ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် ပြည်တွင်းရှိ NLD ပါတီဝင်အချို့၏ ကြိုးပမ်းမှု ငြင်းပယ်ခံရ

5891

NP News - ဧပြီ ၄
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရှိရန် ပြည်တွင်းရှိ NLD ပါတီဝင်အချို့၏ ကြိုးပမ်းမှု ငြင်းပယ်ခံခဲ့ရကြောင်း NLD ပါ ပါတီမှ ဗဟိုကော်မတီဝင်ဒေါ်စန္ဒာမင်းက NP News ကို ပြောသည်။
NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံလိုပါက တွေ့ဆုံခွင့်ပြုသည်ဟု နစကဘက်မှ အကြောင်းကြားမှုရှိကြောင်း သိရသည်။
သို့သော် NLD ပါတီဗဟိုအလုပ်အမှုဆောင်များအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုခြင်းမရှိသည့်အတွက် ဗဟိုကော်မတီဝင်နှစ်ဦးက သွားရောက်တွေ့ဆုံရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ဗဟိုကော်မတီဒေါ်စန္ဒာမင်းက ဆိုသည်။
NLD ပါတီမှ ဗဟိုကော်မတီဝင်(၂)ဦးသည် ပြီးခဲ့သော မတ်လ ၂၅ ရက်တွင် ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိနေသည့် နေပြည်တော်ရှိ အကျဉ်းထောင်သို့ သွားရောက်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ဖို့အတွက် အကျဉ်းထောင် ဧည့်တွေ့အခန်းမှာ စောင့်နေပါတယ်။ ထောင်မှူးကြီးက NLD က ဧည့်တွေလာတယ်လို့ သူ့ကို အကြောင်းကြားပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က အဲဒီနေ့မှာပဲ သူ့အနေနဲ့ မတွေ့ချင်ပါဘူးလို့ ပြန်ငြင်းလိုက်တယ်။ လာတွေ့တဲ့သူတွေကို မတွေ့ချင်တာမဟုတ်ဘူး။ ဘယ်သူ့ကိုမှ မတွေ့ချင်ဘူးဆိုတာမျိုးကို ပြောပါတယ်။ မတွေ့တော့ပါဘူးဆိုတာမျိုးကို ပြန်ပြောပါတယ်” ဟု ဒေါ်စန္ဒာမင်းက ပြောသည်။
NLD ပါတီအနာဂတ် ရှင်သန်ရေးနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခွင့်ရရှိရန် ကြိုးပမ်းခဲ့ခြင်းသာဖြစ်ကြောင်း သိရသည်။
နစကမှ ပြဋ္ဌာန်းလိုက်သည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများအရ နိုင်ငံရေးပါတီများအနေဖြင့် ရက်ပေါင်း (၆ဝ)အတွင်း မှတ်ပုံတင်လျှောက်ထားရန် ကြေညာခဲ့ပြီး မှတ်ပုံတင်လျှောက်ထားရမည့် နောက်ဆုံးရက်သည့် မတ် ၂၈ ရက်ဖြစ်ကြောင်း နစကမှ အသိပေးပြောဆိုမှုများ ရှိခဲ့သည်။
ထို့ကြောင့် NLD ပါတီသည် ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ မှတ်ချက်တစ်စုံတစ်ရာ မရရှိခဲ့သည့်အတွက် ပါတီ ပြန်လည်မှတ်ပုံမတင်ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း ဒေါ်စန္ဒာမင်းက ပြောဆိုထားသည်။
လက်ရှိတွင် နစက၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရက်ပေါင်း(၆ဝ)အတွင်း မှတ်ပုံတင်ပြန်လည်လျှောက်ထားခြင်းမရှိသည့် NLD ပါတီအပါအဝင် ပါတီပေါင်း (၄ဝ) ကို ဥပဒေအရ ပယ်ဖျက်ကြောင်း ပြီးခဲ့သော မတ်လ ၂၈ ရက် ညပိုင်းက ကြေညာခဲ့သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း၊ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် အမှုပေါင်း (၁၉)မှုဖြင့် ထောင်ဒဏ် ၃၃ နှစ်ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပြီး လက်ရှိတွင် နေပြည်တော်ရှိ အကျဉ်း ထောင်၌ ထောင်ဒဏ်ကျခံလျက်ရှိသည်။

Zawgyi Version;
ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ေတြ႕ဆုံခြင့္ရရန္ ျပည္တြင္းရွိ NLD ပါတီဝင္အခ်ိဳ႕၏ ႀကိဳးပမ္းမႈ ျငင္းပယ္ခံရ
NP News - ဧၿပီ ၄
ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ေတြ႕ဆုံခြင့္ရရွိရန္ ျပည္တြင္းရွိ NLD ပါတီဝင္အခ်ိဳ႕၏ ႀကိဳးပမ္းမႈ ျငင္းပယ္ခံခဲ့ရေၾကာင္း NLD ပါ ပါတီမွ ဗဟိုေကာ္မတီဝင္ေဒၚစႏၵာမင္းက NP News ကို ေျပာသည္။
NLD ပါတီ၏ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ဝင္မ်ားအေနျဖင့္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ေတြ႕ဆုံလိုပါက ေတြ႕ဆုံခြင့္ျပဳသည္ဟု နစကဘက္မွ အေၾကာင္းၾကားမႈရွိေၾကာင္း သိရသည္။
သို႔ေသာ္ NLD ပါတီဗဟိုအလုပ္အမႈေဆာင္မ်ားအေနျဖင့္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ေတြ႕ဆုံလိုျခင္းမရွိသည့္အတြက္ ဗဟိုေကာ္မတီဝင္ႏွစ္ဦးက သြားေရာက္ေတြ႕ဆုံရန္ စီစဥ္ခဲ့ျခင္းျဖစ္ေၾကာင္း ဗဟိုေကာ္မတီေဒၚစႏၵာမင္းက ဆိုသည္။
NLD ပါတီမွ ဗဟိုေကာ္မတီဝင္(၂)ဦးသည္ ၿပီးခဲ့ေသာ မတ္လ ၂၅ ရက္တြင္ ေဒၚေအာင္ဆန္းစုၾကည္ ေရာက္ရွိေနသည့္ ေနျပည္ေတာ္ရွိ အက်ဥ္းေထာင္သို႔ သြားေရာက္ခဲ့ေၾကာင္း ၎က ဆက္လက္ေျပာသည္။
“ေဒၚေအာင္ဆန္းစုၾကည္ကိုေတြ႕ဖို႔အတြက္ အက်ဥ္းေထာင္ ဧည့္ေတြ႕အခန္းမွာ ေစာင့္ေနပါတယ္။ ေထာင္မႉးႀကီးက NLD က ဧည့္ေတြလာတယ္လို႔ သူ႔ကို အေၾကာင္းၾကားပါတယ္။ ဒါေပမယ့္ ေဒၚေအာင္ဆန္းစုၾကည္က အဲဒီေန႔မွာပဲ သူ႔အေနနဲ႔ မေတြ႕ခ်င္ပါဘူးလို႔ ျပန္ျငင္းလိုက္တယ္။ လာေတြ႕တဲ့သူေတြကို မေတြ႕ခ်င္တာမဟုတ္ဘူး။ ဘယ္သူ႔ကိုမွ မေတြ႕ခ်င္ဘူးဆိုတာမ်ိဳးကို ေျပာပါတယ္။ မေတြ႕ေတာ့ပါဘူးဆိုတာမ်ိဳးကို ျပန္ေျပာပါတယ္” ဟု ေဒၚစႏၵာမင္းက ေျပာသည္။
NLD ပါတီအနာဂတ္ ရွင္သန္ေရးႏွင့္ပတ္သက္၍ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ေတြ႕ဆုံခြင့္ရရွိရန္ ႀကိဳးပမ္းခဲ့ျခင္းသာျဖစ္ေၾကာင္း သိရသည္။
နစကမွ ျပ႒ာန္းလိုက္သည့္ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒ၊ နည္းဥပေဒမ်ားအရ ႏိုင္ငံေရးပါတီမ်ားအေနျဖင့္ ရက္ေပါင္း (၆ဝ)အတြင္း မွတ္ပုံတင္ေလွ်ာက္ထားရန္ ေၾကညာခဲ့ၿပီး မွတ္ပုံတင္ေလွ်ာက္ထားရမည့္ ေနာက္ဆုံးရက္သည့္ မတ္ ၂၈ ရက္ျဖစ္ေၾကာင္း နစကမွ အသိေပးေျပာဆိုမႈမ်ား ရွိခဲ့သည္။
ထို႔ေၾကာင့္ NLD ပါတီသည္ ဥကၠ႒ျဖစ္သူ ေဒၚေအာင္ဆန္းစုၾကည္၏ မွတ္ခ်က္တစ္စုံတစ္ရာ မရရွိခဲ့သည့္အတြက္ ပါတီ ျပန္လည္မွတ္ပုံမတင္ျဖစ္ခဲ့ျခင္းျဖစ္ေၾကာင္း ေဒၚစႏၵာမင္းက ေျပာဆိုထားသည္။
လက္ရွိတြင္ နစက၏ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္သည္ ရက္ေပါင္း(၆ဝ)အတြင္း မွတ္ပုံတင္ျပန္လည္ေလွ်ာက္ထားျခင္းမရွိသည့္ NLD ပါတီအပါအဝင္ ပါတီေပါင္း (၄ဝ) ကို ဥပေဒအရ ပယ္ဖ်က္ေၾကာင္း ၿပီးခဲ့ေသာ မတ္လ ၂၈ ရက္ ညပိုင္းက ေၾကညာခဲ့သည္။
ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဟာင္း၊ NLD ပါတီဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္သည္ အမႈေပါင္း (၁၉)မႈျဖင့္ ေထာင္ဒဏ္ ၃၃ ႏွစ္ျပစ္ဒဏ္ခ်မွတ္ျခင္းခံခဲ့ရၿပီး လက္ရွိတြင္ ေနျပည္ေတာ္ရွိ အက်ဥ္း ေထာင္၌ ေထာင္ဒဏ္က်ခံလ်က္ရွိသည္။