ရေတပ်သုံး စစ်သင်္ဘောအစင်းရေ အများဆုံးပိုင်ဆိုင်ထားတဲ့နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက ကမ္ဘာ့အဆင့် ၁၄ မှာ ရပ်တည်နေ

 4077

ဂျန်ဇက် (NP News) - ဧပြီ ၁၁

ကမ္ဘာတဝန်းရှိ နိုင်ငံများအနက် ရေတပ်သုံး စစ်သင်္ဘောအများဆုံးပိုင်ဆိုင်ထားတဲ့နိုင်ငံများထဲမှာ မြန်မာနိုင်ငံက ကမ္ဘာ့အဆင့် ၁၄ မှာ ရပ်တည်လျက်ရှိနေကြောင်း၊ အမေရိကန်အခြေစိုက် globalfirepower အဖွဲ့က ထုတ်ပြန် လိုက်ပါတယ်။

အဆိုပါအဖွဲ့ဟာ ၂ဝ၂၃ ခုနှစ်အတွက် ကမ္ဘာတဝန်းရှိ နိုင်ငံပေါင်း ၁၄၅ နိုင်ငံရဲ့ရေတပ်သင်္ဘောပိုင်ဆိုင်မှုကို အဓိကထားအခြေခံပြီး၊ ကမ္ဘာ့အဆင့်သတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါအဖွဲ့ဟာ လေယာဉ်တင်သင်္ဘောများ၊ ရေငုပ်သင်္ဘော၊ ဖရီးဂိတ်၊ ကော်ဗက်အမျိုးအစား စစ်သင်္ဘောများ အပါအဝင် နိုင်ငံများပိုင်ဆိုင်ထားတဲ့ ရေတပ် သင်္ဘောအမျိုးမျိုးကို စစ်တမ်းကောက်ယူကာ အဆင့်သတ်မှတ်ဖော်ပြထားခြင်းဖြစ်ကြောင်း သိရပါတယ်။

globalfirepower အဖွဲ့ရဲ့ ၂ဝ၂၃ ခုနှစ်အတွက် စစ်ဘက်သုံး ရေတပ်သင်္ဘောများဆုံးပိုင်ဆိုင်ထားတဲ့ နိုင်ငံများ စာရင်းမှာ မြန်မာနိုင်ငံက ရေတပ်သင်္ဘောအစင်းရေ အနည်းဆုံး ၂၁ဝ ပိုင်ဆိုင်ထားပြီး ကမ္ဘာ့အဆင့် ၁၄ မှာ ရပ်တည်နေခြင်းဖြစ်ပါတယ်။ အဆိုပါအဖွဲ့ရဲ့အဆိုအရ ၂ဝ၂၃ ခုနှစ်အတွင်း ရေတပ်သင်္ဘောအများဆုံး ပိုင်ဆိုင် ထားတဲ့ နိုင်ငံများစာရင်းမှာ တရုတ်နိုင်ငံက ထိပ်ဆုံးမှာရပ်တည်နေပြီး စစ်ဘက်သုံးသင်္ဘောအစင်းရေ ၇၃ဝ ပိုင်ဆိုင်ထားပြီး ရုရှားက စစ်သင်္ဘောအစင်းရေ ၅၉၈ ပိုင်ဆိုင်ကာ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

အရှေ့တောင်အာရှနိုင်ငံများအနက် စစ်သင်္ဘောအစင်းရေ အများဆုံးပိုင်ဆိုင်ထားတဲ့နိုင်ငံမှာ အင်ဒိုနီးရှားနိုင်ငံ ဖြစ်ပြီး စစ်သင်္ဘောအစင်းရေပေါင်း ၃၂၄ စင်း ပိုင်ဆိုင်ထားကာ ထိုင်းနိုင်ငံက ဒုတိယနေရာမှာရှိနေကာ စစ်သင်္ဘောအစင်းရေ ၂၉၂ စင်း ပိုင်ဆိုင်ထားကြောင်း သိရပါတယ်။

Zawgyi Version';
ေရတပ္သုံး စစ္သေဘၤာအစင္းေရ အမ်ားဆုံးပိုင္ဆိုင္ထားတဲ့ႏိုင္ငံေတြထဲမွာ ျမန္မာႏိုင္ငံက ကမာၻ႔အဆင့္ ၁၄ မွာ ရပ္တည္ေန
ဂ်န္ဇက္ (NP News) - ဧၿပီ ၁၁

ကမာၻတဝန္းရွိ ႏိုင္ငံမ်ားအနက္ ေရတပ္သုံး စစ္သေဘၤာအမ်ားဆုံးပိုင္ဆိုင္ထားတဲ့ႏိုင္ငံမ်ားထဲမွာ ျမန္မာႏိုင္ငံက ကမာၻ႔အဆင့္ ၁၄ မွာ ရပ္တည္လ်က္ရွိေနေၾကာင္း၊ အေမရိကန္အေျခစိုက္ globalfirepower အဖြဲ႕က ထုတ္ျပန္ လိုက္ပါတယ္။

အဆိုပါအဖြဲ႕ဟာ ၂ဝ၂၃ ခုႏွစ္အတြက္ ကမာၻတဝန္းရွိ ႏိုင္ငံေပါင္း ၁၄၅ ႏိုင္ငံရဲ႕ေရတပ္သေဘၤာပိုင္ဆိုင္မႈကို အဓိကထားအေျခခံၿပီး၊ ကမာၻ႔အဆင့္သတ္မွတ္ခဲ့ျခင္းျဖစ္ပါတယ္။ အဆိုပါအဖြဲ႕ဟာ ေလယာဥ္တင္သေဘၤာမ်ား၊ ေရငုပ္သေဘၤာ၊ ဖရီးဂိတ္၊ ေကာ္ဗက္အမ်ိဳးအစား စစ္သေဘၤာမ်ား အပါအဝင္ ႏိုင္ငံမ်ားပိုင္ဆိုင္ထားတဲ့ ေရတပ္ သေဘၤာအမ်ိဳးမ်ိဳးကို စစ္တမ္းေကာက္ယူကာ အဆင့္သတ္မွတ္ေဖာ္ျပထားျခင္းျဖစ္ေၾကာင္း သိရပါတယ္။

globalfirepower အဖြဲ႕ရဲ႕ ၂ဝ၂၃ ခုႏွစ္အတြက္ စစ္ဘက္သုံး ေရတပ္သေဘၤာမ်ားဆုံးပိုင္ဆိုင္ထားတဲ့ ႏိုင္ငံမ်ား စာရင္းမွာ ျမန္မာႏိုင္ငံက ေရတပ္သေဘၤာအစင္းေရ အနည္းဆုံး ၂၁ဝ ပိုင္ဆိုင္ထားၿပီး ကမာၻ႔အဆင့္ ၁၄ မွာ ရပ္တည္ေနျခင္းျဖစ္ပါတယ္။ အဆိုပါအဖြဲ႕ရဲ႕အဆိုအရ ၂ဝ၂၃ ခုႏွစ္အတြင္း ေရတပ္သေဘၤာအမ်ားဆုံး ပိုင္ဆိုင္ ထားတဲ့ ႏိုင္ငံမ်ားစာရင္းမွာ တ႐ုတ္ႏိုင္ငံက ထိပ္ဆုံးမွာရပ္တည္ေနၿပီး စစ္ဘက္သုံးသေဘၤာအစင္းေရ ၇၃ဝ ပိုင္ဆိုင္ထားၿပီး ႐ုရွားက စစ္သေဘၤာအစင္းေရ ၅၉၈ ပိုင္ဆိုင္ကာ ဒုတိယေနရာမွာ ရပ္တည္ေနပါတယ္။

အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအနက္ စစ္သေဘၤာအစင္းေရ အမ်ားဆုံးပိုင္ဆိုင္ထားတဲ့ႏိုင္ငံမွာ အင္ဒိုနီးရွားႏိုင္ငံ ျဖစ္ၿပီး စစ္သေဘၤာအစင္းေရေပါင္း ၃၂၄ စင္း ပိုင္ဆိုင္ထားကာ ထိုင္းႏိုင္ငံက ဒုတိယေနရာမွာရွိေနကာ စစ္သေဘၤာအစင္းေရ ၂၉၂ စင္း ပိုင္ဆိုင္ထားေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.