ယုဇနဥယျာဉ်မြို့တော်အိမ်ယာ၌ အသက်ရှူကြပ်၍ ဆုံးပါးသည်ဟု ယူဆရသော အလောင်း(၂)လောင်းတွေ့ရှိ

 5305

Pearl (NP News) - ဧပြီ ၁ဝ

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ယုဇနဥယျာဉ်မြို့တော်အိမ်ယာ၌ အသက်ရှူကြပ်၍ ဆုံးပါးသည်ဟု ယူဆရသော အလောင်း(၂)လောင်းတွေ့ရှိကြောင်း ‌ရွှေသန်လျင်နာရေးကူညီမှုအသင်း (ဒဂုံ)ထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့ (ဧပြီလ ၁ဝ ရက်)၊ နံနက် (၁၁)နာရီ၊ (၄၅)မိနစ်အချိန်ခန့်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယုဇနဥယျာဥ်မြို့တော်၊ ၉၄ ရပ်ကွက်၊ ၁၄ လမ်း( အေ)တွင် နေထိုင်သော အသက်(၅၆)နှစ်အရွယ်ရှိ အမျိုးသမီး နှင့် အသက် (၃၁)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးတို့သည် အသက်ရှူကြပ်၍ သေဆုံးသွားခဲ့သည်ဟုယူဆရကြောင်း ကနဦး သိရသည်။

"ကျွန်တော်တို့ ရောက်တဲ့အချိန် (၂)ယောက်လုံးဆုံးသွားပြီ၊ ကလေးကတော့ ဆေးရုံကို ပို့ထားတယ်။ ကျွန်တော်တို့‌ရောက်တဲ့အချိန် အိမ်ထဲမှာလည်း မွှန်နေတာပဲ။ အခန်းက လုံတယ်။ မြေညီထပ်ပါ။ အထဲမှာ မီးစက်လည်း နှိုးထားတယ်။ Air Cooler တွေလည်း ဖွင့်ထားတယ်။ ဘာဖြစ်လို့ဆုံးလဲတော့မသိဘူး။ အသက်ရှူကြပ်တာလား ၊ အစာအဆိပ်သင့်တာလားတော့ မနက်ဖြန် ရင်ခွဲစစ်ဆေးမှုတွေ ပြီးမှသိရမှာ " ဟု ‌ရွှေသန်လျင်နာရေးကူညီမှုအသင်း (ဒဂုံ) ၏ တာဝန်ရှိသူတစ်ဦးမှ NP News ကို ပြောသည်။

လက်ရှိတွင် ၎င်းတို့အား သင်္ကန်းကျွန်းမြို့နယ်၊ စံပြဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

zawgyi version
ယုဇနဥယ်ာဥ္ၿမိဳ႕ေတာ္အိမ္ယာ၌ အသက္ရႉၾကပ္၍ ဆုံးပါးသည္ဟု ယူဆရေသာ အေလာင္း(၂)ေလာင္းေတြ႕ရွိ
Pearl (NP News) - ဧၿပီ ၁ဝ

ရန္ကုန္တိုင္း၊ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ရွိ ယုဇနဥယ်ာဥ္ၿမိဳ႕ေတာ္အိမ္ယာ၌ အသက္ရႉၾကပ္၍ ဆုံးပါးသည္ဟု ယူဆရေသာ အေလာင္း(၂)ေလာင္းေတြ႕ရွိေၾကာင္း ‌ေ႐ႊသန္လ်င္နာေရးကူညီမႈအသင္း (ဒဂုံ)ထံမွ သိရသည္။

ျဖစ္စဥ္မွာ ယေန႔ (ဧၿပီလ ၁ဝ ရက္)၊ နံနက္ (၁၁)နာရီ၊ (၄၅)မိနစ္အခ်ိန္ခန႔္တြင္ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္၊ ယုဇနဥယ်ာဥ္ၿမိဳ႕ေတာ္တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ယုဇနဥယ်ာဥ္ၿမိဳ႕ေတာ္၊ ၉၄ ရပ္ကြက္၊ ၁၄ လမ္း( ေအ)တြင္ ေနထိုင္ေသာ အသက္(၅၆)ႏွစ္အ႐ြယ္ရွိ အမ်ိဳးသမီး ႏွင့္ အသက္ (၃၁)ႏွစ္အ႐ြယ္ရွိ အမ်ိဳးသားတစ္ဦးတို႔သည္ အသက္ရႉၾကပ္၍ ေသဆုံးသြားခဲ့သည္ဟုယူဆရေၾကာင္း ကနဦး သိရသည္။

"ကြၽန္ေတာ္တို႔ ေရာက္တဲ့အခ်ိန္ (၂)ေယာက္လုံးဆုံးသြားၿပီ၊ ကေလးကေတာ့ ေဆး႐ုံကို ပို႔ထားတယ္။ ကြၽန္ေတာ္တို႔‌ေရာက္တဲ့အခ်ိန္ အိမ္ထဲမွာလည္း မႊန္ေနတာပဲ။ အခန္းက လုံတယ္။ ေျမညီထပ္ပါ။ အထဲမွာ မီးစက္လည္း ႏႈိးထားတယ္။ Air Cooler ေတြလည္း ဖြင့္ထားတယ္။ ဘာျဖစ္လို႔ဆုံးလဲေတာ့မသိဘူး။ အသက္ရႉၾကပ္တာလား ၊ အစာအဆိပ္သင့္တာလားေတာ့ မနက္ျဖန္ ရင္ခြဲစစ္ေဆးမႈေတြ ၿပီးမွသိရမွာ " ဟု ‌ေ႐ႊသန္လ်င္နာေရးကူညီမႈအသင္း (ဒဂုံ) ၏ တာဝန္ရွိသူတစ္ဦးမွ NP News ကို ေျပာသည္။

လက္ရွိတြင္ ၎တို႔အား သကၤန္းကြၽန္းၿမိဳ႕နယ္၊ စံျပေဆး႐ုံသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.