ထောက်ကြန့်မြို့ရှောင်လမ်းတွင် ကားကြိတ်ခံရကာ အမျိုးသားတစ်ဦး သေဆုံး

 1108

Pearl (NP News) - ဧပြီ ၇

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့ရှောင်လမ်းတွင် ကားကြိတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (ဧပြီလ ၆ ရက်‌)၊ နံနက်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ မြို့ရှောင်လမ်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပဲခူးမြို့၊ ဖောင်တော်ဦးရပ်ကွက်၊ ကုန်းပေါ်တန်းလမ်းတွင် နေထိုင်သော အသက် (၃ဝ)နှစ် ဝန်းကျင်ရှိ အမျိုးသား မောင်းနှင်လာသော ဆိုင်ကယ်သည် အခြားဆိုင်ကယ်တစ်စီးနှင့် ချိတ်ကာ ၁ဝ ဘီကားအောက်သို့ရောက်ရှိ၍ ကားကြိတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

" သူက မနက်ခင်းအလုပ်သွားတာ၊ အလုပ်က အဲဒီနားမှာပဲ၊ ဆိုင်ကယ်ချင်းချိတ်ပြီး ၁ဝ ဘီးကောက်အောက်ကို ဝင်သွားတာ၊ နေရာမှာပဲ ဆုံးသွားတယ်" ဟု လူမှုနှင့်နာမှုကူညီရေးအသင်း(ပဲခူးမြို့)၏ တာဝန်ရှိသူတစ်ဦးမှ NP News ကို ပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့် ၎င်းတွင် ခြေထောက်ပြတ်ရှဒဏ်ရာနှင့် ဦးခေါင်းကြေမွဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

zawgyi version
ေထာက္ၾကန႔္ၿမိဳ႕ေရွာင္လမ္းတြင္ ကားႀကိတ္ခံရကာ အမ်ိဳးသားတစ္ဦး ေသဆုံး
Pearl (NP News) - ဧၿပီ ၇

ရန္ကုန္တိုင္း၊ မဂၤလာဒုံၿမိဳ႕နယ္၊ ေထာက္ၾကန႔္ၿမိဳ႕ေရွာင္လမ္းတြင္ ကားႀကိတ္ခံရ၍ အမ်ိဳးသားတစ္ဦး ေသဆုံးသြားခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (ဧၿပီလ ၆ ရက္‌)၊ နံနက္ပိုင္းတြင္ မဂၤလာဒုံၿမိဳ႕နယ္၊ ေထာက္ၾကန႔္ၿမိဳ႕၊ ၿမိဳ႕ေရွာင္လမ္းတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ပဲခူးၿမိဳ႕၊ ေဖာင္ေတာ္ဦးရပ္ကြက္၊ ကုန္းေပၚတန္းလမ္းတြင္ ေနထိုင္ေသာ အသက္ (၃ဝ)ႏွစ္ ဝန္းက်င္ရွိ အမ်ိဳးသား ေမာင္းႏွင္လာေသာ ဆိုင္ကယ္သည္ အျခားဆိုင္ကယ္တစ္စီးႏွင့္ ခ်ိတ္ကာ ၁ဝ ဘီကားေအာက္သို႔ေရာက္ရွိ၍ ကားႀကိတ္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

" သူက မနက္ခင္းအလုပ္သြားတာ၊ အလုပ္က အဲဒီနားမွာပဲ၊ ဆိုင္ကယ္ခ်င္းခ်ိတ္ၿပီး ၁ဝ ဘီးေကာက္ေအာက္ကို ဝင္သြားတာ၊ ေနရာမွာပဲ ဆုံးသြားတယ္" ဟု လူမႈႏွင့္နာမႈကူညီေရးအသင္း(ပဲခူးၿမိဳ႕)၏ တာဝန္ရွိသူတစ္ဦးမွ NP News ကို ေျပာသည္။

အဆိုပါျဖစ္စဥ္ေၾကာင့္ ၎တြင္ ေျခေထာက္ျပတ္ရွဒဏ္ရာႏွင့္ ဦးေခါင္းေၾကမြဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ေနရာတြင္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.