သုံးနှစ်စာပူးပေါင်းကျင်းပမည့် အကယ်ဒမီဆုပေးပွဲအတွက် အကယ်ဒမီရွှေကြို အယောက်(၃ဝ)ကျော်ကိုရွေးချယ်

 1814

Pearl (NP News) - ဧပြီ ၇

ယခုနှစ်တွင် ကျင်းပမည့် အကယ်ဒမီပေးပွဲအတွက် အကယ်ဒမီရွှေကြို အယောက်(၃ဝ) ကျော်ကို မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ ထုတ်ပြန်ကြေငြာခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ယမန်နေ့ (ဧပြီလ ၆ ရက်)က အထက်ပါကဲ့သို့ ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်သည်။

အဆိုပါရွှေကြိုမောင်မယ်များသည် ၂ဝ၁၉ ခုနှစ်၊ ၂ဝ၂ဝ ပြည့်နှစ်၊ ၂ဝ၂၂ ခုနှစ် (၃)နှစ်စာအတွက် ခေါ်ယူနေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်တွင် အကယ်ဒမီရွှေကြိုများကို ရွေးချယ်ခဲ့သော်လည်း ကိုဗစ်ရောဂါကြောင့် အကယ်ဒမီဆုပေးပွဲကို ကျင်းပနိုင်ခြင်းမရှိခဲ့ပေ။

‌ရွှေကြိုမောင်မယ်များကို အမျိုးသား(၁၅)ဦးနှင့် အမျိုးသမီး(၁၇)ဦး စုစုပေါင်း (၃၂)ဦး ရွေးချယ်ခဲ့ကြောင်းသိရသည်။

ရွှေကြိုအတွက် နောက်ဆုံးပါဝင်ရမည့် ရွှေကြိုမောင်မယ်များကို အကယ်ဒမီရန်အောင်၊ အကယ်ဒမီရဲအောင်၊ အကယ်ဒမီခန့်စည်သူ၊ အကယ်ဒမီမေသန်းနု၊ အကယ်ဒမီ မေသဉ္ဇာဦး နှင့် အကယ်ဒမီ စိုးမြတ်သူဇာတို့က အကဲဖြတ်ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။

zawgyi version
သုံးႏွစ္စာပူးေပါင္းက်င္းပမည့္ အကယ္ဒမီဆုေပးပြဲအတြက္ အကယ္ဒမီေ႐ႊႀကိဳ အေယာက္(၃ဝ)ေက်ာ္ကိုေ႐ြးခ်ယ္

Pearl (NP News) - ဧၿပီ ၇

ယခုႏွစ္တြင္ က်င္းပမည့္ အကယ္ဒမီေပးပြဲအတြက္ အကယ္ဒမီေ႐ႊႀကိဳ အေယာက္(၃ဝ) ေက်ာ္ကို ျမန္မာႏိုင္ငံ႐ုပ္ရွင္ အစည္းအ႐ုံးမွ ထုတ္ျပန္ေၾကျငာခဲ့ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးမွ ယမန္ေန႔ (ဧၿပီလ ၆ ရက္)က အထက္ပါကဲ့သို႔ ထုတ္ျပန္ ေၾကညာခဲ့ျခင္းျဖစ္သည္။

အဆိုပါေ႐ႊႀကိဳေမာင္မယ္မ်ားသည္ ၂ဝ၁၉ ခုႏွစ္၊ ၂ဝ၂ဝ ျပည့္ႏွစ္၊ ၂ဝ၂၂ ခုႏွစ္ (၃)ႏွစ္စာအတြက္ ေခၚယူေနျခင္းျဖစ္သည္။

ၿပီးခဲ့သည့္ ၂ဝ၂၂ ခုႏွစ္တြင္ အကယ္ဒမီေ႐ႊႀကိဳမ်ားကို ေ႐ြးခ်ယ္ခဲ့ေသာ္လည္း ကိုဗစ္ေရာဂါေၾကာင့္ အကယ္ဒမီဆုေပးပြဲကို က်င္းပႏိုင္ျခင္းမရွိခဲ့ေပ။

‌ေ႐ႊႀကိဳေမာင္မယ္မ်ားကို အမ်ိဳးသား(၁၅)ဦးႏွင့္ အမ်ိဳးသမီး(၁၇)ဦး စုစုေပါင္း (၃၂)ဦး ေ႐ြးခ်ယ္ခဲ့ေၾကာင္းသိရသည္။

ေ႐ႊႀကိဳအတြက္ ေနာက္ဆုံးပါဝင္ရမည့္ ေ႐ႊႀကိဳေမာင္မယ္မ်ားကို အကယ္ဒမီရန္ေအာင္၊ အကယ္ဒမီရဲေအာင္၊ အကယ္ဒမီခန္႔စည္သူ၊ အကယ္ဒမီေမသန္းႏု၊ အကယ္ဒမီ ေမသၪၨာဦး ႏွင့္ အကယ္ဒမီ စိုးျမတ္သူဇာတို႔က အကဲျဖတ္ေ႐ြးခ်ယ္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.