အမေရိကန်ထောက်လှမ်းရေးရဲ့ ထိပ်တန်းလျှို့ဝှက် စာရွက်စာတန်းများပေါက်ကြားလာပြန်ခြင်း (ဘာသာပြန်ဆောင်းပါး)

 1540

မောင်တင်ထွန်း (နတ်မောက်) (NP News) - ဧပြီ ၁၂

အက်ဒွပ်စနိုးဒင် ဖော်လိုက်တဲ့ လျှို့ဝှက်စာရွက်စာတန်းတွေကိစ္စပြီးတဲ့နောက်၊ အခုတစ်ဖန် ထိပ်တန်းလျှို့ဝှက် စာရွက်စာတန်းတွေ တစ်ရာနီးပါးပေါက်ကြားလာပြန်ပါပြီ။ ပေါက်ကြားလာတဲ့စာရွက်စာတန်းတွေက ယူကရိန်း စစ်ပွဲအကြောင်းနဲ့ ပဋိပက္ခပြဿနာကို အမေရိကန်က ရှုမြင်သုံးသပ်ပုံတွေကို မြေပုံတွေ၊ ဓါတ်ပုံတွေနဲ့ဖော်ပြထား ပါတယ်။ အရေးကြီးတဲ့ကိစ္စက အမေရိကန်ထောက်လှမ်းရေးက ရုရှားဖက်ကိုရော၊ ယူကရိန်းဖက်ကိုပါ ထောက် လှမ်းရရှိထားတဲ့ သတင်းအချက်အလက်တွေပါဝင်နေတာပါ။
ဒါတွေက လျှို့ဝှက်အဆင့်သတ်မှတ်ထားရှိတဲ့ သတင်းအချက်အလက်တွေဖြစ်တာကြောင့် အများပြည်သူကို အသိပေးလို့မရတဲ့ အမေရိကန်အမျိုးသားလုံခြုံရေး လျှို့ဝှက်ချက်တွေပဲဖြစ်ပါတယ်။ သတင်းမီဒီယာပေါ်မှာ ပေါက်ကြားလာမှုမှာ၊ ဒါဟာယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ သုံးသပ်ချက်တွေ အကြီးဆုံးအများဆုံး ပေါက်ကြားလာမှုပါပဲ။ ဒီအထဲမှာ အမေရိကန်ဟာ ယူကရိန်းရဲ့ လေကြောင်းရန်ကာကွယ်နိုင်စွမ်းကို မယုံကြည်တာ၊ ယူကရိန်းအနေနဲ့ မကြာခင်မှာဘဲ ဒုံးပျံလက်နက် တွေကုန်ခမ်းသွားနိုင်တာနဲ့ ချက်ခြင်းထောက်ကူတာ မလုပ်ခဲ့ ဘူးဆိုရင် ဆိုးဆိုးရွားရွား ဆုံးရှုံးနိုင်ချေရှိတယ်လို့ သုံးသပ်ထားတာတွေပါဝင်ပါတယ်။ အခုတော့ ဒီအချက်တွေဟာ လျှို့ဝှက်ချက်တွေမဟုတ်တော့ပါဘူး။ စစ်ပွဲအကြောင်းလေ့လာသုံးသပ်နေသူတိုင်း သိရှိကုန်ကြပါပြီ။
ဒါဖြင့် ယူကရိန်းက စစ်နိုင်နေတယ်လို့ ဘာဖြစ်လို့ အမေရိကန်ကလူသိရှင်ကြား ပြောနေတာပါလဲ။ အခု ပေါက် ကြားလာတဲ့ သတင်းတွေအရ ယူကရိန်းမှာ အားနည်းချက်တွေရှိတယ်ဆိုတာ အမေရိကန်တွေသိပါတယ်။ ယူကရိန်း မနိုင်နိုင်ဘူးဆိုတဲ့ သူတို့ရဲ့သုံးသပ်ချက်ကလည်း အခုတော့ လျှို့ဝှက်ချက်မဟုတ်တော့ပါဘူး။ ဒါဟာ အမေရိကန်အတွက် စိတ်ကသိကအောက်ဖြစ်စရာပါ။

စစ်ပွဲမှာ သတင်းအချက်အလက်ဆိုတာက လက်နက်တစ်ခုပါဘဲ။ သတင်းအချက်အလက်လုံခြုံဖို့ နှစ်ဖက်လုံး က အထူးဂရုပြုထိန်းသိမ်းကြရပါတယ်။ ဒါကြောင့် ဒီပေါက်ကြားမှုဟာလည်း ဆုံးရှုံးနစ်နာမှုတစ်ခုပါဘဲ။ အခုပြော နေတာက သတင်းအချက်အလက်တစ်ခုတည်းပေါက်ကြားမှုမဟုတ်ပါ။ ထိပ်တန်းလျှို့ဝှက်သတင်း အချက်အလက် ပေါင်း ရာချီပေါက်ကြားတဲ့အကြောင်းကို ပြောနေတာပါ။ ဒီအချက်အလက်တွေဟာ အခုအခါ တွစ်တာ၊ ဖိုးချန် (4Chan)နဲ့ တယ်လီဂရမ်စတဲ့ မီဒီယာတွေမှာပေါ်ထွက်လာပါပြီ။ ဒီသတင်းတွေကို ဘယ်သူက ဖွင့်ချလိုက်တာ လည်းဆိုတာတော့ မသိရသေးပါဘူး။ စာရွက်စာတန်းတွေက ဓါတ်ပုံရိုက်ထားတာပါ။ တစ်စုံတစ်ယောက်က ဖိုင်ဖိုလ်ဒါထဲကထုတ်ပြီး ဓါတ်ပုံရိုက်ပြီးတော့မှ အွန်လိုင်းမှာဖြန့်ဝေလိုက်တဲ့ပုံပါပဲ။ အခု အမေရိကန်တွေက ဖွင့်ချလိုက်တဲ့ ရင်းမြစ်ကို စုံစမ်းစစ်ဆေးနေပါတယ်။

ဖွင့်ချလိုက်တဲ့ လျှို့ဝှက်ချက်တွေအများကြီးထဲက ယူကရိန်းရဲ့ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်စွမ်းနဲ့ ပတ်သက် တဲ့အကြောင်းကစပြီး ပြောကြစို့။ ယူကရိန်းမှာ စစ်လက်နက်ပစ္စည်းတွေ ပြတ်လပ်နေပါတယ်။ အထူးသဖြင့် လေ ကြောင်းရန်ကာကွယ်ဖို့ ဒုံးပျံတွေပါ။ ဘယ်အချိန်ကစပြတ်တာလည်းဆိုရင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းကပါ။ ဒါကြောင့် ဇာလန်စကီးဟာ စစ်လက်နက်ပစ္စည်းတွေပို့ပေးဖို့ အနောက်နိုင်ငံတွေဆီမှာ ထပ်တလဲလဲတောင်းဆို နေတာပါ။

ဒီသတင်းပေါက်ကြားမှုတွေနဲ့ပတ်သက်ပြီး ယူကရိန်းစစ်ဗိုလ်မှူးကြီးတစ်ယောက်ကို‌မေးကြည့်တော့ သူက တိ တိပပ မှတ်ချက်ပေးဖို့ငြင်းဆန်ပါတယ်။ ဒါပေမဲ့ မဟာမိတ်တွေအနေနဲ့ အကူအညီအထောက်အပံ့တွေ အလျင် အမြန်ပို့ပေးသင့်တယ်လို့ဘဲ ပြောပါတယ်။ တကယ်လို့ ကျွန်တော်တို့ဟာ ဝေဟင်တိုက်ပွဲမှာ ရှုံးနိမ့်မယ်ဆိုရင် အကျိုးဆက်တွေက ယူကရိန်းအတွက်အတော်ဆိုးမှာပါ။ အခုက အချိန်ဆွဲရမယ့်ကာလမဟုတ်ပါဘူး လို့ပြောပါ တယ်။

ဒီပေါက်ကြားလာတဲ့အချက်အလက်တွေအရ အမေရိကန်ဟာ သူ့ရန်သူတွေကိုရော မဟာမိတ်တွေအပေါ်ကို ပါ ထောက်လှမ်းနေတယ်ဆိုတာကိုပါဖော်ပြနေပါတယ်။ ဒါကို ကမ္ဘာက အစောကတည်းကသိထားပါတယ်။

ဒီစာရွက်စာတန်းတွေထဲမှာ ကနေဒါရဲ့ ဓာတ်ငွေ့ပိုက်လိုင်းအကြောင်းလည်းပါဝင်ပါတယ်။ ဖေဖော်ဝါရီလထဲ တုန်းက ရုရှား ဟက်ကာအုပ်စုတစ်စုနဲ့ အပေးအယူလုပ်ခဲ့တဲ့အကြောင်းပါ။ အမေရိကန်က အဲဒီအကြောင်းကို သိနေ ပါတယ်။ အဲဒီဟက်ကာအုပ်စုကို ရုရှား FSB ကညွှန်ကြားမှုပေးတယ်လို့ဆိုပါတယ်။ ရုရှား FSB ဆိုတာ သမ္မတပူတင် ဆိုဗီယက်ခေတ်က တာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့ KGB အဖွဲ့ကြီးပါဘဲ။

ဒီပေါက်ကြားလာတဲ့ စာရွက်စာတန်းတွေထဲမှာ အစ္စရေးက ဝန်ကြီးချုပ်နာတန်ညာဟူးရဲ့တရားစီရင်ရေးစနစ် ပြောင်းလဲမှုကိုဆန့်ကျင်ဆန္ဒပြတဲ့ ကိစ္စလည်းပါဝင်ပါတယ်။ အဲဒီဆန္ဒပြပွဲက တော်တော်ကြီးကျယ်ပါတယ်။ အမေ ရိကန်ပင်တဂွန်စစ်ဌာနချုပ်ရဲ့အမြင်မှာ ဒါက အစ္စရေးထောက်လှမ်းရေးအဖွဲ့ မိုဆတ်(MOSSAD)ကလုပ်တာလို့ မြင်ပါတယ်။ ဒီဆန့်ကျင်ဆန္ဒပြပွဲရဲ့နောက်မှာ မိုဆတ်ရှိတယ်လို့ ပင်တဂွန်ကယုံကြည်ပါတယ်။ သူ့ရဲ့ဝန်ထမ်းတွေနဲ့ အစ္စရေးနိုင်ငံသားတွေကို ဒီဆန္ဒပြပွဲမှာပါဝင်ဖို့ အားပေးတိုက်တွန်းတယ်လို့ ဆိုပါတယ်။ ဒါက တော်တော်အံ့သြဖို့ ကောင်းတဲ့အချက်ပါဘဲ။ တကယ်သာအမှန်ဖြစ်တယ်ဆိုရင် အကျိုးဆက်က တော်တော်လေးနက်ပါလိမ့်မယ်။

စာရွက်စာတန်းတွေထဲမှာနောက်ထပ်ဖော်ပြတာက အစ္စရေးက ယူကရိန်းကို လက်နက်ခဲယမ်းမီးကျောက် ထောက်ပံ့ဖို့ အလားအလာပါ။ အခုတော့ မဖြစ်သေးပါဘူး။ ဒါပေမဲ့ အမေရိကန်ကတော့ အဲဒီဖြစ်လာနိုင်ချေတွေ ကိုတွက်ဆနေပါပြီ။

ဒီပေါက်ကြားမှုတွေထဲမှာ တောင်ကိုးရီးယားကအကြောင်းလည်းပါဝင်ပါတယ်။ တောင်ကိုးရီးယားမှာ ယူကရိန်းကို စစ်ရေးအရပါထောက်ခံသူနဲ့ ကိုယ့်ပေါ်လစီနဲ့ကိုယ်ရပ်တည်လိုသူတွေအကြားသဘောကွဲနေပါတယ်။ ကိုယ့်ပေါ်လစီဆိုတာက စစ်ဖြစ်နေတဲ့နိုင်ငံတစ်နိုင်ငံကို စစ်လက်နက်ပစ္စည်းမထောက်ပံ့ဖို့ဆိုတာပါ။ အခု သူတို့ ဒီပေါ်လစီကို ဆွေးနွေးငြင်းခုံနေကြတယ်လို့ အမေရိကန်က ယုံကြည်နေပါတယ်။

ဒီပေါက်ကြားလာတဲ့ စာရွက်စာတန်းတွေထဲမှာ ရုရှားအကြောင်းလည်း ပါဝင်ပါတယ်။ ရုရှားက သူ့တပ်ဖွဲ့တွေ အနေနဲ့ နေတိုးက ယူကရိန်းစစ်မြေပြင်ပို့လိုက်တဲ့ တင့်ကားတွေကို ဖျက်ဆီးဒါမှမဟုတ် သိမ်းပိုက်နိုင်ခဲ့ရင် ဆုပေးမယ်လို့ ကြေငြာထားတဲ့အကြောင်းပါ။
ဝဂ္ဂနာ Wager အုပ်စု (ပုဂ္ဂလိက ကြေးစားစစ်ရေးတပ်ဖွဲ့) နဲ့ပတ်သက်တဲ့ သုံးသပ်ချက်လည်း ဒီစာတန်းတွေ ထဲမှာ ပါဝင်ပါတယ်။ ဝဂ္ဂနာက အာဖရိကမှာရှိတဲ့ အမေရိကန်အကျိုးစီးပွားတွေကို ဆန့်ကျင်တဲ့အလုပ်တွေလုပ် နေတယ် ဆိုတဲ့အချက်ပါ။ အမှန်က ဒါတွေက ထိပ်တန်းလျှို့ဝှက်ချက်တွေတော့ မဟုတ်ပါဘူး။

အခုပြဿနာက ဒီစာရွက်စာတန်းတွေကို ဘယ်သူက ဘာကြောင့် ပေါက်ကြားစေတာလဲဆိုတဲ့ပြဿနာပါ။ ရုရှားတွေက အမေရိကန်ကို အရှက်ကွဲစေချင်လို့လုပ်တာလား။ ဒါမှမဟုတ် အမေရိကန်တွေကိုယ်တိုင်ကဘဲ ယူကရိန်းအပေါ်ဖိအားတစုံတရာပေးချင်လို့ လုပ်သလား။ ဒါမှမဟုတ် တတိယအုပ်စုတခုခုက ဝါရှင်တန်ရဲ့ ဆက်ဆံရေးတွေနဲ့ လှုပ်ရှားမှုတွေအပေါ် သြဇာသက်ရောက်စေချင်လို့လားမသိနိုင်ပါ။

ဒါပေမဲ့ အမေရိကန်ရဲ့ မဟာမိတ်တွေအနေနဲ့ကတော့ အမေရိကန်နဲ့ ထောက်လှမ်း‌ရေးသတင်းတွေ အပြန် အလှန်ဖလှယ်တဲ့ကိစ္စအပေါ်မှာတော့ ပြန်လည်သုံးသပ်နေကြမှာတော့ သေချာပါတယ်။

ကိုးကား- Russia-Ukraine War: Leaked US Intel Reveals Ukraine’s Vulnerabilities | Vantage with Palki Sharma

zawgyi version
အေမရိကန္ေထာက္လွမ္းေရးရဲ႕ ထိပ္တန္းလွ်ိဳ႕ဝွက္ စာ႐ြက္စာတန္းမ်ားေပါက္ၾကားလာျပန္ျခင္း (ဘာသာျပန္ေဆာင္းပါး)
ေမာင္တင္ထြန္း (နတ္ေမာက္) (NP News) - ဧၿပီ ၁၂

အက္ဒြပ္စႏိုးဒင္ ေဖာ္လိုက္တဲ့ လွ်ိဳ႕ဝွက္စာ႐ြက္စာတန္းေတြကိစၥၿပီးတဲ့ေနာက္၊ အခုတစ္ဖန္ ထိပ္တန္းလွ်ိဳ႕ဝွက္ စာ႐ြက္စာတန္းေတြ တစ္ရာနီးပါးေပါက္ၾကားလာျပန္ပါၿပီ။ ေပါက္ၾကားလာတဲ့စာ႐ြက္စာတန္းေတြက ယူကရိန္း စစ္ပြဲအေၾကာင္းနဲ႔ ပဋိပကၡျပႆနာကို အေမရိကန္က ရႈျမင္သုံးသပ္ပုံေတြကို ေျမပုံေတြ၊ ဓါတ္ပုံေတြနဲ႔ေဖာ္ျပထား ပါတယ္။ အေရးႀကီးတဲ့ကိစၥက အေမရိကန္ေထာက္လွမ္းေရးက ႐ုရွားဖက္ကိုေရာ၊ ယူကရိန္းဖက္ကိုပါ ေထာက္ လွမ္းရရွိထားတဲ့ သတင္းအခ်က္အလက္ေတြပါဝင္ေနတာပါ။
ဒါေတြက လွ်ိဳ႕ဝွက္အဆင့္သတ္မွတ္ထားရွိတဲ့ သတင္းအခ်က္အလက္ေတြျဖစ္တာေၾကာင့္ အမ်ားျပည္သူကို အသိေပးလို႔မရတဲ့ အေမရိကန္အမ်ိဳးသားလုံၿခဳံေရး လွ်ိဳ႕ဝွက္ခ်က္ေတြပဲျဖစ္ပါတယ္။ သတင္းမီဒီယာေပၚမွာ ေပါက္ၾကားလာမႈမွာ၊ ဒါဟာယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး အေမရိကန္ရဲ႕ သုံးသပ္ခ်က္ေတြ အႀကီးဆုံးအမ်ားဆုံး ေပါက္ၾကားလာမႈပါပဲ။ ဒီအထဲမွာ အေမရိကန္ဟာ ယူကရိန္းရဲ႕ ေလေၾကာင္းရန္ကာကြယ္ႏိုင္စြမ္းကို မယုံၾကည္တာ၊ ယူကရိန္းအေနနဲ႔ မၾကာခင္မွာဘဲ ဒုံးပ်ံလက္နက္ ေတြကုန္ခမ္းသြားႏိုင္တာနဲ႔ ခ်က္ျခင္းေထာက္ကူတာ မလုပ္ခဲ့ ဘူးဆိုရင္ ဆိုးဆိုး႐ြား႐ြား ဆုံးရႈံးႏိုင္ေခ်ရွိတယ္လို႔ သုံးသပ္ထားတာေတြပါဝင္ပါတယ္။ အခုေတာ့ ဒီအခ်က္ေတြဟာ လွ်ိဳ႕ဝွက္ခ်က္ေတြမဟုတ္ေတာ့ပါဘူး။ စစ္ပြဲအေၾကာင္းေလ့လာသုံးသပ္ေနသူတိုင္း သိရွိကုန္ၾကပါၿပီ။

ဒါျဖင့္ ယူကရိန္းက စစ္ႏိုင္ေနတယ္လို႔ ဘာျဖစ္လို႔ အေမရိကန္ကလူသိရွင္ၾကား ေျပာေနတာပါလဲ။ အခု ေပါက္ ၾကားလာတဲ့ သတင္းေတြအရ ယူကရိန္းမွာ အားနည္းခ်က္ေတြရွိတယ္ဆိုတာ အေမရိကန္ေတြသိပါတယ္။ ယူကရိန္း မႏိုင္ႏိုင္ဘူးဆိုတဲ့ သူတို႔ရဲ႕သုံးသပ္ခ်က္ကလည္း အခုေတာ့ လွ်ိဳ႕ဝွက္ခ်က္မဟုတ္ေတာ့ပါဘူး။ ဒါဟာ အေမရိကန္အတြက္ စိတ္ကသိကေအာက္ျဖစ္စရာပါ။

စစ္ပြဲမွာ သတင္းအခ်က္အလက္ဆိုတာက လက္နက္တစ္ခုပါဘဲ။ သတင္းအခ်က္အလက္လုံၿခဳံဖို႔ ႏွစ္ဖက္လုံး က အထူးဂ႐ုျပဳထိန္းသိမ္းၾကရပါတယ္။ ဒါေၾကာင့္ ဒီေပါက္ၾကားမႈဟာလည္း ဆုံးရႈံးနစ္နာမႈတစ္ခုပါဘဲ။ အခုေျပာ ေနတာက သတင္းအခ်က္အလက္တစ္ခုတည္းေပါက္ၾကားမႈမဟုတ္ပါ။ ထိပ္တန္းလွ်ိဳ႕ဝွက္သတင္း အခ်က္အလက္ ေပါင္း ရာခ်ီေပါက္ၾကားတဲ့အေၾကာင္းကို ေျပာေနတာပါ။ ဒီအခ်က္အလက္ေတြဟာ အခုအခါ တြစ္တာ၊ ဖိုးခ်န္ (4Chan)နဲ႔ တယ္လီဂရမ္စတဲ့ မီဒီယာေတြမွာေပၚထြက္လာပါၿပီ။ ဒီသတင္းေတြကို ဘယ္သူက ဖြင့္ခ်လိုက္တာ လည္းဆိုတာေတာ့ မသိရေသးပါဘူး။ စာ႐ြက္စာတန္းေတြက ဓါတ္ပုံ႐ိုက္ထားတာပါ။ တစ္စုံတစ္ေယာက္က ဖိုင္ဖိုလ္ဒါထဲကထုတ္ၿပီး ဓါတ္ပုံ႐ိုက္ၿပီးေတာ့မွ အြန္လိုင္းမွာျဖန႔္ေဝလိုက္တဲ့ပုံပါပဲ။ အခု အေမရိကန္ေတြက ဖြင့္ခ်လိုက္တဲ့ ရင္းျမစ္ကို စုံစမ္းစစ္ေဆးေနပါတယ္။
ဖြင့္ခ်လိုက္တဲ့ လွ်ိဳ႕ဝွက္ခ်က္ေတြအမ်ားႀကီးထဲက ယူကရိန္းရဲ႕ ကိုယ့္ကိုကိုယ္ ကာကြယ္ႏိုင္စြမ္းနဲ႔ ပတ္သက္ တဲ့အေၾကာင္းကစၿပီး ေျပာၾကစို႔။ ယူကရိန္းမွာ စစ္လက္နက္ပစၥည္းေတြ ျပတ္လပ္ေနပါတယ္။ အထူးသျဖင့္ ေလ ေၾကာင္းရန္ကာကြယ္ဖို႔ ဒုံးပ်ံေတြပါ။ ဘယ္အခ်ိန္ကစျပတ္တာလည္းဆိုရင္ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလကတည္းကပါ။ ဒါေၾကာင့္ ဇာလန္စကီးဟာ စစ္လက္နက္ပစၥည္းေတြပို႔ေပးဖို႔ အေနာက္ႏိုင္ငံေတြဆီမွာ ထပ္တလဲလဲေတာင္းဆို ေနတာပါ။

ဒီသတင္းေပါက္ၾကားမႈေတြနဲ႔ပတ္သက္ၿပီး ယူကရိန္းစစ္ဗိုလ္မႉးႀကီးတစ္ေယာက္ကို‌ေမးၾကည့္ေတာ့ သူက တိ တိပပ မွတ္ခ်က္ေပးဖို႔ျငင္းဆန္ပါတယ္။ ဒါေပမဲ့ မဟာမိတ္ေတြအေနနဲ႔ အကူအညီအေထာက္အပံ့ေတြ အလ်င္ အျမန္ပို႔ေပးသင့္တယ္လို႔ဘဲ ေျပာပါတယ္။ တကယ္လို႔ ကြၽန္ေတာ္တို႔ဟာ ေဝဟင္တိုက္ပြဲမွာ ရႈံးနိမ့္မယ္ဆိုရင္ အက်ိဳးဆက္ေတြက ယူကရိန္းအတြက္အေတာ္ဆိုးမွာပါ။ အခုက အခ်ိန္ဆြဲရမယ့္ကာလမဟုတ္ပါဘူး လို႔ေျပာပါ တယ္။

ဒီေပါက္ၾကားလာတဲ့အခ်က္အလက္ေတြအရ အေမရိကန္ဟာ သူ႔ရန္သူေတြကိုေရာ မဟာမိတ္ေတြအေပၚကို ပါ ေထာက္လွမ္းေနတယ္ဆိုတာကိုပါေဖာ္ျပေနပါတယ္။ ဒါကို ကမာၻက အေစာကတည္းကသိထားပါတယ္။

ဒီစာ႐ြက္စာတန္းေတြထဲမွာ ကေနဒါရဲ႕ ဓာတ္ေငြ႕ပိုက္လိုင္းအေၾကာင္းလည္းပါဝင္ပါတယ္။ ေဖေဖာ္ဝါရီလထဲ တုန္းက ႐ုရွား ဟက္ကာအုပ္စုတစ္စုနဲ႔ အေပးအယူလုပ္ခဲ့တဲ့အေၾကာင္းပါ။ အေမရိကန္က အဲဒီအေၾကာင္းကို သိေန ပါတယ္။ အဲဒီဟက္ကာအုပ္စုကို ႐ုရွား FSB ကၫႊန္ၾကားမႈေပးတယ္လို႔ဆိုပါတယ္။ ႐ုရွား FSB ဆိုတာ သမၼတပူတင္ ဆိုဗီယက္ေခတ္က တာဝန္ထမ္းေဆာင္ခဲ့ဘူးတဲ့ KGB အဖြဲ႕ႀကီးပါဘဲ။
ဒီေပါက္ၾကားလာတဲ့ စာ႐ြက္စာတန္းေတြထဲမွာ အစၥေရးက ဝန္ႀကီးခ်ဳပ္နာတန္ညာဟူးရဲ႕တရားစီရင္ေရးစနစ္ ေျပာင္းလဲမႈကိုဆန႔္က်င္ဆႏၵျပတဲ့ ကိစၥလည္းပါဝင္ပါတယ္။ အဲဒီဆႏၵျပပြဲက ေတာ္ေတာ္ႀကီးက်ယ္ပါတယ္။ အေမ ရိကန္ပင္တဂြန္စစ္ဌာနခ်ဳပ္ရဲ႕အျမင္မွာ ဒါက အစၥေရးေထာက္လွမ္းေရးအဖြဲ႕ မိုဆတ္(MOSSAD)ကလုပ္တာလို႔ ျမင္ပါတယ္။ ဒီဆန္႔က်င္ဆႏၵျပပြဲရဲ႕ေနာက္မွာ မိုဆတ္ရွိတယ္လို႔ ပင္တဂြန္ကယုံၾကည္ပါတယ္။ သူ႔ရဲ႕ဝန္ထမ္းေတြနဲ႔ အစၥေရးႏိုင္ငံသားေတြကို ဒီဆႏၵျပပြဲမွာပါဝင္ဖို႔ အားေပးတိုက္တြန္းတယ္လို႔ ဆိုပါတယ္။ ဒါက ေတာ္ေတာ္အံ့ၾသဖို႔ ေကာင္းတဲ့အခ်က္ပါဘဲ။ တကယ္သာအမွန္ျဖစ္တယ္ဆိုရင္ အက်ိဳးဆက္က ေတာ္ေတာ္ေလးနက္ပါလိမ့္မယ္။

စာ႐ြက္စာတန္းေတြထဲမွာေနာက္ထပ္ေဖာ္ျပတာက အစၥေရးက ယူကရိန္းကို လက္နက္ခဲယမ္းမီးေက်ာက္ ေထာက္ပံ့ဖို႔ အလားအလာပါ။ အခုေတာ့ မျဖစ္ေသးပါဘူး။ ဒါေပမဲ့ အေမရိကန္ကေတာ့ အဲဒီျဖစ္လာႏိုင္ေခ်ေတြ ကိုတြက္ဆေနပါၿပီ။

ဒီေပါက္ၾကားမႈေတြထဲမွာ ေတာင္ကိုးရီးယားကအေၾကာင္းလည္းပါဝင္ပါတယ္။ ေတာင္ကိုးရီးယားမွာ ယူကရိန္းကို စစ္ေရးအရပါေထာက္ခံသူနဲ႔ ကိုယ့္ေပၚလစီနဲ႔ကိုယ္ရပ္တည္လိုသူေတြအၾကားသေဘာကြဲေနပါတယ္။ ကိုယ့္ေပၚလစီဆိုတာက စစ္ျဖစ္ေနတဲ့ႏိုင္ငံတစ္ႏိုင္ငံကို စစ္လက္နက္ပစၥည္းမေထာက္ပံ့ဖို႔ဆိုတာပါ။ အခု သူတို႔ ဒီေပၚလစီကို ေဆြးေႏြးျငင္းခုံေနၾကတယ္လို႔ အေမရိကန္က ယုံၾကည္ေနပါတယ္။
ဒီေပါက္ၾကားလာတဲ့ စာ႐ြက္စာတန္းေတြထဲမွာ ႐ုရွားအေၾကာင္းလည္း ပါဝင္ပါတယ္။ ႐ုရွားက သူ႔တပ္ဖြဲ႕ေတြ အေနနဲ႔ ေနတိုးက ယူကရိန္းစစ္ေျမျပင္ပို႔လိုက္တဲ့ တင့္ကားေတြကို ဖ်က္ဆီးဒါမွမဟုတ္ သိမ္းပိုက္ႏိုင္ခဲ့ရင္ ဆုေပးမယ္လို႔ ေၾကျငာထားတဲ့အေၾကာင္းပါ။

ဝဂၢနာ Wager အုပ္စု (ပုဂၢလိက ေၾကးစားစစ္ေရးတပ္ဖြဲ႕) နဲ႔ပတ္သက္တဲ့ သုံးသပ္ခ်က္လည္း ဒီစာတန္းေတြ ထဲမွာ ပါဝင္ပါတယ္။ ဝဂၢနာက အာဖရိကမွာရွိတဲ့ အေမရိကန္အက်ိဳးစီးပြားေတြကို ဆန႔္က်င္တဲ့အလုပ္ေတြလုပ္ ေနတယ္ ဆိုတဲ့အခ်က္ပါ။ အမွန္က ဒါေတြက ထိပ္တန္းလွ်ိဳ႕ဝွက္ခ်က္ေတြေတာ့ မဟုတ္ပါဘူး။

အခုျပႆနာက ဒီစာ႐ြက္စာတန္းေတြကို ဘယ္သူက ဘာေၾကာင့္ ေပါက္ၾကားေစတာလဲဆိုတဲ့ျပႆနာပါ။ ႐ုရွားေတြက အေမရိကန္ကို အရွက္ကြဲေစခ်င္လို႔လုပ္တာလား။ ဒါမွမဟုတ္ အေမရိကန္ေတြကိုယ္တိုင္ကဘဲ ယူကရိန္းအေပၚဖိအားတစုံတရာေပးခ်င္လို႔ လုပ္သလား။ ဒါမွမဟုတ္ တတိယအုပ္စုတခုခုက ဝါရွင္တန္ရဲ႕ ဆက္ဆံေရးေတြနဲ႔ လႈပ္ရွားမႈေတြအေပၚ ၾသဇာသက္ေရာက္ေစခ်င္လို႔လားမသိႏိုင္ပါ။
ဒါေပမဲ့ အေမရိကန္ရဲ႕ မဟာမိတ္ေတြအေနနဲ႔ကေတာ့ အေမရိကန္နဲ႔ ေထာက္လွမ္း‌ေရးသတင္းေတြ အျပန္ အလွန္ဖလွယ္တဲ့ကိစၥအေပၚမွာေတာ့ ျပန္လည္သုံးသပ္ေနၾကမွာေတာ့ ေသခ်ာပါတယ္။

ကိုးကား- Russia-Ukraine War: Leaked US Intel Reveals Ukraine’s Vulnerabilities | Vantage with Palki Sharma

Related news

© 2021. All rights reserved.