တပ်မတော်အား နိုင်ငံရေးဇာတ်ခုံမှ အပြီးတိုင်ဖယ်ရှားရန် အစဉ်အဆက်ကြိုးပမ်းမှုများခံခဲ့ရဟု ဒုတပ်ချုပ် ထုတ်ဖော်ပြော

 922

မျိုးကြီး (NP News) - ဧပြီ ၉

တပ်မတော်အား နိုင်ငံရေးဇာတ်ခုံမှ အပြီးတိုင်ဖယ်ရှားရန် အစဉ်အဆက်ကြိုးပမ်းမှုများခံခဲ့ရကြောင်း ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။

၎င်းက ဧပြီ ၈ ရက်တွင် ရှမ်းပြည်နယ်၊ မိုင်းပျဉ်းတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့်တွေ့ဆုံစဉ် အမှာ စကားပြောရာ၌ အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ကိုလိုနီနယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်ခဲ့မှုကြောင့် တိုင်းရင်းသားရေး၊ အယူဝါဒရေး၊ ဘာသာရေးစသည်ဖြင့် အယူဝါဒအမျိုးမျိုး ကွဲပြားမှုများဖြစ်ပေါ်ခဲ့ကာ တိုင်းရင်းသားများအကြား စည်းလုံးညီညွတ်မှုပျက်ပြားပြီး လက်နက်ကိုင်ပဋိပက္ခများဖြစ်ပေါ်ခဲ့ကြောင်း ဒုတပ်ချုပ်က ပြောသည်။

သို့သော် တပ်မတော်သည် ၎င်းလက်နက်ကိုင်ပဋိပက္ခများ၊ ခွဲထွက်မည့်အန္တရာယ်များနှင့် လွတ်မြောက်နယ်မြေ ကြံစည်ခြင်းများအပြင် ရန်ကုန်အစိုးရဟုပင်ခေါ်ဆိုခံရသည့်အခြေအနေမှ နိုင်ငံတော်၏အချုပ်အခြာအာဏာကို ကာကွယ်နိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုထားသည်။

ထိုသို့ တပ်မတော်ရှိနေ၍လည်း တပ်မတော်အား နိုင်ငံရေးဇာတ်ခုံမှ အပြီးတိုင်ဖယ်ရှားရန် အစဉ်အဆက် ကြိုးပမ်းမှုများ ခံခဲ့ ရပြီး ယနေ့အချိန်အခါတွင် တပ်မတော်ပြိုကွဲရေးအား ပို၍ပင် ကြိုးပမ်းလျက်ရှိကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ထုတ်ဖော်ပြောဆိုခဲ့သည်။

တပ်မတော်ပြိုကွဲရေးအား ကြိုးပမ်းရာတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စစ်ရေးအရ ထိုးနှက်မှုများ ဆောင်ရွက်လာခဲ့ပြီး တပ်မတော်၏လုပ်ဆောင်မှုများကို နိုင်ငံတကာ၏ အထင်လွဲမှားမှုနှင့် ဖိအားပေးမှုများ ဖြစ်ပေါ်စေရန်အတွက် လူမှုကွန်ရက်များ၌ ဝါဒဖြန့်လျက်ရှိသည်ကို တွေ့ရကြောင်းလည်း ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။

ထို့ပြင် တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၏ ပေးအပ်ထားသည့် တာဝန်များအရ နိုင်ငံတော် တာဝန်များကို ခေတ္တထိန်းသိမ်းတာဝန်ယူထားသည့်ကာလဖြစ်သည့်အတွက် နိုင်ငံ့အရေးအတွက် အားလုံး ကြိုးပမ်းလုပ်ဆောင်ကြရန်လည်း ဒုတပ်ချုပ်က တိုက်တွန်းပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ၌ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ တပ်မတော်က နိုင်ငံတော်အာဏာရယူပြီးနောက်ပိုင်းတွင် နိုင်ငံ အတွင်း၌ ပဋိပက္ခများ ဖြစ်ပွားလာခဲ့ပြီး တပ်မတော်အား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့၊ PDF အဖွဲ့များက တော်လှန်တိုက်ခိုက်လျက်ရှိနေသည်ကိုလည်း တွေ့ရှိရသည်။

Zawgyi Version;
တပ္မေတာ္အား ႏိုင္ငံေရးဇာတ္ခုံမွ အၿပီးတိုင္ဖယ္ရွားရန္ အစဥ္အဆက္ႀကိဳးပမ္းမႈမ်ားခံခဲ့ရဟု ဒုတပ္ခ်ဳပ္ ထုတ္ေဖာ္ေျပာ
မ်ိဳးႀကီး (NP News) - ဧၿပီ ၉

တပ္မေတာ္အား ႏိုင္ငံေရးဇာတ္ခုံမွ အၿပီးတိုင္ဖယ္ရွားရန္ အစဥ္အဆက္ႀကိဳးပမ္းမႈမ်ားခံခဲ့ရေၾကာင္း ဒုတိယ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက ေျပာသည္။

၎က ဧၿပီ ၈ ရက္တြင္ ရွမ္းျပည္နယ္၊ မိုင္းပ်ဥ္းတပ္နယ္ရွိ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားႏွင့္ေတြ႕ဆုံစဥ္ အမွာ စကားေျပာရာ၌ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။

ကိုလိုနီနယ္ခ်ဲ႕တို႔၏ ေသြးခြဲအုပ္ခ်ဳပ္ခဲ့မႈေၾကာင့္ တိုင္းရင္းသားေရး၊ အယူဝါဒေရး၊ ဘာသာေရးစသည္ျဖင့္ အယူဝါဒအမ်ိဳးမ်ိဳး ကြဲျပားမႈမ်ားျဖစ္ေပၚခဲ့ကာ တိုင္းရင္းသားမ်ားအၾကား စည္းလုံးညီၫြတ္မႈပ်က္ျပားၿပီး လက္နက္ကိုင္ပဋိပကၡမ်ားျဖစ္ေပၚခဲ့ေၾကာင္း ဒုတပ္ခ်ဳပ္က ေျပာသည္။

သို႔ေသာ္ တပ္မေတာ္သည္ ၎လက္နက္ကိုင္ပဋိပကၡမ်ား၊ ခြဲထြက္မည့္အႏၲရာယ္မ်ားႏွင့္ လြတ္ေျမာက္နယ္ေျမ ႀကံစည္ျခင္းမ်ားအျပင္ ရန္ကုန္အစိုးရဟုပင္ေခၚဆိုခံရသည့္အေျခအေနမွ ႏိုင္ငံေတာ္၏အခ်ဳပ္အျခာအာဏာကို ကာကြယ္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္းလည္း ၎က ဆက္လက္ေျပာဆိုထားသည္။

ထိုသို႔ တပ္မေတာ္ရွိေန၍လည္း တပ္မေတာ္အား ႏိုင္ငံေရးဇာတ္ခုံမွ အၿပီးတိုင္ဖယ္ရွားရန္ အစဥ္အဆက္ ႀကိဳးပမ္းမႈမ်ား ခံခဲ့ ရၿပီး ယေန႔အခ်ိန္အခါတြင္ တပ္မေတာ္ၿပိဳကြဲေရးအား ပို၍ပင္ ႀကိဳးပမ္းလ်က္ရွိေၾကာင္း ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

တပ္မေတာ္ၿပိဳကြဲေရးအား ႀကိဳးပမ္းရာတြင္ ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရး၊ စစ္ေရးအရ ထိုးႏွက္မႈမ်ား ေဆာင္႐ြက္လာခဲ့ၿပီး တပ္မေတာ္၏လုပ္ေဆာင္မႈမ်ားကို ႏိုင္ငံတကာ၏ အထင္လြဲမွားမႈႏွင့္ ဖိအားေပးမႈမ်ား ျဖစ္ေပၚေစရန္အတြက္ လူမႈကြန္ရက္မ်ား၌ ဝါဒျဖန႔္လ်က္ရွိသည္ကို ေတြ႕ရေၾကာင္းလည္း ၎က ဆက္လက္ ေျပာဆိုခဲ့သည္။

ထို႔ျပင္ တပ္မေတာ္သည္ ဖြဲ႕စည္းပုံအေျခခံဥပေဒ(၂၀၀၈ ခုႏွစ္)၏ ေပးအပ္ထားသည့္ တာဝန္မ်ားအရ ႏိုင္ငံေတာ္ တာဝန္မ်ားကို ေခတၱထိန္းသိမ္းတာဝန္ယူထားသည့္ကာလျဖစ္သည့္အတြက္ ႏိုင္ငံ့အေရးအတြက္ အားလုံး ႀကိဳးပမ္းလုပ္ေဆာင္ၾကရန္လည္း ဒုတပ္ခ်ဳပ္က တိုက္တြန္းေျပာဆိုခဲ့သည္။

ျမန္မာႏိုင္ငံ၌ ၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလမွစ၍ တပ္မေတာ္က ႏိုင္ငံေတာ္အာဏာရယူၿပီးေနာက္ပိုင္းတြင္ ႏိုင္ငံ အတြင္း၌ ပဋိပကၡမ်ား ျဖစ္ပြားလာခဲ့ၿပီး တပ္မေတာ္အား တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းအခ်ိဳ႕၊ PDF အဖြဲ႕မ်ားက ေတာ္လွန္တိုက္ခိုက္လ်က္ရွိေနသည္ကိုလည္း ေတြ႕ရွိရသည္။

Picture

Htarwa Sin

10/04/2023 06:39

တပ်မတော် က ကိုယ့် နေရာ ကိုယ် မနေပဲ နေရာ တကာ ပါလေရာ ငပိချက် လုပ်ချင်နေတော့ ပြည်သူတွေက မျက်မုန်း ကျိုးပြီပေါ့ ... 🤣

Related news

© 2021. All rights reserved.