အတာရေသင်္ကြန်ပွဲတော်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိနေရာပေါင်း ၂ဝဝ ကျော်မှာ ကျင်းပသွားမယ်
909
ဂျန်ဇက် (NP News) - ဧပြီ ၁၁
ထိုင်းနိုင်ငံ ဘန်ကောက်မြို့နားရှိ နေရာပေါင်း ၂ဝဝ နီးပါးမှာ ထိုင်းအတာရေသင်္ကြန်ပွဲကို ကျင်းပသွားမှာဖြစ်ပြီး ဘန်ကောက်မြို့ခံများနဲ့ ပြည်ပခရီးသွားများပျော်ရွှင်စွာ ပါဝင်ဆင်နွှဲဖွယ်ရှိနေကြောင်း သိရပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Khao San လမ်း၊ Silom လမ်း နဲ့ Lan Khon Muang အပြင် ရှော့ပင်းမောလ်တွေ မှာ ကျင်းပမယ့် အတာရေသင်္ကြန်ပွဲက နိုင်ငံခြားခရီးသွားများကို ပိုမိုဆွဲဆောင်နိုင်ဖွယ်ရှိနေကြောင်း သိရပါ တယ်။ ဘန်ကောက်မြို့အုပ်ချုပ်ရေးမှူးက "လူတွေဟာ ထိုင်းအတာရေသင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲမယ် ဆိုရင် ရဲတပ်ဖွဲ့ကလည်းလမ်းတွေကို ပိတ်ပေးသွားမှာပါ" လို့ပြောပါတယ်။
အတာရေသင်္ကြန်ပွဲတော်ကို ဘန်ကောက်မြို့အပြင် ထိုင်းနိုင်ငံတဝှမ်းရှိမြို့များမှာ နှစ်စဉ်ပျော်ရွှင်စွာ ကျင်းပ ကြောင်း သိရပါတယ်။ ထိုင်းအတာရေသင်္ကြန်ပွဲတော်ကို ဧပြီ ၁၂ ရက်ကနေ ၁၄ ရက်အထိ နံနက် ၁ဝ နာရီ ကနေ ည ၁ဝ နာရီအထိ ကျင်းပခွင့်ပေးထားတယ်လို့ သိရပါတယ်။
Khao San လမ်းကဲ့သို့သော အခြားမဏ္ဍပ်များမှာတော့ ရေသင်္ကြန်ပွဲတော်ကို ညနေ ၅ နာရီမှာ ညသန်းခေါင် အထိ ကျင်းပခွင့်ပေးထားကြောင်း ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။ ထိုင်းအတာရေသင်္ကြန်ပွဲတော် အတွင်း လုံခြုံရေးတင်းကြပ်မှုများ လုပ်ဆောင်ထားမှာဖြစ်ပြီး သင်္ကြန်ပွဲတော်ကို ဆင်နွှဲမယ့်သူများက ဂရုစိုက်ပြီး ရေကစားဖို့ ထိုင်းအစိုးရတာဝန်ရှိသူများက သတိပေးထားပါတယ်။
ထိုင်းအစိုးရဟာ အတာရေသင်္ကြန်ပွဲ ကျင်းပချိန်အတွင်း ထိုင်းနိုင်ငံကိုလာရောက်တဲ့ ပြည်ပခရီးသွားအရေ အတွက် ပိုမိုများပြားမယ်လို့ မျှော်လင့်နေပါတယ်။ ရိုးရာပွဲတော်တစ်ခုဖြစ်တဲ့ အတာရေသင်္ကြန်ပွဲတော်ကို အာဆီယံဒေသအတွင်းမှာ မြန်မာ နဲ့ ထိုင်းနိုင်ငံတို့အပြင် လာအို နဲ့ ကမ္ဘောဒီးယားနိုင်ငံတို့မှာလည်း ပျော်ရွှင်စွာ ကျင်းပလေ့ရှိကြောင်း သိရပါတယ်။
Zawgyi Version';
အတာေရသၾကၤန္ပြဲေတာ္ကို ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ရွိေနရာေပါင္း ၂ဝဝ ေက်ာ္မွာ က်င္းပသြားမယ္
ဂ်န္ဇက္ (NP News) - ဧၿပီ ၁၁
ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕နားရွိ ေနရာေပါင္း ၂ဝဝ နီးပါးမွာ ထိုင္းအတာေရသၾကၤန္ပြဲကို က်င္းပသြားမွာျဖစ္ၿပီး ဘန္ေကာက္ၿမိဳ႕ခံမ်ားနဲ႔ ျပည္ပခရီးသြားမ်ားေပ်ာ္႐ႊင္စြာ ပါဝင္ဆင္ႏႊဲဖြယ္ရွိေနေၾကာင္း သိရပါတယ္။
ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ရွိ Khao San လမ္း၊ Silom လမ္း နဲ႔ Lan Khon Muang အျပင္ ေရွာ့ပင္းေမာလ္ေတြ မွာ က်င္းပမယ့္ အတာေရသၾကၤန္ပြဲက ႏိုင္ငံျခားခရီးသြားမ်ားကို ပိုမိုဆြဲေဆာင္ႏိုင္ဖြယ္ရွိေနေၾကာင္း သိရပါ တယ္။ ဘန္ေကာက္ၿမိဳ႕အုပ္ခ်ဳပ္ေရးမႉးက "လူေတြဟာ ထိုင္းအတာေရသၾကၤန္ပြဲေတာ္ကို ေပ်ာ္႐ႊင္စြာဆင္ႏႊဲမယ္ ဆိုရင္ ရဲတပ္ဖြဲ႕ကလည္းလမ္းေတြကို ပိတ္ေပးသြားမွာပါ" လို႔ေျပာပါတယ္။
အတာေရသၾကၤန္ပြဲေတာ္ကို ဘန္ေကာက္ၿမိဳ႕အျပင္ ထိုင္းႏိုင္ငံတဝွမ္းရွိၿမိဳ႕မ်ားမွာ ႏွစ္စဥ္ေပ်ာ္႐ႊင္စြာ က်င္းပ ေၾကာင္း သိရပါတယ္။ ထိုင္းအတာေရသၾကၤန္ပြဲေတာ္ကို ဧၿပီ ၁၂ ရက္ကေန ၁၄ ရက္အထိ နံနက္ ၁ဝ နာရီ ကေန ည ၁ဝ နာရီအထိ က်င္းပခြင့္ေပးထားတယ္လို႔ သိရပါတယ္။
Khao San လမ္းကဲ့သို႔ေသာ အျခားမ႑ပ္မ်ားမွာေတာ့ ေရသၾကၤန္ပြဲေတာ္ကို ညေန ၅ နာရီမွာ ညသန္းေခါင္ အထိ က်င္းပခြင့္ေပးထားေၾကာင္း ထိုင္းသတင္းေတြက ေဖာ္ျပထားပါတယ္။ ထိုင္းအတာေရသၾကၤန္ပြဲေတာ္ အတြင္း လုံၿခဳံေရးတင္းၾကပ္မႈမ်ား လုပ္ေဆာင္ထားမွာျဖစ္ၿပီး သၾကၤန္ပြဲေတာ္ကို ဆင္ႏႊဲမယ့္သူမ်ားက ဂ႐ုစိုက္ၿပီး ေရကစားဖို႔ ထိုင္းအစိုးရတာဝန္ရွိသူမ်ားက သတိေပးထားပါတယ္။
ထိုင္းအစိုးရဟာ အတာေရသၾကၤန္ပြဲ က်င္းပခ်ိန္အတြင္း ထိုင္းႏိုင္ငံကိုလာေရာက္တဲ့ ျပည္ပခရီးသြားအေရ အတြက္ ပိုမိုမ်ားျပားမယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။ ႐ိုးရာပြဲေတာ္တစ္ခုျဖစ္တဲ့ အတာေရသၾကၤန္ပြဲေတာ္ကို အာဆီယံေဒသအတြင္းမွာ ျမန္မာ နဲ႔ ထိုင္းႏိုင္ငံတို႔အျပင္ လာအို နဲ႔ ကေမာၻဒီးယားႏိုင္ငံတို႔မွာလည္း ေပ်ာ္႐ႊင္စြာ က်င္းပေလ့ရွိေၾကာင္း သိရပါတယ္။