သုဝဏ္ဏဘောလုံးကွင်းရှေ့တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၍ အမျိုးသား(၂)ဦး ပွဲချင်းပြီး သေဆုံး

1253

Pearl (NP News) – ဧပြီ ၄
ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏဘောလုံးကွင်း ရှေ့တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၍ အမျိုးသား(၂)ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင့် Medical လူငယ်များထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဧပြီလ ၃ ရက်)၊ ည (၁၁)နာရီခွဲ အချိန်ခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ဆ/သုမင်္ဂလာရပ်ကွက်၊ ဝေဇယန္တာလမ်းမ၊ သုဝဏ္ဏဘောလုံးအားကစားကွင်းရှေ့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဘောလုံးကွင်းရှေ့တွင် ကိုမိုးယံမင်းပြည့် (၁၉)နှစ် မောင်းနှင်ပြီး Cute Bar တွင် အလုပ်လုပ်သည့် ကိုနောင်ဝေလွင် (၂၈)နှစ် နှင့် မမှူးဟေမာန်ဇော် (၂၃)နှစ်တို့ လိုက်ပါလာသည့် Honda Fit အမျိုးအစားယာဉ်သည် တောင်ဥက္ကလာဘက်မှ သာကေတသို့မောင်းနှင်လာစဉ် အရှိန်လွန်၍ ပလက်ဖောင်းအား တိုက်မိပြီး တိမ်းမှောက် သွားခဲ့ကြောင်း သိရသည်။
"သူတို့က သူငယ်ချင်းတွေ၊ တောင်ဥက္ကလာဘက်မှာ မုန့်စားပြီး ကောင်မလေးကို ပြန်ပို့တာ၊ ကောင်မလေး သာကေတက၊ အရှိန်လွန်ပြီး သုဝဏ္ဏမိုးလုံလေလုံးကွင်းနားက ဘလောက်တုံးကို တိုက်မိပြီး ခြံစည်းရိုးပါကျော်သွား တာ၊ ခြံစည်းရိုးက ပလက်ဖောင်းနဲ့ တော်တော်ဝေးတယ်၊ ကျွန်တော်တို့ရောက်တော့ ကောင်မလေးက ပလက် ဖောင်းပေါ်ပြုတ်ကျနေတာ၊ ကောင်လေး (၂)ယောက်က ကားအောက်မှာ ညပ်နေတာ၊ ကောင်လေး (၂)ယောက်က နေရာမှာပဲ ဆုံးသွားတယ်၊ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတယ်" ဟု Medical လူငယ်များ၏ တာဝန်ရှိသူတစ်ဦးမှ NP News ကို ပြောသည်။
ထိုသို့ယာဉ်တိမ်းမှောက်မှုကြောင့် ကိုမိုးယံမင်းပြည့်နှင့် ကိုနောင်ဝေလွင်တို့ (၂)ဦး တွင် မျက်နှာပွန်းပဲ့ဒဏ်ရာများ နှင့် ခါးရိုးကျိုးဒဏ်ရာများရရှိခဲ့၍ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး မမှူးဟေမာန်ဇော်တွင် ပေါင် နှင့် လက်မောင်းတို့၌ ကျိုးပဲ့ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် မမှူးဟေမာန်ဇော်အား သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး စိုးရိမ်ဖွယ်ရာအခြေအနေ မဟုတ်ကြောင်း သိရသည်။

Zawgyi Version;
သုဝဏၰေဘာလုံးကြင္းေရွ႕တြင္ ယာဥ္တိမ္းေမွာက္မႈျဖစ္ပြား၍ အမ်ိဳးသား(၂)ဦး ပြဲခ်င္းၿပီး ေသဆုံး
Pearl (NP News) – ဧၿပီ ၄
ရန္ကုန္တိုင္း၊ သဃၤန္းကြၽန္းၿမိဳ႕နယ္၊ သုဝဏၰေဘာလုံးကြင္း ေရွ႕တြင္ ယာဥ္တိမ္းေမွာက္မႈျဖစ္ပြား၍ အမ်ိဳးသား(၂)ဦး ပြဲခ်င္းၿပီး ေသဆုံးခဲ့ေၾကာင့္ Medical လူငယ္မ်ားထံမွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (ဧၿပီလ ၃ ရက္)၊ ည (၁၁)နာရီခြဲ အခ်ိန္ခန႔္တြင္ သဃၤန္းကြၽန္းၿမိဳ႕နယ္၊ ဆ/သုမဂၤလာရပ္ကြက္၊ ေဝဇယႏၲာလမ္းမ၊ သုဝဏၰေဘာလုံးအားကစားကြင္းေရွ႕တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါ ေဘာလုံးကြင္းေရွ႕တြင္ ကိုမိုးယံမင္းျပည့္ (၁၉)ႏွစ္ ေမာင္းႏွင္ၿပီး Cute Bar တြင္ အလုပ္လုပ္သည့္ ကိုေနာင္ေဝလြင္ (၂၈)ႏွစ္ ႏွင့္ မမႉးေဟမာန္ေဇာ္ (၂၃)ႏွစ္တို႔ လိုက္ပါလာသည့္ Honda Fit အမ်ိဳးအစားယာဥ္သည္ ေတာင္ဥကၠလာဘက္မွ သာေကတသို႔ေမာင္းႏွင္လာစဥ္ အရွိန္လြန္၍ ပလက္ေဖာင္းအား တိုက္မိၿပီး တိမ္းေမွာက္ သြားခဲ့ေၾကာင္း သိရသည္။
"သူတို႔က သူငယ္ခ်င္းေတြ၊ ေတာင္ဥကၠလာဘက္မွာ မုန႔္စားၿပီး ေကာင္မေလးကို ျပန္ပို႔တာ၊ ေကာင္မေလး သာေကတက၊ အရွိန္လြန္ၿပီး သုဝဏၰမိုးလုံေလလုံးကြင္းနားက ဘေလာက္တုံးကို တိုက္မိၿပီး ၿခံစည္း႐ိုးပါေက်ာ္သြား တာ၊ ၿခံစည္း႐ိုးက ပလက္ေဖာင္းနဲ႔ ေတာ္ေတာ္ေဝးတယ္၊ ကြၽန္ေတာ္တို႔ေရာက္ေတာ့ ေကာင္မေလးက ပလက္ ေဖာင္းေပၚျပဳတ္က်ေနတာ၊ ေကာင္ေလး (၂)ေယာက္က ကားေအာက္မွာ ညပ္ေနတာ၊ ေကာင္ေလး (၂)ေယာက္က ေနရာမွာပဲ ဆုံးသြားတယ္၊ ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္သြားတယ္" ဟု Medical လူငယ္မ်ား၏ တာဝန္ရွိသူတစ္ဦးမွ NP News ကို ေျပာသည္။
ထိုသို႔ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ကိုမိုးယံမင္းျပည့္ႏွင့္ ကိုေနာင္ေဝလြင္တို႔ (၂)ဦး တြင္ မ်က္ႏွာပြန္းပဲ့ဒဏ္ရာမ်ား ႏွင့္ ခါး႐ိုးက်ိဳးဒဏ္ရာမ်ားရရွိခဲ့၍ အခင္းျဖစ္ေနရာတြင္ ေသဆုံးသြားခဲ့ၿပီး မမႉးေဟမာန္ေဇာ္တြင္ ေပါင္ ႏွင့္ လက္ေမာင္းတို႔၌ က်ိဳးပဲ့ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ မမႉးေဟမာန္ေဇာ္အား သဃၤန္းကြၽန္းျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ထားၿပီး စိုးရိမ္ဖြယ္ရာအေျခအေနမဟုတ္ေၾကာင္း သိရသည္။