳးပမ္းေနတယ္လို႔ မက္ခြန္နဲ႔အတူ လိုက္ပါသြားမယ့္ ဥေရာပေကာ္မရွင္ဥကၠ႒ အာဆူလာဗြန္ဒါလီယန္က ေျပာျပပါတယ္။

အေမရိကန္နဲ႔ ဆက္ဆံေရး ယိုယြင္းလာတဲ့ တ႐ုတ္အေပၚ ဥေရာပလႊမ္းမိုးမႈ အနည္းငယ္သာ ထိခိုက္ႏိုင္ၿပီး ေပက်င္းအတြက္ ႀကီးမားက်ယ္ျပန႔္ၿပီး တစ္ခုတည္းေသာ ေစ်းကြက္ျဖစ္လာတဲ့ အီးယူရဲ႕ အခန္းက႑ဟာ ပိုမိုအေရးပါလာတယ္လို႔ ေလ့လာသူမ်ားက ဆိုၾကပါတယ္။

အဲဒီကိစၥဟာ "မဟာဗ်ဴဟာေျမာက္ လုပ္ပိုင္ခြင့့္” အျဖစ္ အသုံးခ်ဖို႔ ဥေရာပကို တြန္းအားေပးခဲ့သူ မက္ခြန္အတြက္ အခြင့္အလမ္းကို ေပးႏိုင္စြမ္းၿပီး ႏွစ္ေပါင္းမ်ားစြာ ကူးစက္ေရာဂါျဖစ္ပြားၿပီးေနာက္ ျပန္လည္ဖြင့္လွစ္လိုက္တဲ့ တ႐ုတ္စီးပြားေရးမွ ျပင္သစ္နဲ႔ ဥေရာပတို႔က အက်ိဳးအျမတ္ရရွိႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။

ဥေရာပက တ႐ုတ္နဲ႔ ဆက္ဆံလိုတဲ့ပုံစံကို မက္ခြန္အေနနဲ႔ သတင္းစကား ေပးပို႔ႏိုင္ေပမယ့္ တ႐ုတ္က ႐ုရွားနဲ႔ လက္ရွိလမ္းေၾကာင္းအတိုင္း ဆက္သြားေနမယ္ဆိုရင္ေတာ့ ဒါဟာ ခက္ခဲသြားပါလိမ့္မယ္လို႔ အေမရိကန္အေျခစိုက္ စီးပြားေရးအခ်က္အလက္မ်ားနဲ႔ ေပၚလစီေရးရာ အလြတ္တန္း ေလ့လာသူတစ္ဦးက မွတ္ခ်က္ေပးပါတယ္။

(Reuters., 31 March 2023,” Embattled Macron heads to China, leaving burning Paris behind” ကို ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.