နေပြည်တော် မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို အင်အား (၁ဝဝဝ) ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

1538

ရဲပြည့် - (NP News) ဧပြီ ၇
နေပြည်တော် မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို အင်အား ၁ဝဝဝ ခန့်ဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း နစက၏ ထုတ်ပြန်ချက်များအရ သိရသည်။
နေပြည်တော်စည်ပင်သာယာရေးကော်မတီဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန်ဦးမောင်မောင်သည် ဌာနကြီးမှူး များနှင့် ဌာနမှူးများ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ ဧပြီလ ၅ ရက်၊ မွန်းလွဲပိုင်းက နေပြည် တော် မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်ဆောက်လုပ်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးခဲ့ခြင်းဖြစ်သည်။
နေပြည်တော် မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို မဟာသင်္ကြန်ပွဲတော် အကြိုနေ့နံနက်ပိုင်း တွင် ကျင်းပမည်ဖြစ်ပြီး ဝန်ကြီးဌာနများ၊ ခရိုင်/မြို့နယ်များမှ ယိမ်းအကအဖွဲ့ ၃၈ ဖွဲ့မှ အင်အား ၆ဝ၈ ဦးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုစုပေါင်းအင်အား ၁ဝဝဝ ခန့်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွား မည်ဖြစ်ကြောင်းသိရသည်။
ထို့ပြင် ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံကျော်သရုပ်ဆောင်များ၊ အဆိုတော်များနှင့် ယိမ်းအကအဖွဲ့များ၏ အက အလှများဖြင့် ဖျော်ဖြေရေးအစီအစဉ်နှင့် ရေပက်ကစားခြင်းတို့ စတင်ဆောင်ရွက်မည်ဖြစ်ပြီး သင်္ကြန်အကျနေ့၊ အကြတ်နေ့၊ အတက်နေ့များတွင်လည်း နေ့စဉ်နံနက်ပိုင်း ၉ နာရီမှ ၁၂ နာရီ အထိလည်းကောင်း၊ မွန်းလွဲ ၃ နာရီမှ ညနေ ၆ နာရီအထိလည်းကောင်း ဖျော်ဖြေရေးနှင့် ရေကစားခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။
နေပြည်တော်တွင် လမ်းပိတ်ပြီး သင်္ကြန်မဏ္ဍပ်များတည်ဆောက်နေခြင်း ပြီးစီးလုနီးပါး အခြေအနေရှိပြီး ယခုနှစ်တွင် လမ်းလျှောက်သင်္ကြန်ကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။
ယခုနှစ်သင်္ကြန်ပွဲတော်အတွက် လုံခြုံရေးကို အသေအချာပြင်ဆင်ထားရန် စီမံဆောင်ဆောင်ရွက်ရန် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုထားသည်။

Zawgyi Version;
ေနျပည္ေတာ္ ၿမိဳ႕ေတာ္ဝန္မဟာသၾကၤန္မ႑ပ္ဖြင့္ပြဲအခမ္းအနားကို အင္အား (၁ဝဝဝ) ျဖင့္ စည္ကား သိုက္ၿမိဳက္စြာ က်င္းပမည္
ရဲျပည့္ - (NP News) ဧၿပီ ၇
ေနျပည္ေတာ္ ၿမိဳ႕ေတာ္ဝန္မဟာသၾကၤန္မ႑ပ္ဖြင့္ပြဲအခမ္းအနားကို အင္အား ၁ဝဝဝ ခန႔္ျဖင့္ စည္ကား သိုက္ၿမိဳက္စြာ က်င္းပသြားမည္ျဖစ္ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။
ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီဒုတိယဥကၠ႒ ဒုတိယၿမိဳ႕ေတာ္ဝန္ဦးေမာင္ေမာင္သည္ ဌာနႀကီးမႉး မ်ားႏွင့္ ဌာနမႉးမ်ား၊ သက္ဆိုင္ရာဌာနမ်ားမွ တာဝန္ရွိသူမ်ားႏွင့္အတူ ဧၿပီလ ၅ ရက္၊ မြန္းလြဲပိုင္းက ေနျပည္ ေတာ္ ၿမိဳ႕ေတာ္ဝန္မဟာသၾကၤန္မ႑ပ္ေဆာက္လုပ္ၿပီးစီးမႈကို ၾကည့္ရႈစစ္ေဆးခဲ့ျခင္းျဖစ္သည္။
ေနျပည္ေတာ္ ၿမိဳ႕ေတာ္ဝန္မဟာသၾကၤန္မ႑ပ္ဖြင့္ပြဲအခမ္းအနားကို မဟာသၾကၤန္ပြဲေတာ္ အႀကိဳေန႔နံနက္ပိုင္း တြင္ က်င္းပမည္ျဖစ္ၿပီး ဝန္ႀကီးဌာနမ်ား၊ ခ႐ိုင္/ၿမိဳ႕နယ္မ်ားမွ ယိမ္းအကအဖြဲ႕ ၃၈ ဖြဲ႕မွ အင္အား ၆ဝ၈ ဦးႏွင့္ ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ား စုစုေပါင္းအင္အား ၁ဝဝဝ ခန႔္ျဖင့္ စည္ကားသိုက္ၿမိဳက္စြာ က်င္းပသြား မည္ျဖစ္ေၾကာင္းသိရသည္။
ထို႔ျပင္ ဖြင့္ပြဲအခမ္းအနားတြင္ ႏိုင္ငံေက်ာ္သ႐ုပ္ေဆာင္မ်ား၊ အဆိုေတာ္မ်ားႏွင့္ ယိမ္းအကအဖြဲ႕မ်ား၏ အက အလွမ်ားျဖင့္ ေဖ်ာ္ေျဖေရးအစီအစဥ္ႏွင့္ ေရပက္ကစားျခင္းတို႔ စတင္ေဆာင္႐ြက္မည္ျဖစ္ၿပီး သၾကၤန္အက်ေန႔၊ အၾကတ္ေန႔၊ အတက္ေန႔မ်ားတြင္လည္း ေန႔စဥ္နံနက္ပိုင္း ၉ နာရီမွ ၁၂ နာရီ အထိလည္းေကာင္း၊ မြန္းလြဲ ၃ နာရီမွ ညေန ၆ နာရီအထိလည္းေကာင္း ေဖ်ာ္ေျဖေရးႏွင့္ ေရကစားျခင္းတို႔ကို ေဆာင္႐ြက္သြားမည္ျဖစ္သည္။
ေနျပည္ေတာ္တြင္ လမ္းပိတ္ၿပီး သၾကၤန္မ႑ပ္မ်ားတည္ေဆာက္ေနျခင္း ၿပီးစီးလုနီးပါး အေျခအေနရွိၿပီး ယခုႏွစ္တြင္ လမ္းေလွ်ာက္သၾကၤန္ကိုလည္း ထည့္သြင္းက်င္းပသြားမည္ျဖစ္သည္။
ယခုႏွစ္သၾကၤန္ပြဲေတာ္အတြက္ လုံၿခဳံေရးကို အေသအခ်ာျပင္ဆင္ထားရန္ စီမံေဆာင္ေဆာင္႐ြက္ရန္ နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာဆိုထားသည္။